www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Thursday 19 May 2011

ကိုယ်ခြင်းစာနာတတ်သူ

လောကမှာ ကိုယ်ခြင်းစာနာတတ်ဖို့ အရေးကြီးလှပါသည် ဘာကြောင့်လည်းဆိုတော့ လောကမှာပြဿနာပေါင်းစုံ ဒုက္ခဆင်းရဲပေါင်းစုံဖြစ်ကြခြင်းသည်
ကိုယ်ခြင်းစာနာတတ်သည့် စိတ်ကလေးကို မထားတတ်ကြလို့ဖြစ်ပါသည် လောကမှာဘယ်လိုလူတွေသည်ကိုယ်ခြင်းမစာနာတတ်သ
နည်းမေးဖွယ်ရှိပါသည် ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကို ဦးစားပေးလုပ်တတ်သူများသည် ကိုယ့်ခြင်းစာနာစိတ်မထားတတ်ကြပါဘူးစာပေမှာ လာသည့်အတိုင်းပြောမယ်ရင်တော့ အတ္တကြီးသောသူသည်ကိုယ်ခြင်းစာနာတတ်သည့်
စိတ်ကိုမမွေးမြူးနိုင်ပါဘူး မိမိဖြစ်ချင်တာရယ် မိမိလုပ်ချင်တာရယ် မိမိ၏ကိုယ့်ကျိုးကိုသာသိတတ်ပါသည် စာရေးသူ၏ကိုယ်တွေ့
ခံစားချက်လေးပြောပြရမယ်ဆိုရင် စာရေးသူသည် ရဟန်းတစ်ပါးဖြစ်ပါသည် စာသင်သားဘဝမှာ ရဟန်းတော်များဖြစ်ပါလျက်နဲ့ ကိုယ်
ခြင်းမစာနာတတ် တကိုယ်ကောင်းဆံလုပ်တတ်သည့် ရဟန်းတော် တော်တော်များများကိုတွေ့ခဲ့ရပါသည် ထိုသူများသည် မိမိကိုယ့်
ချမ်းသာရင်ပြီးရော် သူတပါးဘာဘဲဖြစ်ဖြစ်ဆို့သည့်သူများဖြစ်ပါသည် အတော်ကိုကြီးတန်ရုပ်ဆိုးလှပါသည် ဘာကြောင့်လည်းဆိုတော့
အချင်းခြင်းကို စာနာထောက်ဆတတ်သောစိတ်မရှိသောကြောင့်ပါတည်း အတွေ့ကြုံလေးတစ်ခုကတော့ သိပ်ပြီးတော့ မကြီးကျယ်သလိုလို
ါပါဘဲ သို့သော်လည်း တကယ်စဥိးစားကြည့်မယ်ဆိုရင် အတ္တဟိတစိတ်ပရဟိတစိတ်မျှတမှုရှိမရှိဆန်းစစ်ကြည့်မယ်ဆိုရင်တော့
သိပ်မကြီးကျယ်ပေမဲ့ သိပ်ပြီးတော့အရေးပါတယ်လို့ စာရေးသူမြင်ပါသည် အတွေ့ကြုံလေးကတော့ စားသင်းသားဘဝတုန်းကပေါ့
ကိုင်းကုန်းကျောင်းတိုက်ကြီးမှာ နေစဉ်ပေါ့ ကျောင်းတိုက်ကြီးကအလွန်စည်းစနစ်ရှိပါတယ် အဓိကပြောချင်သည့် စည်းကမ်းလေးကိုသာ
ပြောမယ်ဆိုရင် စာသင်သားအာလုံးစိတ်ချမ်းသာဖို့အတွက်ချမှတ်ထားသည့် စည်းကမ်းလေးဖြစ်ပါတယ် မနက်၎ နာရီခွဲမှာ အိပ်ရာထကြရ၍
ဆွမ်းခံထွက်ကြရပါသည် ည၁၁နာရီမှာ သံဃာတော်များအိပ်ချန်ဟု ကျောင်းတိုက်စည်းမျည်းစည်းကမ်းအရချမှတ်ထားပါသည် ထိုအခါမှာ စာနာစိတ်ထားမရှိသူတချို့သည် ထိုစည်းကမ်းမလိုက်နာနိင်ကြပါဘူး ထိုသူများသည်
အိပ်ချိန် ၁၁ နာရီမှာ မအိပ်ကြဘဲ ဆူညံအောင်ပေါက်ရခြောက်ဆယ်စကားတွေပြောနေကြတယ်
သူတစ်ပါးတွေအိပ်နေပါသလားဆိုသည့် ကိုယ့်ခြင်းစာနာတတ်သည့်စိတ်ကလေးမထားနိုင်ကြဘူး လျှက်စစ်မီးပိတ်ချိန်ကိုလည်းထို ၁၁နာ
ရီမှာဘဲ စည်းကမ်းသက်မှတ်ထားတယ် ဒီစည်းကမ်းအရ အားလုံးစာနာထောက်ဆသောစိတ်ကောင်းရှိသူက မီးပိတ်ရင်လည်းဘဲ
မီးပိတ်သည့် သူကိုရန်လုပ်ပါတယ် ဒါတွေက သူ့အကျိုးကိုယ့်အကျိုးမျှမျှတတ စိတ်မထားတတ်သည့် သူတွေကြောင့် စိတ်ကောင်း
ရှိသည့်သူတွေ စိတ်ရောကိုယ်ပါဆင်းရဲဒုက္ခရောက်ကြရပါသည် အဲဒါကြောင့် လောကမှာ စာနာစိတ်ထားနိုင်ကြဖိှု့အရေးကြီးလှပါသည်
စာနာသည်ဆိုသည်မှာ စာရေးသူအမြင်မှာ သူတပါးကိုလည်း မိမိနင့်ထပ်တူစိတ်ထားတတ်ခြင်းကို စာနာတတ်သည်ဟုဆိုလိုပါသည်
မိမိသေမှာ ကြောက်သလို အခြားသူများလည်းကြောက်ကြမှာဘဲလို့ စာနာစိတ်ထားရမယ် မိမိချမ်းသာချင်သလို သူတပါးလည်း
ချမ်းသာချင်မှာဘဲဟု စိတ်ထားနိုင်ခြင်းသည် စာနာစိတ်ထားတတ်သူ စိတ်ကောင်းရှိသူဟုဆိုလိုပါသည် စာနာစိတ်ထားသည်ဆို
သည်မှာ လူအချင်းခြင်းသာ စာနာစိတ်ထားရမည်မဟုတ် သတ္တဝါအားလုံးအပေါ်မှာ မိမိနှင်တသားတည်းထပ်တူထပ်မျှစိတ်ထား
တတ်သူသည် စာနာစိတ်ထားစိတ်ကောင်းရှိသူဟုဆိုလိုပါသည် မိမိအလိုတစ်ခုတည်းသာကြည့်တတ်သော အတ္တသမားမဟုတ်ပါ
မိမိအကျိုးသူတစ်ပါးအကျိုးနှစ်ပါးလုံးကိုကြည့်တတ်သည့် သူသည်သာ စာနာစိတ်ထားစိတ်ကောင်းရှိသူဟု စာရေးသူမြင်ပါသည်
ထို့ကြောင့် စာနာစိတ်ထားတတ်သူဖြစ်အောင်ကြိုးစားနိင်ကြပါစေလို့ ဆန္ဒပြုရင်းဒီစာလေးကို အဆုံးနိဂုံးသက်လိုက်ပါရစေနော်

No comments:

Post a Comment

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget