www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Thursday 21 April 2011

အဆိုးလူသား

လောကမှာ ကောင်းဆုံးလူသားရှိသလို အဆိုးဆုံးလူသားဆိုတာလည်းရှိပါသည် အဆိုးဆုံးလူသားသည်မှာ အကြိုးအကြောင်း အဆိုး
အကောင်းမခွဲခြားနိုင်သည့်သူသည် အဆိုးဆုံးလူသားဟုဆိုလိုပါသည် အကြောင်းအကျိုးဆိုသည်မှာ သဘာဝအကြောင်းတရားကိုဆို
လိုတာပါ လောကမှာ အကြောင်းတရားကြောင့် အကျိုးတရားများဖြစ်ကြပါသည် ဥပမာ လူဖြစ်မယ်ဆိုကြပါစို့ လူဖြစ်ကြောင်းကုသိုလ်
ကံစေတနာလေးရှိနေသည့်အတွက်ကြောင့် လူဆိုသည့်သတ္တဝါဖြစ်လာခြင်းဖြစ်ပါတယ် လူဖြစ်ကြောင်းကုသိုလ်ကံမရှိခဲ့ဘူးဆိုရင် လူဆို
သည့်သတ္တဝါမဖြစ်လာနိုင်ပါဘူး လူဖြစ်ကြောင်းတရားတွေ အများကြီးရှိပါသည့် အထဲက လိုရင်းအချုပ်ကိုပြောရမယ်ဆိုရင် ကာမာဝစရ
ကုသိုလ်ကံစေတနာသည် အဓိကအကြောင်းတရားဖြစ်ပါသည် ထို့ကြောင့် လောကမှာ လူဖြစ်ချင်ရင် လူဖြစ်ကြောင်းကုသိုလ်ကံစေတ
နာများပြုလုပ်ကြမည်ဖြစ်ပါသည် လူထဲမှာမှ အထက်တန်းစားလူသား အလယ်လတ်တန်းစားလူသား အောက်တန်းစားလူသားဆိုပြီး
သုံးမျိုးကွဲပြားလာပါသည် အထက်တန်းစားလူးသားဆိုသည်မှာ သောတာပန်ပုဂ္ဂိုလ်စသောအရိယာသူတော်စဉ်ရှစ်ယောက်တို့ဖြစ်ပါသည်
အထက်တန်းလူသားဖြစ်ဖို့ ဆိုသည်မှာအကြောင်းတရားက တိဟိတ်မဟာကုသိုလ်စေတနာအကြောင်းတရားနှင့်လက်ရှိဘဝမှာအားထုပ်
မှုဝိပဿနာကုသိုလ်ကြောင့် အထက်တန်းစားဖြစ်ကြသည့်လူသားများဖြစ်ကြပါသည် ထို့ကြောင့် အောင်ထက်ဆုံးလူသားဖြစ်သောတာပန်
အဆင့်ထိ ရရှိသွားပြီဆိုရင် လောက၏အကြောင်းတရားအကျိုးတရားများကို သိသင့်သလောက် အယုံမှားသံသယကင်းစွာသိသွားပြီ
ထိုသို့သိသဖြင့် အကုသိုလ်ဖြစ်မည့်အကြောင်းတရားများကို လုံးဝမလုပ်တော့ဘူး မိမိအသက်သာသေခံမယ် သူတစ်ပါးအသက်ကိုဆို
အသေးစားဖြစ်သည့် ခြင် ယင် ပိုး လောက် ကိုတောင်မှ မသက်တော့ပါ ပါဏာတိပါတကံစသည့် ငါးပါးသီလကို လုံးဝလုံခြုံသွားပြီ
ဖြစ်ပါသည် ရုပ်နာမ်တို့၏အကြောင်းတရားအကျိုးတရားတို့ကိုလည်း ယုံမှားသံသယ ကင်းစွာသိမြင်သွားပြီဖြစ်ပါသည် ထို့ကြောင့် စိတ္တ
ခဏတိုင်းမှာ ဖြစ်နေပျက်နေသည့် ရုပ်နာမ်တရားတို့၏ ဖြစ်ပုံပျက်ပုံကိုလည်း ယုံမှားသံသယကင်းစွာသိမြင်ပါသည် ကုသိုလ်ကံ၏
အကြောင်းတရားသည် အလောဘ အဒေါသ အမောဟ အဓိကအကြောင်းတရားများဖြစ်၏ဟု ယုံမှားသံသယကင်းစွာသိပါသည်
အကုသိုလ်ကံဖြစ်ခြင်း၏အကြောင်းတရားသည် လောဘ ဒေါသ မောဟ ဟူသောအကြောင်းတရားများဖြစ်၏ ယုံမှားသံသယကင်းစွာ
သိပါသည် လောဘ ဒေါသ မောဟ စသောအကြောင်းတရားများသောကြောင့် မကောင်းမှုများဖြစ်ကြသည့် သူတစ်ပါးအသက်ကိုသက်
ခြင်း စသောအကုသိုလ်အကျိုးအရင်များဖြစ်ကြပါသည် အပါယ်သို့ ကျရောက်ခြင်းစသည့် ဆင်းရဲဒုက္ခများခံစားရခြင်းအကျိုးဆက်များ
ဖြစ်ကြသည့်ဟု ယုံမှားသံသယကင်းစွာသိပါသည် အလောဘ အဒေါသ အမောဟ အကြောင်းတရားများကြောင့်
ကောင်းမှုအလုပ်များဖြစ်ကြသည် လူပြည်နတ်ပြည်ချမ်းသာ နိဗ္ဗာန်ချမ်းသာအကျိုးဆက်များဖြစ်ကြသည်ဟု ယုံမှားသံသယကင်းစွာသိ
မြင်ပါသည် ထိုသို့အကြောင်းတရားအကျိုးတရားများကိုသိကြသည့်အတွက်ကြောင့် အထက်တန်းစားလူသားဟု ခေါ်ဆိုရပါသည်
အလယ်အလတ်တန်းစားလူသားဆိုသည်မှာတော့ အလောဘ အဒေါသအကြောင်းတရားနှစ်ပါးနှင့်တကွဖြစ်သောကုသိုလ်ကံကြောင့်
အလယ်အလတ်တန်းစားလူသားဖြစ်လာပါသည် သူမှာတော့ အကြောင်းအကျိုးခွဲခြားနိုင်သာအသိဥာဏ်ပါမလာပါဘူး ထို့ကြောင့်
အဆိုပါလူသားသည် အရာရာကိုကိုယ်ပိုင်ဥာဏ်ဖြင့် အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိပါဘူး မှားသည်မှန်သည်မခွဲခြားနိုင်သည့်
အတွက်ကြောင့် လောကကြီ့းပွားကြောင်းများမလုပ်နိုင်ပါ မိမိ၏ဘဝကြီ့းပွားတိုးတက်ကြောင်းများကိုလည်း ပြုလုပ်နိုင်စွမ်းမရှိပါဘူး
ထိုလူသားမျိုးကို မြတ်ဗုဓ္ဒကတော့လူမိုက်ဟု ဟောထားပါသည် အောက်တန်းစားလူသားဆိုသည်မှာ အကြောင်းတရားအကျိုးတရား
လုံးဝမသိတတ်ဘဲ အကုသိုလ်ကိုသာ အမြဲကျူးလွန်နေသည့် လူသားကိုဆိုလိုပါသည် ထိုလူမျိုးကို အဆိုးဆုံးလူသားဟုခေါ်ဆိုပါ
သည် အဆိုးဆုံးလူသားသည် ဒုဂ္ဂတိဘုံသို့သာအရောက်များပါသည် ထိုကြောင့်အဆိုးဆုံးလူသားမဖြစ်သင့်ပါ မဖြစ်အောင်ကြိုးစား
ကြပါဟု စာရေးသူ ဆန္ဒပြုပါသည် အဆိုးဆုံးသားဖြစ်မယ်ဆိုရင် လောက၏အဆိုးအကောင်း အကျိုးအကြောင်းများကို ဘာဆိုဘာ
မှမသိနိုင်ပါဘူး မသိသည့်အတွက်ကြောင့် ထိုသူ၏ဘဝမှာ လမ်းစရှာမရ လှုပ်လေမြုပ်လေ ဖြစ်ကါ ဘဝသံသရာမှာ ခေါင်းမဖော်နိုင်
သည့်လူသားမျိုးသာဖြစ်ရပါမည် ထို့ကြောင့် အဆိုးဆုံးလူသားဟုခေါ်ဆိုရပါသည် အဆိုးဆုံးလူသားများမဖြစ်ကြပါစေနဲ့ဆုတောင်းရင်း
ဒီစာလေးကိုနိဂုံးအဆုံးသက်ပါရစေ

Saturday 16 April 2011

နှစ်သစ်မင်္ဂလာ

လောကမှာ နှစ်သစ်မင်္ဂလာဆိုသည် ဘာသာတိုင်း လူမျိုးတိုင်းမှာ ရှိကြပါသည် သာသနာရှုထောင့်ကြည့်မယ်ဆိုရင် သာသနာပနှစ်သစ်
မင်္ဂလာ သာသနာအတွင်းနှစ်သစ်မင်္ဂလာဟု နှစ်မျိုးပြားလာပါသည် သာသနာပ မင်္ဂလာဆိုသည် ဘယ်ကဲ့သို့မင်္ဂလာမျိုးဖြစ်ပါသနည်းဟု
မေးမယ်ဆိုရင် အစဉ်လာအရသာလုပ်နေသည့် ဘာသာခြားတို့၏မင်္ဂလာမျိုးသာဖြစ်ပါသည် တနည်းပြောရမယ်ဆိုရင် မကြီးပွားကြောင်း
မပြည့်စုံကြောင်း လောကီလောကုတ္တရာစီပွားပျက်စီးကြောင်းမင်္ဂလာမျိုးကို သာသနာပနှစ်သစ်မင်္ဂလာဟု ဆိုလိုပါသည် ထိုမင်္ဂလာမျိုး
ပြုလုပ်သင့်သောမင်္ဂလာမျိုးမဟုတ်ပါဟု စာရေးသူမြင်ပါသည် ဘာကြောင့်လည်းဆိုတော့ သတ္တဝါများအတွက် ကောင်းကျိုးချမ်းသာ
ကိုမပေးစွမ်းနိုင်သောကြောင့်ဖြစ်ပါသည် ပြုလုပ်သင့်သောနှစ်သစ်မင်္ဂလာသည် သာသနာအတွင်းမင်္ဂလာမျိုးသာဖြစ်ပါသည် သာသနာ
အတွင်းမင်္ဂလာမျိုးဟူသည်မှာ မကောင်းမှုမှန်သမျှကို ပါယ်ပျောက်တတ်ပါသည် လောက၏ပြည့်စုံကြောင်း တိုးတက်ကြောင်း စီးပွား
ဥစ္စာရတနာများပြည့်စုံကြောင်းမင်္ဂလာသည် သာသနာအတွင်းမင်္ဂလာမည်ပါသည် ဘယ်ကဲ့သို့ မကောင်းမှုမှန်သမျှကို ပါယ်ဖျောက်တတ်ပါသနည်း မေးခဲ့မယ်ဆိုရင် ပူဇော်သင့်
ပူဇော်ထိုက်သော ရတနာသုံးပါးအား ယုံကြည်အားထားပူဇော်ခြင်းသည် ထိုယုံကြည်စိတ်လေးဖြစ်စဉ် မကောင်းမှုအကုသိုလ်၏
အရင်းအဖြစ်ကြသည့် လိုချင်သောလောဘစိတ် ဖျတ်စီးတတ်သောဒေါသစိတ် မသိခြင်းမောဟစိတ်များကို ပါယ်ဖျောက်နိုင်ပါသည်
ထိုသို့ပါယ်ဖျောက်စေနိုင်သည့် အတွက်ကြောင့် လောက၏ကြီးပွားကြောင်း တိုင်းတက်ကြောင်း ပြည့်စုံကြောင်းဖြစ်သောမင်္ဂလာသည်သာ သာသနာအတွင်းမင်္ဂလာမည်ပါသည် ဒါကြောင့် မိမိပြုလုပ်သည့်မင်္ဂလာသည် သာသာနာ
အတွင်းမင်္ဂလာဖြစ်ဖို့အရေးကြီးလှပါသည် ဘာကြောင့်အရေးကြီးပါသလဲဆိုတော့ လောကမှာ မကြီးပွားချင်သောသူ မိမိဘဝမတိုး
တက်ချင်သောသူ မပြည့်စုံချင်သောသူမရှိဟု စာရေးသူယုံကြည့်ပါသည် လူတိုင်းသည် မိမိရရှိလာသည့် ဘဝလေးမှာ ပျော်ပျော်ရွှင်ရွှုင်
နှင့် စီးပွားဥစ္စာပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင်နဲ့နေလိုကြပါသည် ထို့ကဲ့သို့ နေလိုဖြစ်လိုလျှင် ဘဝ၏ကြီးပွားတိုးတက်ကြောင်း
အောင်မြင်ကြောင်းများဖြစ်ကြသည့်အလုပ်များပြုလုပ်ရပါမည် ဘာကြောင့်ပြုလုပ်သင့်သလဲဆိုတော့ လောကမှာ အကြောင်းမရှိဘဲနဲ့ အကျိုးတရားဆိုတာမရှိနိုင်ဘူး
ဟု စာရေးသူမြင်ပါသည် အကြောင်းတရားမရှိဘဲနဲ့ ဘယ်အကျိုးတရားများ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူးဆိုတာ လူတိုင်းသိကြပါသည်
သို့အတွက်ကြောင့် လောကမှာ ချမ်းသာချင်ရင် ချမ်းသာရာချမ်သာကြောင်းဖြစ်ကြသည့်အလုပ်များလုပ်ကြရမည်သာဖြစ်ပါသည်
စီးပွားဥစ္စာများရချင်ရင်လည်း စီးပွားဥစ္စာရရာ ရကြောင်းအလုပ်များကိုလုပ်ကြရမည်ဖြစ်ပါသည် ဘာအလုပ်မှမလုပ်ဘဲနဲ့ ချမ်းသာချင်လို့
တော့ လုံးဝမဖြစ်နိုင်ပါဘူး ထို့ကြောင့် မလုပ်သင့်မလုပ်ထိုက်သည့်အလုပ်များကို ရှောင်ကြဉ်ပြီး လုပ်သင့်လုပ်ထိုက်သည့် သာသနာအတွင်းမင်္ဂလာအလုပ်များကို ကြိုးစားလုပ်ကြမှသာလျှုင် ဘဝ၏ အောင်မြင်ခြင်းများ ရရှိနိုင်မည်ဖြစ်ပါသည် ဟုစာရေးသူ
မြင်ပါသည် လူတိုင်းသည် မိမိရရှိထားသည့်ဘဝလေးကိုအောင်မြင်လာအောင် ကြီးပွားတိုးတက်လာအောင် ပြည့်စုံလာအောင်
ကြီးပွားတိုးတက်ကြောင်းဖြစ်ကြည်သည့် သာသာနာအတွင်းမင်္ဂလာများကို ပြုလုပ်နိုကြပါစေဟု ဆန္ဒပြုရင်း ဒီစာသားလေးကိုနိဂုံး
အဆုံးသက်ပါရစေနော်

Monday 11 April 2011

အယုံကြည်မလွယ်ပါနဲ့

လောကမှာ အယုံကြည်လွယ်သည့်အတွက်ကြောင့် ဒုက္ခ္ဒုရောက်သည့်သူများ မရေတွက်နိုင်လောက်အောင်များပြား လှပါသည်သိုသော်
လည်း သတိမမူသည့်အတွက်ကြောင့် ဖြစ်ကြည်သည်ဟုစာရေးသူမြင်ပါသည် သို့အတွက်ကြောင့်လောကမှာ ယုံကြည်မလွယ်ဖို့
အရေးကြီးလှပါသည် အယုံကြည်လွယ်မှုကြောင့်ဒုက္ခရောက်သူများရဲ့ ဥပမာ ကိုပြောမယ်ဆိုရင် အဇာသတတ်မင်းအကြောင်းကို
ကလေး လူကြီးအားလုံးသိကြသည့်အတိုင်းပါဘဲ အဇာသတတ်သည် အရှင်ဒေဝဒတ်၏ စကားကို ယုံကြည်လွယ်သောကြောင့်
တနည်းပြောမယ်ဆိုရင် သူတစ်ပါး စကားကို ဝေဖန်ပိုင်းခြာတတ်သောပညာ မှားသည်မှန်သည်ကို ခွဲခြားနိုင်သောအသိဥာဏ်မရှိသော
ကြောင့် အဇာသတတ်မင်းသည် အဖဖြစ်သူကိုရစ်ရစ်စက်စက် ညှင်းပန်းနှိပ်စက်သက်ဖြတ်ခဲ့ပါသည် ငရဲသို့လည်းကျရောက်ခဲ့ပါသည်
သောတာပတ္တိမဂ်တည်းဟူသောသူတော်ကောင်းတရားများနဲလည်းဝေသွားခဲ့ပါသည် ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုလိုက်ရှာမယ်
ဆိုရင် အယုံကြည်လွယ်သောကြောင့်ဖြစ်ပါသည် အဲဒါကြောင့်အယုံကြည်မလွယ်သင့်ပါဘူး အမှားသည်မှန်သည်ကိုနားလည်အောင်
ဝေဖန်သင့်ပါသည် လူမှု့ရေး စီးပွားရေး စသည့်အရေးပေါင်းများစွာမှာလည်း ယုံကြည်မှုတွေ မလွယ်ဖို့အရေးကြီလှပါသည် လူမှု့ရေးမှာ
အယုံကြည့်လွယ်တယ်ဆိုရင်လည်း လူလိမ်လူမိုက်တို့၏စကား အမှန်ထင်ပြီး ကျင့်သုံးမှိမယ်ဆိုရင် အခုပြောခဲ့သည့် အဇာတတ်မင်းကြီးဖြစ်သကဲ့သို့
သူတော်ကောင်းများနှင့်လည်းဝေ၊မည် အပါယ်ငရဲသို့လည်းကျရောက်နိုင်သည် သူတော်ကောင်းများကိုစော်ကါးမော်ကါးလုပ်မှိနိုင်သည် ထိုသို့ဖြစ်ခြင်းသည်
အမှားအမှန်ဝေဖန်ဆန်းစစ်နိုင်သည့် ဥာဏ်ပည်ာမပါသည့်ယုံကြည့်မှုကြောင့် ဖြစ်ပါသည် ဝေဖန်ဆုံးဖြတ်နိုင်သောပညာမပါသည့်
ယုံကြည့်မှုသည့် မပြည့်စုံသည့်ယုံကြည့်မှုသာဖြစ်ပါသည် အဲဒါကြောင့် အစစအရာရာ ဝေဖန်ပိုင်းခြားပြီးမှယုံကြည်သင့်ပါသည်
ထိုကဲ့သို့ မဟုတ်လျှင် ရှေ့ပညာရှိများပြောသကဲ့သို ဆင်ကင်း တောတိုးဖြစ်ပါလိမ့်မည် မျက်မမြင်သောဆင်ကြီးတစ်ကောင်သည်
တောနက်ကြီးထဲသွားမယ်ဆိုရင် လမ်းမှန်သို့လည်းမရောက်နိုင်ပါဘူး ခြောက်ကမ်းပါးသို့လည်း ကျရောက်နိုင်ပါသည် လောကမှာ
လည်း ဘာမှမသိသည့်သူသည် သူများပြောသမျှ ယုံကြည်နေမယ်ဆိုရင် ခြောက်ကမ်းပါးနှင့်တူသောအပါယ်ငရဲသို့ကျရောက်နိုင်
ပါသည် လမ်းမှား လမ်းမှန်ကိုမသိသောကြောင့် မိမိလိုရာခရီးသို့လည်းမရောက်နှိုင်ပါဘူး ဒါကြောင့်လောကမှာ အယုံကြည်လွယ်
ခြင်းသည်လည်း ဘဝ၏ ရှုံးဆုံးကြောင်းဖြစ်ပါသည်ဟု စာရေးသူမြင်ပါသည် လောကမှာ ပြောနေကြသည် လူယုံသက်လို့သေ
တတ်သည်ဟုပြောကြပါသည် ထိုစကားသည်မှန်ပါသည် လောကမှာ အယုံကြည်လွယ်လို့လူယုံသက်ခြင်းကို ခံရပါသည် ထိုကဲ့သို့
သက်ခံရခြင်း တစ်ဘဝသာသေရမည်ဖြစ်ပါသည် ဘာသာရေးကို အယုံကြည့်လွယ်မယ်ဆိုရင်တော့ ယူမှားပြီးအတွေးခေါ်တွေပါမှားသွား
မယ်ဆိုရင်တော့ တစ်ဘဝသာမက ဘဝဆက်တိုင်း တစ်သံသရာပတ်လုံး အသက်ခံရမည်ဖြစ်ပါသည် အရှင်ဒေဝဒတ်ကိုကြည့်ပါ
သူသည် အတွေးခေါ်မှား အယူမှားတွေကြောင့် ဘဝဆက်ဆက်တိုင်းဒုက္ခရောက်ခဲ့ပါသည် နောက်ဆုံးအပါယ်ငရဲကျရောက်သည့် အထိ အဆက်ဆက်သက်ခံရပါသည်ဘဝ၏ရှုံးပျက်စီးခြင်းသိုရောက်ရှိခဲ့ပါသည် ဘဝ၏
အောင်မြင်မှုပန်းတိုင်ကြီးနှင့်လည့်းဝေခဲ့ပါသည် အဲဒါဘာကြောင့်
ဘာသာရေးမှာ မှားသည်မှန်သည်ဟု မဝေဖန်မဆုံးဖြတ်နိုင်သောကြောင့်ဖြစ်သည့်ဟု လူတိုင်းသိနိုင်ပါသည် ထို့ကြောင့်အမှားအမှန်
ကိုဝေဖန်နိုင်သောပညာရှိဖို့ ပညာရှိသူတော်ကောာင်းများကိုဆည်းကပ်သင့်ပါသည် ကိုယ်တိုင်လည်းဆုံးဖြတ်ဝေဖန်နိုင်လာအောင်
ဗဟုသုတရှာသင့်ပါသည် စာအုပ်စာပေများဖတ်သင့်ပါသည် ဟုစာရေးသူမြင်ပါသည် သို့မှသာလျှင် မှန်သည်ကို မှန်သည်ဟုသိပြီး
မှားသာည်မှားသည်ဟု လောကသဘာဝအမှန်ကိုသိပြီး နည်းမှန်လမ်းမှန်သို့ရောက်ပြီး မိမိသို့လိုရာ ခရီးပန်းတိုင်သို့
အရောက်လှမ်းနိုင်မည်ဖြစ်ပါသည် ဘဝ၏အထွဋ်အထိပ်သို့ရောက်မည်မှာလည်းသေချာလှပါသည် ဟုစာသူမြင်ပါသည် မြင်သည့်
အတိုင်းလည်း ရောက်ရှိနိုင်ပါစေဟုဆန္ဒပြုရင်းဒီစားလေးကို နိဂုံး အဆုံးသက်လိုက်ပါရစေ

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget