www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Friday, 25 February 2011

တာဝန်ကိုသိသောသူ

လောကမှာ တာဝန်ဆိုတာဘာလဲဆိုရင် လုပ်သင့်သည်အလုပ်မျိုးမဟုတ်ပါ..မဖြစ်မနေလုပ်ရမည့်အလုပ်မျိုးကို
ဆိုလိုတာပါ..ဒါဆိုဘယ်အလုပ်များပါလဲဟုမေးခဲ့ရင်..တာဝန်.ဆိုသည်မှာ.လူဆိုရင်လူရဲ့တာဝန်.လောကတာတာဝန်များရှိ
ကြပါသည်..မိဘ၏တာဝန်..ဆရာ၏တာဝန်..သာသ္မီး၏တာဝန်..တပည့်၏တာဝန်..ခင်မွန်း၏တာဝန်..ဇနီး၏
တာဝန်..ရဟန်းတော်များ၏တာဝန်..ဒကာ.ဒကာမများ၏တာဝန်ဟု..အသီးသီးရှိကြပါသည်။..ထိုအများကြီးထဲ
မှ..သားသ္မီးများ၏တာဝန်များကိုပြောကြည့်ရအောင်..ကျွေးမွေးမပျက် ဆောင်ရွက်စီမံ အမွေခံထိုက်စေ အလှုမျှ
ဝေ၍.စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့သာဆိုသည့်တာဝန်များသည်..ကျင့်သင့်သော
တာဝန်မျိုးသာမဟုတ်ပါ  ဧကန်မုချကျင့်ရမည့်တာဝန်ဖြစ်ပါတယ် မိဘများသည်သားသ္မီးအတွက်ပေးဆက်ခဲ့ရသောကျေးဇူးများမှာ အနန္တ.တိုင်းတာခြင်းငှာမစွမ်းနိုင်ပါဘူး အဲဒါကြောင့်
ကျေးဇူးဆက်သင့်သည်သာမဟုတ် ကျေးဇူးမဖြစ်မနေဆက်ရပါမည်ဖြစ်ပါသည် ဆက်သင့်သည်ဟုသာ
ပြောမယ်ဆိုရင် တာဝန်မဟုတ်တော့ပါဘူး ဝတ္တရားမျိုးဖြစ်သွားပါလိမ့်မယ် ဝတ်တရားဆိုသည်မှာလုပ်နိုင်
မှလုပ်မလုပ်နိုင်ရင်လဲ သိပ်အရေးမပါလှပါဘူး..တာဝန်ဆိုသည်မှာ ဝတ်တရားမျိုးကဲ့သို့ လုပ်သင့်မှာလုပ်
လုပ်မည့် ကျင့်ဝတ်မျိုးမဟုတ်ပါဘူး မဖြစ်မနေလုပ်ရမည့်တာဝန်မျိုးသာဖြစ်ပါသည် ဒါဆိုမလုပ်ရင်ကော
ဘယ်လို့အကျိုးအပြစ်များသက်ရောက်နိုင်ပါသလဲဆိုသည့်မေးခွန်များ မေးလာနိုင်ပါသည် လောကမှာ
ကြွေးယူပြီးပြန်မပေးဘူးဆိုရင် ဘယ်လိုအကျိုးအပြစ်ဖြစ်နိုင်သလဲဆိုတာအရင်စဉ်းစားကြည့်ရအောင်
လက်ရှိဘဝမှာဘဲ မင်းဘေးမင်းဒဏ်အပေးခံရမယ် တမလွန်ဘဝမှာလဲမိမိယူထားသည့်အကြွေးကို
သခင်ထံမှာ တိရိစ္ဆာန်ဖြစ်၍သော်လည်ကောင်း လူဖြစ်မယ်ဆိုရင်လဲ ကျေးကျွန်အဖြစ်နဲ့အကြွေးမကျေ
မခြင်းဆက်မယ် ဆိုသည့်အကျိုးအပြစ်များကိုခံစားရမယ်ဆိုသည်မှာမြေကြီးလက်ခက်မလွဲပါဘဲ
အခုပြောခဲ့သည့်အကြွေးဆိုတာ မိဘကျေးဇူးနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဘာမှမပြောပလောက်သေးပါဘူး
အဲဒါကြောင့်မိဘကျေးဇူးကို မဆက်ဖြစ်ဘူးဆိုရင်တော့အလွန်အမင်းကြီးလေးသောအကျိုးအပြစ်များကို
ရရှိခံစားကြရမယ်ဆိုတာ သင်နားလည်ဖို့လိုပါသည် ကျေးဇူးများကိုသားသ္မီးကျင့်ဝတ်ရှိသည့်အတိုင်းဆက်
မယ်ဆိုရင်ကော ဘယ်လို့အကျိုးများရရှိခံစားရမလဲဆိုရင်တော့ မြတ်ဗုဒ္ဓသည် မင်္ဂလာသုတ်ပါဠိတော်မှာ
ဟောဖော်ညွန်ကြားထားသည့်အတိုင်းပါဘဲ..မေ့နေမှာစိုးလို့သတိပေးလိုက်အုံးမယ်နော်..မာတာပိတုဥပဋ္ဌာနံ
..ဧတံမင်္ဂလမုတ္တမံ ဟုဟောထားတာရှိပါသည် ဧတံ=သားသ္မီးတာဝန်ကျေပြွန်အောင်ကျေးဇူးသိတတ်ခြင်း
သည် ဥတ္တမံ=ကြီးပွားကြောင်းမြတ်လှပါပေ၏ .ကြီးပွားကြောင်းတရားပါ.ဥတ္တမ-အမြတ်တရားပါ။ တနည်း
အားဖြင့်ဘာသာပြန်မယ်ဆိုရင်.အထက်တန်းစားလူများ၏အကျင့်မြတ်ဖြစ်ပါတယ် သားသ္မီးတာဝန်ကိုကျေပြွန်
အောင်ဆောင့်ရွက်မယ်ဆိုရင် ဒီဘဝမှာလဲပညာရှိသူတော်ကောင်းများချီးကျူးခံရမယ် နောက်နောင်ဘဝ
သံသရာမှာလည် အမြတ်ဆုံးအထက်တန်းစားလူ့ဘဝနတ်ဘဝသို့လားရောက်ခံစားရမယ်ဆိုသည့်အကျိုး
များရရှိမယ်  ထိုကြောင့်မိမိတာဝန်ကိုကျေပြွန်လုပ်ကြဖို့အရေးကြီးပါသည် သားသ္မီးကျင့်ဝတ်ထဲမှာအရေး
ကြီးတာလေးပြေချင်တာက စောင့်လေမျိုးနွယ်ဆိုသည့်အချက်လေးနည်းနည်းပြောချင်ပါတယ် ဒီအချက်
လေးကပိုအရေးကြီးတယ်လို့စာရေးသူအနေနဲထင်မြင်နေမိပါသည် အမျိုးနွယ်ကိုတန်ဖိုးမထားဘဲ မိမိနှင့်
အမျိုးဘာသာမတူညီသည့် သူများနဲ့ဘဝတလျှောက်လုံးလက်တွဲသွားသူများ ငွေဂုဏ် ပကာသနအထင်
ကြီးပြီး မိမိတာဝန်တွေကိုမလေးစားမလိုက်နာသော သားသ္မီးများရှိနေသည်မှာ အမျိုးဘာသာအတွက်အ
လွန်ပင်ဝမ်းမသာစရာပါ ဒါကြောင့်တာဝန်သိသောလူဖြစ်ဖို့အရေးကြီးလှပါသည် တချို့သူများသည်
စကားပြောတာကတော့ သာသနာဝန်ထမ်း နိုင်ငံဝန်ထမ်းဆောင်မယ်ဟုကြီးကြီးကျယ်ကျယ်ပြောတက်ကြ
ပါသည်သို့တော်လည် မိမိနှင့်သာဆိုင်သောမိမိ၏တာဝန်အနည်းငယ်လေးတောင်မထမ်းဆောင်နိုင်ကြပါ
ဘူး လောကကြီးမှာ ကိုယ့်တာဝန်သာကိုကျေပွန်အောင်ထမ်းဆောင်နိုင်ကြမယ်ဆိုရင်ဘာပြဿနာမှ
ဖြစ်မှာမဟုတ်ပါဘူး စကားကြီးစကားကျယ်ပြောတတ်သူတွေကပိုဆိုးတယ် စာရေးသူ၏ကိုယ့်တွေ့လေးတင်
ပြလိုက်ပါရစေ ဘာလဲဆိုတော့ နိုင်ငံဝန်ထမ်းမယ်ဆိုပြီးလူထင်ကြီးအောင်နိုင်ငံရေးလုပ်သလိုလိုနဲ့အော်
ကြီးအစ်ကျယ်လုပ်နေတဲ့သူတစ်ယောက်ပါ နိုင်ငံတာဝန်တော့ထမ်းဆောင်နိုင်ပါ့မလားမသိပါဘူး ထမင်းစား
ပြီးတော့ကိုယ်စားသည့်ပုဂံပြားလေးတောင်မဆေးကျောနိုင်ဘူး မဆေးဘဲပစ်ထားလိုက်တယ်လေ စာရေး
သူကပြောပါတယ် မင်းပြောတော့အများအကျိုးအတွက်နိုင်ငံရေးလုပ်နေတယ်ဆိုကွ ကိုယ်စားသည့်ပုဂံ
ပြားလေးတောင်မဆေးကျောနိုင်ဘူးကွ ပြောလိုက်တယ် ဒီတော့သူကမကြည့်သည့်မျက်လုံးကြည့်ပြီး
ဘာဆိုင်လို့လဲကွ စားရေးသူကိုပြန်ပြောပါသည် စားရေးသူကဆိုင်တာပေါ့ကွ ကိုယ့်နှင့်သာဆိုင်သည့်ကိုယ်
တာဝန်ကိုတောင်မလုပ်နိုင်ဘူးဆိုရင် သူများအတွက်မင်းဘယ်လို့လုပ်နိုင်မှာလဲဟုချေပစကားပြောခဲ့ပါသည်
ဒါကြောင့်လောကကြီးမှာ ကိုယ့်တာဝန်လေးကိုသိဖို့နဲ့ကျေပွန်အောင်ထမ်းဆောင်နိုင်ကြမယ်ဆိုရင် အရာ
အားလုံးအောင်မြင်နိုင်မယ်ကြီးပွားတိုးတက်နိုင်မယ်လို့ စာရေးသူအနေနဲ့မြင်ပါသည် သို့အတွက်ကြောင့်လောကမှာတာဝန်သိ
ပြီးမိမိတာဝန်မိမိကျေပွန်အောင်ထမ်းဆောင်နိုင်ကြပါစေလို့ဆုတောင်းပြီးရေးသားလိုက်ရခြင်းဖြစ်ပါသည်။

No comments:

Post a Comment

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget