www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Monday, 14 February 2011

သဘာဝအလှ

သဘာဝဆိုတာ အမြဲထာဝရမှန်နေသည့်အရာအားလုံးကိုဆိုလိုတာပါ တမျိုးပြောမယ်ဆိုရင် လုံးဝမရိုးနိုင်တဲ့အရာအားလုံးကိုဆိုလိုတာပါ ဥပမာ နှင်းဆီပန်းပွင့်လေးတစ်ပွင့်ဆိုကြပါဆို့ သူ့ရဲ့ပင်ကိုယ်အလှဟာ  ဖန်တီးထားသည့် အလှမဟုတ်ဘူးဆို တာလူးတိုင်းသိကြပါတယ်
ထိုနှင်းဆီပန်းလေးကိုမြင်သူတိုင်းက နှစ်သစ်ကြတယ်ဆိုတာလဲ ပင်ကိုယ်သဘာဝပါဘဲ သူ့ရဲ့မွှေးရနုံ့ဟာလည်း
ပင်ကိုယ်သဘောလေးပါ ဒီသဘောလေးကို သဘာဝရဲ့အဓိပ္ပါယ်ဟုဆိုလိုတာပါ ဒီလောက်ဆို သဘာဝရဲ့သဘောလေးကိုသိနားလည်လောက်ပါပြီ
အလှဆိုတာကတော ဘယ်သောအခါမှမရိုးနိုင်သည့် အလှမျိုးကိုဆိုလိုတာပါ သူမှာရှိသည့်ဂုဏ်သတ္တိအတိုင်းလှနေသောအရာအားလုံးကိုဆိုလိုတာပါ ဥပမာ စိတ်ကူးနဲ့ဖန်တီးထားတဲ့အလှဆိုကြပါစို့ စိတ်ကူးနဲ့ပြုလုပ်ထားသည့်အလှသည် ဘယ်လောက်ဘဲလှတယ်ပြောပြော တစ်နေ့ပျောက်ကွယ်သွားမှာသေချာတယ်ဆိုတာလည်းလူတိုင်းသိ ကြပါတယ် ဖန်တီးထားတဲ့အလှတရားဖြစ်သောကြောင့်လူတိုင်းကမနှစ်သစ်ကြပါဘူး ဖန်တီးထားတယ်မသိတဲ့သူသာ နှစ်သစ်ကြမယ် ဖန်တီးထားတယ်လို့သိရင်တော့ သိတဲ့လူတိုင်းကမနှစ်သက်ကြပါဘူး ဘာကြောင့်မနှစ်မျို့ကျသလဲဆိုတော့ ဖန်တီးထားသည့်အရာဖြစ်နေသောကြောင့်ဖြစ်ပါတယ်

အခုပြောသည့်အလှက အဲ ဒီလိုစိတ်ကူးအလှမျိုးမဟုတ်ပါဘူး  နှင်းဆီပန်းလေးရဲ့အလှတရားကိုကြည့်ပေါ့
သူ့ရဲ့အလှတရားသည်စိတ်ကူးနဲ့ဖန်တီးတာမဟုတ်သောကြောင့်လူတိုင်းကနှစ်သစ်ကြသည်မဟုတ်ပါလော့ဗျာ
ဒါကြောင့်လောကမှာ ဟန်ဆောင်မှုတွေနဲ့ အလှတရားတွေဖန်တီိးမယူမှိဖို့အရေးကြီးပါတယ် တချို့သူများမိမိမှာဘာမှ မရှိသည့်ဂုဏ်တွေကိုရှိတယ် လို့ ကြွားဝါလျက်နေကြပါတယ် ဥပမာပြောမယ်ဆိုရင်
ူလူတိုင်းသိကြသည့်ဒေါင်းရောင်ဆောင်သောကျီတစ်ကောင်ရဲ့ဖြစ်ရပ်လေးတစ်ခုလိုပေါ့သူသည်အရောင်ဆောင်ဖန်တီးထား
တာဖြစ်သောကြောင့်အရှက်တကွဲအကျိုးနည်းဖြစ်ရတာပါ အဲဒါကြောင့်လောကမှာဟန်ဆောင်ပြီးဂုဏ်တွေကိုမဖန်တီးမှိဖို့အရေးကြီးပါတယ်
သဘာဝအလှကိုသာတန်ဖိုးထားနိုင်ဖို့အရေးကြီးပါတယ်ဆိုသည့်အကြောင်းသိကောင်းစရားသိသင့်သာတယ်ထင်လို့ရေးသားခြင်းဖြစ်ပါတယ်
ပင်ကိုယ်သဘာဝအလှသည်သာထာဝရအလှပါ
အရောင်ဆောင်အလှသည်ခဏအလှပါ၊






No comments:

Post a Comment

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget