www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Monday 28 May 2012

လောကမိခင်စာကြည့်တိုက်

        မဟာချိုင်နေဝစ် လောကမိခင်ပညာဒါနသင်တန်းကျောင်း ဝေယျာဝစ္စအသင်းမှ ဦးစီးဦးဆောင်ပြုလျက်
၁၃၇၄-ခုနှစ်(5-28-2012)တနင်္လာနေန့တွင်လောကမိခင်စာကြည်တိုက်ကို တင်ဖွင့်လျှစ်ခဲ့ပါသည်။ ကျောင်းသူကျောင်းသားနှင့် အခြား
စာပေဝါသနာရှင်များ ဖတ်ရှုကြပါသည် စာအုပ်များမှာ ဘာသာရေး ပညာရေး ကျမ်းမာရေး အသိများရစေမည့်
စာအုပ်များသာဖြစ်ပါသည်။ အခုမှ စတင်တည်ထောင်သည်သာ ဖြစ်သောကြောင့် စာအုပ်များ အလွန်နည်းပါးပါသည်။
သို့ဖြစ်ပါ၍ စာအုပ်လှူဒါန်းလိုသူများ မည်သူမဆို လှူဒါန်းအားပေးနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
    လောကမိခင်စာကြည့်တိုက် စတင်တည်ထောင်ရခြင်း၏ ရည်ချက်များမှာ ဘာသာသာသနာနှင့်ဝေနေ
သောရွှေ့ပြောင်းအလုပ်သမားများနှင့် စာပေဝါသနာရှင်များ ဘာသာရေးအသိဥာဏ်များရစေရန်နှင့် လက်မှု့ပညာ နုပ်မှု့ပညာလောကီပညာအဖျာဖျာတို့ကို
ရရှိစေရန် စိတ်ရည်သန်၍ လောကမိခင်ပညာဒါနသင်တန်းကျောင်း ဝေယျာဝစ္စအသင်းမှ ဦးဆောင်လျက်
လောကမိခင်စာကြည့်တိုက်ကို ဖွင့်လျှစ်ခဲ့ခြင်း ဖြစ်ပါသည်။
       လောကမိခင် အမည်နာမပေးခြင်း၏ အကြောင်းမှာတော့ အများသိပြီးသားဖြစ်ကြသည့်အတိုင်းပါပဲ စာကြည့်တိုက်မှ စာပေသည် လောကကိုစောင့်ရှောက်နိုင်ပါသည် ဘာကြောင့်ဆိုတော့ လောကလူငယ်အပေါင်း
ကိုအသိဥာဏ်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။ လူငယ်မျိုးဆက်သစ်တို့၏ စိတ်ရိုမ်းတွေကို လိမ္မာလာအောင်
ပြုပြင်ပေးနိုင်ခြင်းသည် လောကကို ကောင်းမွန်လာအောင် စောင့်ရှောက်ပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့်
လောကဥပမာနဲ့ပြောမယ်ဆိုရင် သားကောင်းရတနာ သမီးကောင်းရတနာများဖြစ်လာအောင်စောင့်ရှောက်
ပေးသည့် မိခင်နဲ့တူပါတယ် ဒါကြောင့် လောကမိခင်စာကြည့်တိုက်ဟုအမည်နာမပေးခဲ့ခြင်းဖြစ်ပါသည်။

Monday 21 May 2012

ရယူခြင်းနဲ့ ပေးဆက်ခြင်း

လောကမှာ နှစ်ခုယှဉ်နေတတ်ပါတယ် ကောင်းတဲ့သဘောတရားတွေရှိသလို မကောင်းသည့်သဘောတရား
တွေလည်းရှိပါသည်။ တစ်ခုနှင့် တစ်ခု ဆန့်ကျင့်မှုသဘောလေးတွေနဲ့ယှဉ်တွဲနေရတတ်ပါတယ် ဥပမာ လူမှန်
ရင် တစ်ယောက်တည်း မနေနိုင်သလိုပါဘဲ အနည်းဆုံးတော့ နှစ်ယောက်ရှိမှအဆင်ပြေတယ်လေနှစ်ယောက်
မှာလည်း အမြဲဆန့်ကျင့်နေရမယ် အဲဒါမှ ထိုသူတို့ဘဝမှာ တိုးတက်လာတယ် အရည်ချင်းတွေတိုးတက်လာမယ်
ဆန့်ကျင်ဘတ်အဖော်မရှိဘူးဆိုရင် ထိုသူဘဝမှာ မတိုးတက်လာနိုင်ပါဘူး မရင့်ကျက်လာပါဘူး အဲဒါကြောင့်
လောကမှာ မိမိဘဝ တိုးတက်အောင်မြင်ဖို့အတွက် အမြဲဆန့်ကျင်ဘတ်လုပ်တတ်သည့်သူလိုအပ်ပါတယ်
လောကနိယာမအနေနဲ့ ဖြစ်တတ်သည့် သဘာဝတရားလေးတွေကို လူတိုင်းလူတိုင်း မမေ့ထားစေချင်ပါဘူး
ကိုယ့်ဘဝ တိုးတက်လာခြင်းသည် ဘာကြောင့်လည်း မိမိကိုယ်ကို မိမိ ပြန်မေးကြည့်ရင် တစ်စိပ်တဒေသအ
နေနဲ့ ဆန့်ကျင့်ဘတ်လုပ်တတ်သည့် အပေါင်းအဖော်တွေကြောင့် ဖြစ်ပါတယ် အဲဒါကြောင့် သဘာဝတရား
တွေက အစုံလိုက် အတွဲလိုက်ရှိနေပါတယ် ဒီသဘောလေးကို လူတိုင်းနာလည်စေချင်ပါတယ် အဲဒါကြောင့်
အခုပြောချင်တဲ့ ရေးလိုသည့် အကြောင်းအရာလေးကတော့ ရယူခြင်းနှင့် ပေးဆက်နိုင်ခြင်း ဆန့်ကျင်ဘက်
အနေအထားနဲ့ တွဲနေသည့် သဘာဝတရားလေးပါ ရယူခြင်းသဘောက စာပေလာသည့် အတိုင်းပြောရရင်
လောဘလို့ခေါ်ဆိုရသည့် လိုချင်မှုသဘောတရားဖြစ်ပါသည် အရာရာတိုင်းကို မိမိဘဲ ပိုင်ဆိုင်ချင်တယ်
ရယူလိုတယ် ဘယ်သူသေသေ ငတေမာရင်ပြီးရော်ဆိုသည့် လောကဆိုရိုးစကားအတိုင်းဖြစ်ပါတယ်
လုံးဝ လက်မခံနိုင်လောက်အောင်ဆိုးပါတယ် အဲဒါကြောင့် လူတွေက လက်ခံနိင်သည့် သဘာဝကိုရှာလာ
ကြပါသည် ဗိုလ်ကျတာလက်မခံနိင်တော့ ဗိုလ်မကျတတ်သည့် အနင့်နာခံပေးဆက်တတ်သည့် သဘာဝ
တရားကိုရှာလာကြသည် စာမှာတော့ အလောဘလို့ဆိုပါတယ် လူတိုင်းနာလည်အောင်ပြောမယ်ဆိုရင်တော့
လောကဥပမာနဲ့ ပြောရင်တော့ မိခင်စိတ်လိုပါဘဲ သားသမီးတွေအပေါ်မှားထားသည့် မိခင်စိတ်ဓာတ်သည်
ပေးဆက်မှုအပြည့်အဝထားသည့် စိတ်ပါဘဲ အဲလိုစိတ်ဓာတ်မျိုး လူသားတိုင်း လောကကြီးအပေါ်မှာထားနိင်
ကြမည်ဆိုရင် သိပ်ကောင်းမှာဘဲ လောကလူသားတွေအပေါ် မိမိ၏ ရင်သွေးပမာထားနိုင်ကြမယ်ဆိုရင်
တကယ့်ပေးဆက်ခြင်းနှင့်ပြည့်ဝသည့် စိတ်ပါဘဲ ဒီစိတ်ဓာတ်မျိုး ရှိသူကို လောကမှာ လူရော နတ်ပါ
ကောင်းချီးပေးကြရသည်ဖြစ်ပါသည် ဘာကြောင့်လည်းဆိုတော့ ရိုးရိုးရှင်းရှင်းလေးပြောကြမယ်တွေးကြမယ်
ဆိုရင် လူတိုင်းလက်ခံနိုင်အောင် နေတတ်လုပ်တတ်ပြောတ်လို့ပါဘဲ လောကမှာ ဘာပဲလုပ်လုပ် လူအများ
လူတိုင်းလက်ခံနိုင်အောင်လုပ်ဖို့ အရေးကြီးလှပါသည်။ မိမိလုပ်သည့်လုပ်ရပ်ပေါ်မှာ မိမိပြောသည့် အပေါ်မှာ
လူအများလက်ခံလာအောင် အကောင်းဆုံးဖြစ်လာအောင် သားသမီးများအပေါ်မှာ ထားသည့် မိခင်စိတ်
ဓာတ်မျိုးနှင့်တူသော ပေးဆက်တတ်သည့်နှစ်လုံးသားကို ပိုင်ဆိုင်သူဖြစ်လာအောင် ကြိုးစားရမည်ဖြစ်ပါ
သည် အဲဒါမှ လူတိုင်းကလက်ခံလာမည်ဖြစ်ပါသည် လူတိုင်းက မိမိအပေါ်မှာ ယုံကြည့်မှုတွေ့ပြည့်စုံလာမည်
ဖြစ်ပါသည်။ လူတိုင်းက ယုံကြည်လက်ခံလာပြီဆိုရင် ထိုသူသည် လောကမှာ ဘဝအောင်မြင်မှုရသူဟု
ဆိုနိုင်ပါသည်။ ရယူခြင်းကို အဖော်ပြုပြီး ပေးဆက်ခြင်းကို ပိုင်ဆိုင်သူဖြစ်ဖို့အတွက် လောကမိခင်စိတ်ဓာတ်
ရှိသူ ပြည့်ဝသူဖြစ်လာအောင် အရာရာကို မိမိတတ်စွမ်းနိုင်သမျှ စွန့်လွတ်အနင့်နာခံမှုတွေ ထားနိုင်ကြပါစေ
စာရေးသူ တိုက်တွန်း၍  ဤစာတန်းလေးကို နိ၈ုံးချုပ်လိုက်ပါသည်။

Monday 14 May 2012

ပညာဒါနသင်တန်းကျောင်း

နေဝစ် မဟာချိုင် ထိုင်းနိုင်ငံ ပညာဒါနသင်တန်းကျောင်းကို ရွှေပြောင်းအလုပ်သမားများ၏ ဘာသာရေးအသိ
ဥာဏ်များ တိုးတက်စေရန် စိတ်ရည်သန်၍ ဆရာတော်ဦးဇဋိလဦးဆောင်လောကပါလပညာဒါန
အကျိုးတော်ဆောင်ဖွဲ့မှ ၁၃၇၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့(၁၂၁၀-၂၀၁၁)တွင်စတင်၍ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းကျောင်းရည်ချက်များမှာ (၁) လူသားအားလုံးတို့၏ ဘဝကို မြှင့်တင်ပေးနိုင်ရေး( ၂)လူသားအားလုံးတို့၏အခြေခံပညာရေး ကျမ္မာရေးကောင်းမွန်လာအောင် ကူညီထောက်ပံ့ပေးနိုင်ရေး















(၃)မြတ်ဗုဒ္ဓ၏ အဆုံးမတော်များကို လူသားတိုင်း လွယ်ကူစွာလေ့လာကျင့်သုံးနိုင်ရေးတို့ဖြစ်ပါသည်။
            သင်တန်းကျောင်းရေရှည်တည်တန့်နိုင်ရေးအတွက် စေတနာဝန်ထမ်းအဖြစ်တာဝန်ယူထားကြသော
အကျိုးတော်ဆောင်များ၏ လိုက်နာရမည့် စည်းကန်းချက်များ( ၁)ပရဟိတစိတ်ဓာတ်အပြည့်အဝထားရှိနိုင်ရ
မည်။ (၂)အဖွဲ့သားအချင်းခြင်း နားလည်မှု့ အပြည့်အဝထားရှိနိုင်ရမည်။(၃)အဖွဲ့သားများ၏ လုပ်ဆောင်ချက်
များအတွက် အခက်အခဲ့တွေ့ရှိပါက စိတ်တူကိုယ်တူ ညီညွတ်စွာ ဖြေရှင်းနိုင်ရမည်။(၄)အများအကျိုးကို
အကြောင်းပြပြီး ကိုယ့်အကျိုးအတွက် စီးပွားမရှာရ (၅) ဘာသာရေး လူမျိုးရေး ခွဲခြားလိုသော အပြုမူအပြော
အဆိုများကို မကျင့်သုံးရ။
          လောကပါလပညာဒါနသင်တန်းကျောင်းသို့ လာရောက်၍ ကျောင်းတက်လိုသူများနှင့် စေတနာဝန်
ထမ်းအဖြစ် ပါဝင်အကျိုးဆောင်လိုသူများအား ကြိုဆိုဖိတ်ခေါ်ပါကြောင်း စာရေးသူအနေဖြင့် သတင်း
ကောင်းပါးလိုက်ရပါသည်။ မှတ်ချက်= အခမဲ့ သင်ကြားပေးပါသည်။

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget