www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Monday, 11 April 2011

အယုံကြည်မလွယ်ပါနဲ့

လောကမှာ အယုံကြည်လွယ်သည့်အတွက်ကြောင့် ဒုက္ခ္ဒုရောက်သည့်သူများ မရေတွက်နိုင်လောက်အောင်များပြား လှပါသည်သိုသော်
လည်း သတိမမူသည့်အတွက်ကြောင့် ဖြစ်ကြည်သည်ဟုစာရေးသူမြင်ပါသည် သို့အတွက်ကြောင့်လောကမှာ ယုံကြည်မလွယ်ဖို့
အရေးကြီးလှပါသည် အယုံကြည်လွယ်မှုကြောင့်ဒုက္ခရောက်သူများရဲ့ ဥပမာ ကိုပြောမယ်ဆိုရင် အဇာသတတ်မင်းအကြောင်းကို
ကလေး လူကြီးအားလုံးသိကြသည့်အတိုင်းပါဘဲ အဇာသတတ်သည် အရှင်ဒေဝဒတ်၏ စကားကို ယုံကြည်လွယ်သောကြောင့်
တနည်းပြောမယ်ဆိုရင် သူတစ်ပါး စကားကို ဝေဖန်ပိုင်းခြာတတ်သောပညာ မှားသည်မှန်သည်ကို ခွဲခြားနိုင်သောအသိဥာဏ်မရှိသော
ကြောင့် အဇာသတတ်မင်းသည် အဖဖြစ်သူကိုရစ်ရစ်စက်စက် ညှင်းပန်းနှိပ်စက်သက်ဖြတ်ခဲ့ပါသည် ငရဲသို့လည်းကျရောက်ခဲ့ပါသည်
သောတာပတ္တိမဂ်တည်းဟူသောသူတော်ကောင်းတရားများနဲလည်းဝေသွားခဲ့ပါသည် ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုလိုက်ရှာမယ်
ဆိုရင် အယုံကြည်လွယ်သောကြောင့်ဖြစ်ပါသည် အဲဒါကြောင့်အယုံကြည်မလွယ်သင့်ပါဘူး အမှားသည်မှန်သည်ကိုနားလည်အောင်
ဝေဖန်သင့်ပါသည် လူမှု့ရေး စီးပွားရေး စသည့်အရေးပေါင်းများစွာမှာလည်း ယုံကြည်မှုတွေ မလွယ်ဖို့အရေးကြီလှပါသည် လူမှု့ရေးမှာ
အယုံကြည့်လွယ်တယ်ဆိုရင်လည်း လူလိမ်လူမိုက်တို့၏စကား အမှန်ထင်ပြီး ကျင့်သုံးမှိမယ်ဆိုရင် အခုပြောခဲ့သည့် အဇာတတ်မင်းကြီးဖြစ်သကဲ့သို့
သူတော်ကောင်းများနှင့်လည်းဝေ၊မည် အပါယ်ငရဲသို့လည်းကျရောက်နိုင်သည် သူတော်ကောင်းများကိုစော်ကါးမော်ကါးလုပ်မှိနိုင်သည် ထိုသို့ဖြစ်ခြင်းသည်
အမှားအမှန်ဝေဖန်ဆန်းစစ်နိုင်သည့် ဥာဏ်ပည်ာမပါသည့်ယုံကြည့်မှုကြောင့် ဖြစ်ပါသည် ဝေဖန်ဆုံးဖြတ်နိုင်သောပညာမပါသည့်
ယုံကြည့်မှုသည့် မပြည့်စုံသည့်ယုံကြည့်မှုသာဖြစ်ပါသည် အဲဒါကြောင့် အစစအရာရာ ဝေဖန်ပိုင်းခြားပြီးမှယုံကြည်သင့်ပါသည်
ထိုကဲ့သို့ မဟုတ်လျှင် ရှေ့ပညာရှိများပြောသကဲ့သို ဆင်ကင်း တောတိုးဖြစ်ပါလိမ့်မည် မျက်မမြင်သောဆင်ကြီးတစ်ကောင်သည်
တောနက်ကြီးထဲသွားမယ်ဆိုရင် လမ်းမှန်သို့လည်းမရောက်နိုင်ပါဘူး ခြောက်ကမ်းပါးသို့လည်း ကျရောက်နိုင်ပါသည် လောကမှာ
လည်း ဘာမှမသိသည့်သူသည် သူများပြောသမျှ ယုံကြည်နေမယ်ဆိုရင် ခြောက်ကမ်းပါးနှင့်တူသောအပါယ်ငရဲသို့ကျရောက်နိုင်
ပါသည် လမ်းမှား လမ်းမှန်ကိုမသိသောကြောင့် မိမိလိုရာခရီးသို့လည်းမရောက်နှိုင်ပါဘူး ဒါကြောင့်လောကမှာ အယုံကြည်လွယ်
ခြင်းသည်လည်း ဘဝ၏ ရှုံးဆုံးကြောင်းဖြစ်ပါသည်ဟု စာရေးသူမြင်ပါသည် လောကမှာ ပြောနေကြသည် လူယုံသက်လို့သေ
တတ်သည်ဟုပြောကြပါသည် ထိုစကားသည်မှန်ပါသည် လောကမှာ အယုံကြည်လွယ်လို့လူယုံသက်ခြင်းကို ခံရပါသည် ထိုကဲ့သို့
သက်ခံရခြင်း တစ်ဘဝသာသေရမည်ဖြစ်ပါသည် ဘာသာရေးကို အယုံကြည့်လွယ်မယ်ဆိုရင်တော့ ယူမှားပြီးအတွေးခေါ်တွေပါမှားသွား
မယ်ဆိုရင်တော့ တစ်ဘဝသာမက ဘဝဆက်တိုင်း တစ်သံသရာပတ်လုံး အသက်ခံရမည်ဖြစ်ပါသည် အရှင်ဒေဝဒတ်ကိုကြည့်ပါ
သူသည် အတွေးခေါ်မှား အယူမှားတွေကြောင့် ဘဝဆက်ဆက်တိုင်းဒုက္ခရောက်ခဲ့ပါသည် နောက်ဆုံးအပါယ်ငရဲကျရောက်သည့် အထိ အဆက်ဆက်သက်ခံရပါသည်ဘဝ၏ရှုံးပျက်စီးခြင်းသိုရောက်ရှိခဲ့ပါသည် ဘဝ၏
အောင်မြင်မှုပန်းတိုင်ကြီးနှင့်လည့်းဝေခဲ့ပါသည် အဲဒါဘာကြောင့်
ဘာသာရေးမှာ မှားသည်မှန်သည်ဟု မဝေဖန်မဆုံးဖြတ်နိုင်သောကြောင့်ဖြစ်သည့်ဟု လူတိုင်းသိနိုင်ပါသည် ထို့ကြောင့်အမှားအမှန်
ကိုဝေဖန်နိုင်သောပညာရှိဖို့ ပညာရှိသူတော်ကောာင်းများကိုဆည်းကပ်သင့်ပါသည် ကိုယ်တိုင်လည်းဆုံးဖြတ်ဝေဖန်နိုင်လာအောင်
ဗဟုသုတရှာသင့်ပါသည် စာအုပ်စာပေများဖတ်သင့်ပါသည် ဟုစာရေးသူမြင်ပါသည် သို့မှသာလျှင် မှန်သည်ကို မှန်သည်ဟုသိပြီး
မှားသာည်မှားသည်ဟု လောကသဘာဝအမှန်ကိုသိပြီး နည်းမှန်လမ်းမှန်သို့ရောက်ပြီး မိမိသို့လိုရာ ခရီးပန်းတိုင်သို့
အရောက်လှမ်းနိုင်မည်ဖြစ်ပါသည် ဘဝ၏အထွဋ်အထိပ်သို့ရောက်မည်မှာလည်းသေချာလှပါသည် ဟုစာသူမြင်ပါသည် မြင်သည့်
အတိုင်းလည်း ရောက်ရှိနိုင်ပါစေဟုဆန္ဒပြုရင်းဒီစားလေးကို နိဂုံး အဆုံးသက်လိုက်ပါရစေ

No comments:

Post a Comment

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget