www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Tuesday 19 July 2011

ကိုယ့်တာဝန်

လောကမှာ တာဝန်ကိုမသိသောသူသည် မိမိသူတစ်ပါးတို့၏ ကြီးပွားတိုးတက်ကြောင်းများကို မစွမ်းဆောင်နိုင်ပါဘူး ဘာကြောင့်လည်း
ဆိုတော့ တာဝန်ဆိုသည်မှာ လောကကြီးအတွက်လုပ်ပေးသင့်သောတာဝန် မိမိဘဝအတွက်လုပ်သင့်လုပ်ထိုက်သောတာဝန်ဟု တာဝန်
များရှိကြပါသည် လောကကြီးအတွက်လုပ်သင့်လုပ်ထိုက်သောတာဝန်ဆိုသည်မှာ မဖြစ်မနေလုပ်ရမည့် လောကဝတ္တရားများဖြစ်ပါသည်
လောကဝတ်ဆိုသည်မှာ နမူနာပြောရမယ်ဆိုရင် ဆရာဖြစ်မယ်ဆိုရင် ဆရာ၏ တပည့်များအပေါ်မှာလုပ်ပေးသင့်သည့်အလုပ်များ
မိမိက ပတည့်ဖြစ်ခဲ့မယ်ဆိုရင်လည်း တပည့်များ၏ ဆရာအပေါ်မှာ လုပ်ပေးသင့်အလုပ်များ လောကမှာ မိဘနေရာမှာ နေရမယ်ဆိုရင်
လည်း မိဘများ၏ သားသ္မီးများအပေါ်မှာ လုပ်ပေးသင့်သည့်အလုပ်များ သားသ္မီးနေရာမှနေရသည့်အခါမှာလည်း မိဘများအပေါ်မှာလုပ်
ပေးရမည့် ဝတ္တရားများ ဖြစ်ကြသည့်တာဝန်များကို သိတတ်ကြမယ် တာဝန်တွေကျေပွန်ကြရမည် တောရွာလေးတစ်ရွာမှာ ခေါင်းဆောင်
ဖြစ်ခဲ့ရင်လည်း ရွာသူရွာသားများအပေါ်မှာ လုပ်ပေးနိုင်သည့် အသိပေး ပညာပေး လုပ်များ အကယ်၍ မိမိနောက်လိုက်တပည့်ဖြစ်ခဲ့
မယ်ဆိုရင်လည်း မိမိလုပ်ရမည့် တာဝန်များကို မခိုမကပ် တက်တက်ကြွကြွလုပ်နိုင်ရမယ် အဲဒါမှ မိမိတာဝန်ကို သိသူ တာဝန်ကျေပွန်
သူဖြစ်မည် အကယ်၍ မြို့တစ်မြို့၏သော်လည်းကောင်း နိုင်ငံတစ်နိုင်ငံ၏သော်လည်းကောင်း ခေါင်ဆောင်ဖြစ်ခဲ့မယ်ဆိုရင်လည်း မိမိ
ခေါင်းဆောင်တစ်ယောက်၏ တိုင်းသူပြည်သားများအပေါ်မှာ လုပ်ပေးနိုင်သည့် အများကောင်းကျိုးကို ဖော်ဆောင်နိုင်သည့်အလုပ်များ
ကို လုပ်ပေးနိင်ရမည် ဒါမှ ကမ္ဘာကျော်သည့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မည် မိမိက နောက်လိုက်ဘဝဆိုရင်လည်း
ခေါင်းဆောင်ကောင်းများ၏ အချည်းကျူးခံရသူဖြစ်အောင် မိမိတာဝန်အလုပ်ကို လုလ္လဥဿာဟကြီးစွာဖြင့် တာဝန်ကိုကျေပွန်အောင်
လုပ်ဆောင်နိင်ရမည် ဒါက လောကဝတ္တရားများသာဖြစ်ပါသည် မိမိ၏ဘဝပေးတာဝန်များဟုလည်းခေါ်ဆိုနိုင်ပါသည် သူများအတွက်မဟု
တ်ဘဲ မိမိဘဝအတွက်သည်လုပ်ရမည့်တာဝန်များလည်းရှိပါသေးသည် မိမိဘဝမှာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဆိုသည်မှာ ခေတ်ခဲ
လှပါသည် မိမိ၏ဘဝပေးတာဝန်များကျေပွန်ဖို့ အလွန်အရေးကြီးလှပါသည် ဘဝပေးတာဝန်ဆိုသည် မိမိရောက်နေသည့်နေရာတိုင်းမှာ
မိမိဘတ်က တာဝန်ကိုသိစွာ ပျော်ပျော်ရွှင်ရွှင်နှင့်လုပ်ပေးနိုင်ဖို့လိုအပ်ပါသည် ဒါဆိုရင် မိမိဘဝမှာ အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါ
သည် အောင်မြင်သောဘဝ အောင်မြင်သောလောက အောင်မြင်သောနိုင်ငံ အောင်မြင်သောကမ္ဘာ အောင်မြင်သောလူသားများဖြစ်ကြ
မည်ဟု ဗိုလ်ချုပ်အောင်ဆန်းကို သတိရ အောင့်မေ့လျက် ဇူလိုင် ၁၉ ရက် ၂၀၁၁မှာရေးသားလိုက်ပါသည်း။ ဘဝမှာ အစစအရာရာ မိမိကျရာတာဝန်များသိလျက် တာဝန်ကျေပွန်အောင်ထန်းဆောင်သူများဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်နိုဂုံးအဆုံးပြုပါစေ

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget