www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Tuesday 23 August 2011

ဘဝမှာ အပြုံးမပပျက်သူ

ဘဝမှာ အဆင်မပြေတာတွေ့ကြုံလာခဲ့ရင် စိတ်ဓာတ်တွေကျဆင်းပြီး မပြုံးနိုင်တော့ဘဲ မဲ့ငိုလို့မဆုံးဖြစ်တတ်
သူတွေများပါတယ် ဘာကြောင့်ဒီလို အငိုမဆုံးဖြစ်သလဲဆိုရင် လောကသဘာဝကို သည်းမခံနိုင်သောကြောင့်
အငိုမဆုံးဖြစ်ကြရပါတယ် ဘာကြောင့်သည်းမခံနိုင်သလဲဆိုတော့ သည်းခံလောက်သည့် အရည်းသွေးမရှိလို့
ပါ ဘဝမှာ သတ္တဝါတိုင်းကြုံတွေ့ရသမြဲဖြစ်သည့် အဆင်ပြေမှု မပြေမှု။ ကျော်ကြားမှု မကျော်ကြားခြင်း
အခြံအရံတွေပေါများခြင်း မပေါများခြင်း ဥစ္စာရခြင်း မရခြင်း စသည့်လောကသဘဝများသည် လူတိုင်းတွေ့
ကြုံရသည့် လောကသဘဝများကို ကျော်လွန်၍မရသည့် အရာများပင်ဖြစ်ပါသည်  ဤအရာများနှင့်တွေ့ကြုံ
လာသည့်အခါ မိမိ၏စိတ်ကို မတုန်မလှုပ်နေနိင်အောင်ကြိုးစားမှသာလျှင် အပြုံးမပျက်သူဖြစ်နိုင်ပါမည်
ဘယ်လိုကြိုးစားမှာလဲဆိုတော့ အဆင်မပြေခြင်းနှင့်တွေ့လာခဲ့ရင် ဘာကြောင့်အဆင်မပြေဖြစ်တာလဲဆိုသည့်
အကြောင်းရင်းရှာပြီး အဆင်ပြေနိုင်သည့်လုပ်ရပ်များကို စိတ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်ထားပြိးလုပ်သင့်
သည်ကိုကြိုးစားလုပ်ရပါမည် ဘယ်လိုအခေတ်ခဲမျိုးကိုဘဲတွေ့တွေ့ အပြုံးမပျက်စိတ်ကိုထားနိင်ဖို့အရေးကြီးပါ
သည် ဥစ္စာရခြင်း မရခြင်းနဲ့တွေ့ကြုံလာမယ်ဆိုရင်လည်း ဥစ္စာမရလို့ စိတ်ဓာတ်ကျနေမည့် အစား မိမိရချင်
သည့်ပစ္စည်းဥစ္စာရနိင်သည့်အကြောင်းရင်းရှာပြီး မရနိင်ခြင်း၏အကြောင်းကဘာလဲဆိုတာ သိအောင်ကြိုး
စားပါ စိတ်ဓာတ်မကျဘဲ မိမိစိတ်ကိုကြန့်ကြနို့ခိုင်အောင်ကြိုးစားလိုက်ပါ အဲဒါမှ ဘဝမှာအပြုံးမပျက်သူ
ဖြစ်ပါမည်

Saturday 13 August 2011

ဘဝအောင်နိုင်သူ

လောကမှာ ဘဝအောင်နိုင်သူဆိုတာ ဘယ်လိုသူဖြစ်ပါသလဲ ဟုမေးခဲ့မယ်ဆိုရင် အယုံကြည့်မှု့မလွယ်သောသူသည် အောင်နိင်သူဖြစ်နိင်သည် ဘာကြောင့်လည်းဆိုတော့ စီစစ်ပြီးဝေဖန်သောပညာပါလာသည့်အတွက်ကြောင့် ဘဝမှာအမှားကင်းပြီးဘဝအောင်နိင်သူဖြစ်ပါသည်   သို့မဟုတ် အယုံကြည့်လွယ်သောသူသည်ကါး ဘဝမှာအမှားများ
များလှပါသည်သို့အတွက်ကြောင့် လောကမှာ အမှားအမှန်ကိုပိုင်းခြားပြီးမှ အစစ အရာရာလုပ်သင့်မလုပ်သင့် ပြောသင့်မပြောသင့်အပြစ်ရှိမရှိကို စီစစ်ဝေဖန်ပြီးမှယုံကြည်သင့်ပါသည် ဘာကြောင့်လည်းဆိုတော့ သူတစ်ပါးကအမှား
ပြောဆိုသည်ကို ကိုယ့်ကအယုံကြည့်လွယ်ပြီး မလုပ်သင့်တာကိုလုပ်မှိမယ် မပြောသင့်သည်ကိုပြောမှိမယ် မကြံစည်သင့်သည်ကို စဉ်းစားကြံစည်လိုက်မယ်ဆိုရင် ဘဝမှာအရှုံးဆုံးမှုများစွာရနိုင်ပါသည်
ဥပမာအဇာတသတ်မင်းသားကို ကြည့်ပေါ့ သူသည် အမှားပြောသည့် ဒေဝဒတ်၏စကားကိုယုံကြည့်လွယ်
ပြီး အမှားအမှန်ကို မဝေဖန်မပိုင်းခြားဘဲ အယုံကြည့်လွယ်ခဲ့သည့်အတွက်ကြောင့် ဘဝ၏အောင်နိုင်သူသည်မဖြစ်ခဲ့ပါဘူး ဘဝမှာအရှုံးကြီးရှူံးဆုံးခဲ့ရပါသည်
ဘာကြောင့်လည်းဆိုတော့ အယုံကြည့်လွယ်ခဲ့လို့ပါ အဲဒါကြောင့် ဘဝမှာ အောင်နိုင်သူဖြစ်ဖို့အတွက် အယုံကြည့်မလွယ်
ဖို့ ယုံကြည်မှုမမှားဖို့ ယုံကြည့်မှုမှန်ကန်ဖို့အရေးကြီးလှပါသည် ဘယ်လို့မှန်ကန်ရမှာလဲဆိုတော့ မိမိလုပ်သည့်
အလုပ်ပေါ်မှာ အမှားအမှန်စီးစစ်ဝေဖန်သုံးသပ်ပြီးလုပ်ဖို့လိုအပ်ပါသည်  ယုံကြည်မှုမှန်ကန်မယ်
ဆိုရင် ဘဝအောင်နိုင်သူဖြစ်နိုင်ပါသည် ယုံကြည့်မှုမှန်ကန်ဖို့အတွက် စီစစ်မှုပညာပါလာဖို့အရေးကြီးပါသည် ယုံကြည်မှု့အပေါ်မှာစီစစ်မှုဖြင့် အလုပ် လုပ်သွားမယ်ဆိုရင် ဘဝ
မှာ အမှားနည်းပြီး အောင်နိုင်သူဖြစ်နိုင်လိမ့်မယ်ဟု စာရေးသူမြင်ပါသည် သို့အတွက်ကြောင့် ဘဝအောင်
နိုင်သူများဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်လျက် ဒီစာလေးနိဂုံးအဆုံးသက်လိုက်ပါရစေ

Sunday 7 August 2011

လမ်းစုံမှာ ကြားသိရသည့် အမေးပုစ္ဆာ

တနေ့သောအခါမှာ စာရေးသူ ကျမ်းမာရေးသိပ်မကောင်းသဖြင့် လေလုံသည့်အခန်းလေးမှာ လေပုန်းနေ
သည့်အခါမှာအမေးပုစ္ဆာတစ်ခုပြောနေသည်ကိုကြားလိုက်ရပါတယ်
ဘယ်သူကမေးတယ်ဆိုတာတော့အသေချာမသိလိုက်ပါ ထင်သည်မှာတော့ တက္ကသိုလ်တစ်ခုက ဆရာတစ်ယောက်ကမေးသည်ကိုသယ်ယူလာသည်ဟုထင်ပါသည် အမေးပုစ္ဆာက တော်တော်စိတ်ဝင်စားစရာကောင်းပါသည် ဘာဖြစ်လို့လဲဆိုတော့ မဖြေဆိုနိုင်
ဘူးဆိုရင် လောကမှာပညာရှိအားလုံးကလက်ခံထားသည့် အတုမရှိပညာရှင်တစ်ဦး၏အဆိုမိန့်များသည်မှားသည်ဟုထောက်ပြသည့် မေးခွန်းဖြစ်နေပါသည့် သို့အတွက်ကြောင့် စိတ်ဝင်စားစွာဖြင့် အမေးပုစ္ဆာကို မိမိဥာဏ်စွမ်းရှိသလောက် ဖြေကြည့်ပါသည် အမေးနှင့် အဖြေက လူတိုင်းသိသင့်တယ်ထင်လို့ မိမိဘလော့မှာရေးလိုက်ပါသည်  အမေးလေးက အတုမရှိပညာရှိများက လောကမှာ အတ္တမရှိဘူးလို့ဟောပြောကြပါသည် အတ္တမရှိရင် ကုသိုလ်ကံ အကုသိုလ်ကံတို့၏အကျိုးဆက်ကို ဘာနဲ့ခံစားမှာလဲတဲ့ ဆိုသည့် မေးခွန်းလေးပါ အတုမရှိပညာရှိ
များက လောကမှာ အတ္တမရှိဟုဆိုခြင်းသည် အတ္တဆိုသည်မှာ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ထားသည်ကို ပညာရှိများရဲ့မှတ်စုများမှာ တွေ့ပါသည် ဒီမေးခွန်းကိုမေးသည့် သူရဲ့အမြင်က အတ္တကို ခန္ဓာကိုယ်ကို အတ္တဟုဆိုလိုချင်တာပါ ပညာရှိများပြောလိုသည့်အတ္တကါး အစိုးရခြင်းသဘောကို အတ္တဟုဆိုလိုပါသည်
ဟုတ်ပါသည် လောကမှာ အစိုးရခြင်းသဘောအတ္တ မရှိပါဘူး ဘယ်ပုဂ္ဂိုလ်ပညာရှိမျိုးကိုဘဲမေးမေး အစိုးရ
ခြင်းသဘောအတ္တမတွေ့နိုင်မရှိနိုင်ပါဘူး ထင်ရှားအောင်ပြောမယ်ဆိုရင် မေးခွန်းမေးသူထင်သလို အတ္တဆို
သည်မှာ ကိုယ်ခန္ဓာကို ယူထားသည့်ဆိုပါတော့ မိမိခန္ဓာကိုယ်ကို မိမိအစိုးရပါရဲ့လား အစိုးရခြင်းသဘော
ရှိပါသလားဆိုတော့ မရှိပါဘူး မသေဘဲအမြဲလှနေချင်တယ် ဒီသဘောလေးကို အစိုးရချင်တယ် စိုးရလို့မရနိုင်ပါဘူး သေချိန်ရောက်ရင် မသေချင်သေးလဲ သေရမှာဘဲ ဒါဟာ မိမိကိုယ်ကိုအစိုးမရခြင်းသဘောပါ ဒီသဘောလေးကို ပညာရှိများက လောကမှာ အတ္တမရှိဘူးလို့ပြောဆိုခဲ့ခြင်းဖြစ်ပါသည်ဟုစာရေးသူမြင်ပါတယ်
နောက်တစ်မျိုးက အတ္တကို ပညာရှိများက အမေးပုစ္ဆာမေးသူမြင်သလို့ အတ္တလည်းမဟုတ် ဇီဝလည်းမဟုတ် နာမ်ရုပ်သက်သက်သာဖြစ်သည့်ဟုပြောခဲ့ပါသည် ဟုတ်ပါတယ် လောကမှာ နာမ်ရုပ်
ကလွဲလို့ ဘာမှမရှိနိုင်ပါဘူး အမေးပုစ္ဆာမေးသူမြင်သလို အတ္တကို ဒီခန္ဓာကိုယ်ယူမည်ဆိုပါက ဒီခန္ဓာကိုယ်
ရုပ်တရားကြီးသက်သက်က ကုသိုလ်အကုသိုလ်ကံတို့၏ အကျိုးဆက်ကိုခံစားလို့ ရကောင်းသည်မဟုတ်ပါ
ဘာကြောင့်လည်းဆိုတော့   အဆိုးကျိုး ကောင်းကျိုးတို့ကို  ခံစားတတ်သည့်သဘောက ရုပ်တရားမှာမရှိပါနာမ်တရားမှာသာ ခံစားတတ်သည့်သဘောရှိပါသည် သိုသော်ညလည်းနာမ်တရားအာလုံးသည် ခံစားတတ်သည့်သဘော
ရှိသည်မဟုတ်ပါ နာမ်တရားထဲမှ ခံစားတတ်သည့်သဘောရှိသည့်ဝေဒနာသည်သာ ကောင်းကျိုးဆိုးကျိုးတို့ကို ခံစားပါသည် သို့အတွက်ကြောင့် အတုမရှိပညာရှိများက အတ္တအရ သတ္တလည်းမဟုတ်ဇီဝလည်းမဟုတ်အတ္တဝိဥာဏ်ကောင်လည်းမရှိ
နာမ်ရုပ်သဘာဝသက်သက်မျှသာဖြစ်သည်ဟု မိန့်ဆိုခဲ့ပါသည် ထို့ကြောင့်အမေးပုစ္ဆာမေးသောအမေးသည်
မသင့်လျော်ပါ ပညာရှိများလက်ခံနိုင်မည်မဟုတ်ပါ ဟုစာရေးသူမြင်ပါသည်

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget