www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Friday 18 February 2011

အပြစ်ဆိုသည်မှာ

အပြစ်ဆိုတာဘာလဲ လုပ်သင့်တာကိုမလုပ်ရင်လည်း အပြစ်ပါဘဲ မလုပ်သင့်သည်ကို လုပ်မိရင်လည်း အပြစ်ပါဘဲ။ မပြောသင့်တာကိုပြောမှိရင်လည်း အပြစ်ပါဘဲ ပြောသင့်သည်ကို မပြောမှိရင်လည်းဘဲ အပြစ်ပါဘဲ မကြံသင့်သည်ကို ကြံမှိရင်လည်းဘဲ အပြစ်ဖြစ်ပါတယ်။ ကြံသင့်တာကို မကြံမှိတာလည်း လောကမှာ အပြစ်ဖြစ်ပါတယ်။ အဲဒါကြောင့် မင်းတုန်းမင်းကြီးက ဆရာတော်တစ်ပါးကို လျှောက်ထားသည့် စကားလေးတစ်ခွန်း ရှိပါတယ် အဲဒီစကားလေးက အနက်ဓိပ္ပါယ်ရှိပါတယ် လေးနက်ပါတယ် ဘယ်လို လျှောက်ထားသလဲ ဆိုတော့ တပည့်တော်တို့ ဝတ်ထားသည့်အဝတ်ပုဆိုးတွေက အပြစ်များတယ်လို့ ဆရာတော်အား လျှောက်ထားခဲ့ဖူးပါတယ် မင်းတုန်းမင်းကြီးပြောဆိုခဲ့သည့်   အဝတ်ပုဆိုးဆိုတာ ပကတိအဝတ်ပုဆိုးကိုပြောရင်းမဟုတ်ပါဘူး အဝတ်ပုဆိုးနှင့်တူသောလောကကျင့်ဝတ်ကိုဆိုလိုတာပါ လောကကျင့်ဝတ်ဆိုတာ အများကြီးရှိပါတယ် လူဖြစ်လျှင်လူ့ကျင့်ဝတ် ရဟန်းဖြစ်လျှင်ရဟန်းကျင့်ဝတ် နတ်ဖြစ်လျှင် နတ်၏ကျင့်ဝတ်တွေ အများကြီးပါဘဲ ဒီအများကြီးထဲမှာ လူ၏ကျင့်ဝတ်ကို အမြည်းသဘော လောက် ပြောကြည်မယ်ဆိုရင် မင်းဖြစ်လျှင်မင်း၏ကျင့်ဝတ် ဆရာဖြစ်လျှင် ဆရာရဲ့ကျင့်ဝတ် တပည့်ဖြစ်လျှင် တပည့်၏ကျင့်ဝတ် မိဘဖြစ်လျှင်လည်း မိဘ၏ကျင့်ဝတ် သားသ္မီးဖြစ်လျှင်လည်း သားသ္မီးများ၏ကျင့်ဝတ်များ လောကမှာပြုကျင့်မည်ကျင့်ဝတ်တရားများ ရှိကြပါသည်။ မြတ်ဗုဒ္ဓစာပေမှာတော့ စာရိတ္တသီလဟု ခေါ်ပါတယ်။ အဆိုပါကျင့်ဝတ်များကို မပြုကျင့်နိုင်ဘူးဆိုရင်လဲ 
လောကမှာအပြစ်များဖြစ်ပါတယ် မြတ်ဗုဒ္ဓစာပေမှာတော့ သာဝဇ္ဇကမ္မဟုခေါ်ဆိုပါတယ် လောကမှာ ထိုအပြစ်မျိုးရှိပြီးဆိုရင် ပညာရှိသူတော်ကောင်းများမှ မချီိးမွန်းပါဘူး။ ဘာကြောင့်မချီးမွန်းသလဲဆိုတော့
ကောင်းကျိုးချမ်းသာကို မပေးစွမ်းနိုင်ပါ။ ဒုက္ခဆင်းရဲအပေါင်းကိုသာ ပေးစွမ်းနိုင်သောကြောင့်ဖြစ်ပါတယ် ဒါကြောင့်မင်းတုန်းမင်းကြီးက ဆရာတော်အားလျှောက်ထားခြင်းဖြစ်ပါတယ် တပည့်တော်တို့၏ အဝတ်ပုဆိုး နှင့်တူသောလောကကျင့်ဝတ်သည် အပြစ်များသည် ပြုလုပ်သင့်သော တာဝန်လို့ခေါ်ဆိုရသည့် လောကကျင့်ဝတ်အသီးသီတို့ကို့ မပြုလုပ်နိုင်သောကြောင့် အပြစ်များဖြစ်ပါသည် မပြုလုပ်သင့်သည်ကို ပြုလုပ်မှိရင်လည်း လောကမှာ အပြစ်ပိုကြီးပါတယ် ဥပမာမလုပ်သင့်သည့်
သူတစ်ပါးသားမယားကို ပြစ်မှားစော်ကားမှိရင်လည်း အပြစ်ဖြစ်ပါတယ် မြတ်ဗုဒ္ဓစာပေမှာတော့ ကာမေသုမိစ္ဆာစာရဟုခေါ်ဆိုပါတယ်
မင်းတုန်းမင်းကြီး၏ အဓိကသောက့်ချက်က  ဒီအချက်ပါဘဲ ကာမဂုဏ်ခံစားသည့်မင်းအထဲမှာ နှစ်ယောက်မရှိပါဘူး ရာဂတဏှာကြီးဆုံးမင်းပါဘဲ အဲဒါကြောင့် သူ့ဝတ်ထားသည့် အဝတ်ပုဆိုးဟာ အပြစ်များတယ်လို့ဆိုလိုတာပါ အမှန်မှာတော့ သူသည် မပြုသင့်သော ကာမေသုမိစ္ဆာစာရကို ပြုလုပ်နေ သောကြောင့်အပြစ်များဖြစ်ပါသည်
ထို့ကြောင့် အပြစ်များသည်ဟု လျှောက်ထားခဲ့ပါသည် မပြုလုပ်သင့်သည်ကို ပြုလုပ်မှိရင်လည်း လောကမှာ အပြစ်ဖြစ်ပါသည် မပြောသင့်သည်ကိုပြောဆိုမှိရင်လည်း အပြစ်ဖြစ်ပါသည် ဥပမာ မဟုတ်မမှန်သည့် စကား လိမ်ညာကါပြောဆိုမှိလျှင်လည်း အပြစ်ဖြစ်ပါသည် ပြောဆိုသင့် သည့် ဓမ္မစကား အမှန်တရားကို မပြောမှိရင်လဲဘဲ အပြစ်ဖြစ်ပါတယ် မကြံသင့်သည့် သူတစ်ပါးပျက်စီးရာပျက်စီးကြောင်း ကြံမိရင်လည်း အပြစ်ဖြစ်ပါသည် ကြံသင့်သည့် လောကီလောကုတ္တရာ ကြီးပွားတိုးတက်ကြောင်းတို့ကို မကြံမှိရင်လည်း အပြစ်ဖြစ်ပါသည်ဟု ရှေးသူတော်ကောင်းများ ပြောကြားခဲ့ဖူးသည်ကို မှတ်သားထားဖူးပါသည်။ အဲဒါကြောင့် လောကလူသားအားလုံး အပြစ်ကင်းစွာ ဘဝကို တည်ဆောင်နိုင်ရင် ရည်ရွယ်လျှက် ကြိုးစားပြီး ရေးသာလိုက်ပါကြောင်းနှင့် အမှားပါကဖြည့်ကြည့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget