www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Monday 28 May 2012

လောကမိခင်စာကြည့်တိုက်

        မဟာချိုင်နေဝစ် လောကမိခင်ပညာဒါနသင်တန်းကျောင်း ဝေယျာဝစ္စအသင်းမှ ဦးစီးဦးဆောင်ပြုလျက်
၁၃၇၄-ခုနှစ်(5-28-2012)တနင်္လာနေန့တွင်လောကမိခင်စာကြည်တိုက်ကို တင်ဖွင့်လျှစ်ခဲ့ပါသည်။ ကျောင်းသူကျောင်းသားနှင့် အခြား
စာပေဝါသနာရှင်များ ဖတ်ရှုကြပါသည် စာအုပ်များမှာ ဘာသာရေး ပညာရေး ကျမ်းမာရေး အသိများရစေမည့်
စာအုပ်များသာဖြစ်ပါသည်။ အခုမှ စတင်တည်ထောင်သည်သာ ဖြစ်သောကြောင့် စာအုပ်များ အလွန်နည်းပါးပါသည်။
သို့ဖြစ်ပါ၍ စာအုပ်လှူဒါန်းလိုသူများ မည်သူမဆို လှူဒါန်းအားပေးနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
    လောကမိခင်စာကြည့်တိုက် စတင်တည်ထောင်ရခြင်း၏ ရည်ချက်များမှာ ဘာသာသာသနာနှင့်ဝေနေ
သောရွှေ့ပြောင်းအလုပ်သမားများနှင့် စာပေဝါသနာရှင်များ ဘာသာရေးအသိဥာဏ်များရစေရန်နှင့် လက်မှု့ပညာ နုပ်မှု့ပညာလောကီပညာအဖျာဖျာတို့ကို
ရရှိစေရန် စိတ်ရည်သန်၍ လောကမိခင်ပညာဒါနသင်တန်းကျောင်း ဝေယျာဝစ္စအသင်းမှ ဦးဆောင်လျက်
လောကမိခင်စာကြည့်တိုက်ကို ဖွင့်လျှစ်ခဲ့ခြင်း ဖြစ်ပါသည်။
       လောကမိခင် အမည်နာမပေးခြင်း၏ အကြောင်းမှာတော့ အများသိပြီးသားဖြစ်ကြသည့်အတိုင်းပါပဲ စာကြည့်တိုက်မှ စာပေသည် လောကကိုစောင့်ရှောက်နိုင်ပါသည် ဘာကြောင့်ဆိုတော့ လောကလူငယ်အပေါင်း
ကိုအသိဥာဏ်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။ လူငယ်မျိုးဆက်သစ်တို့၏ စိတ်ရိုမ်းတွေကို လိမ္မာလာအောင်
ပြုပြင်ပေးနိုင်ခြင်းသည် လောကကို ကောင်းမွန်လာအောင် စောင့်ရှောက်ပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့်
လောကဥပမာနဲ့ပြောမယ်ဆိုရင် သားကောင်းရတနာ သမီးကောင်းရတနာများဖြစ်လာအောင်စောင့်ရှောက်
ပေးသည့် မိခင်နဲ့တူပါတယ် ဒါကြောင့် လောကမိခင်စာကြည့်တိုက်ဟုအမည်နာမပေးခဲ့ခြင်းဖြစ်ပါသည်။

Monday 21 May 2012

ရယူခြင်းနဲ့ ပေးဆက်ခြင်း

လောကမှာ နှစ်ခုယှဉ်နေတတ်ပါတယ် ကောင်းတဲ့သဘောတရားတွေရှိသလို မကောင်းသည့်သဘောတရား
တွေလည်းရှိပါသည်။ တစ်ခုနှင့် တစ်ခု ဆန့်ကျင့်မှုသဘောလေးတွေနဲ့ယှဉ်တွဲနေရတတ်ပါတယ် ဥပမာ လူမှန်
ရင် တစ်ယောက်တည်း မနေနိုင်သလိုပါဘဲ အနည်းဆုံးတော့ နှစ်ယောက်ရှိမှအဆင်ပြေတယ်လေနှစ်ယောက်
မှာလည်း အမြဲဆန့်ကျင့်နေရမယ် အဲဒါမှ ထိုသူတို့ဘဝမှာ တိုးတက်လာတယ် အရည်ချင်းတွေတိုးတက်လာမယ်
ဆန့်ကျင်ဘတ်အဖော်မရှိဘူးဆိုရင် ထိုသူဘဝမှာ မတိုးတက်လာနိုင်ပါဘူး မရင့်ကျက်လာပါဘူး အဲဒါကြောင့်
လောကမှာ မိမိဘဝ တိုးတက်အောင်မြင်ဖို့အတွက် အမြဲဆန့်ကျင်ဘတ်လုပ်တတ်သည့်သူလိုအပ်ပါတယ်
လောကနိယာမအနေနဲ့ ဖြစ်တတ်သည့် သဘာဝတရားလေးတွေကို လူတိုင်းလူတိုင်း မမေ့ထားစေချင်ပါဘူး
ကိုယ့်ဘဝ တိုးတက်လာခြင်းသည် ဘာကြောင့်လည်း မိမိကိုယ်ကို မိမိ ပြန်မေးကြည့်ရင် တစ်စိပ်တဒေသအ
နေနဲ့ ဆန့်ကျင့်ဘတ်လုပ်တတ်သည့် အပေါင်းအဖော်တွေကြောင့် ဖြစ်ပါတယ် အဲဒါကြောင့် သဘာဝတရား
တွေက အစုံလိုက် အတွဲလိုက်ရှိနေပါတယ် ဒီသဘောလေးကို လူတိုင်းနာလည်စေချင်ပါတယ် အဲဒါကြောင့်
အခုပြောချင်တဲ့ ရေးလိုသည့် အကြောင်းအရာလေးကတော့ ရယူခြင်းနှင့် ပေးဆက်နိုင်ခြင်း ဆန့်ကျင်ဘက်
အနေအထားနဲ့ တွဲနေသည့် သဘာဝတရားလေးပါ ရယူခြင်းသဘောက စာပေလာသည့် အတိုင်းပြောရရင်
လောဘလို့ခေါ်ဆိုရသည့် လိုချင်မှုသဘောတရားဖြစ်ပါသည် အရာရာတိုင်းကို မိမိဘဲ ပိုင်ဆိုင်ချင်တယ်
ရယူလိုတယ် ဘယ်သူသေသေ ငတေမာရင်ပြီးရော်ဆိုသည့် လောကဆိုရိုးစကားအတိုင်းဖြစ်ပါတယ်
လုံးဝ လက်မခံနိုင်လောက်အောင်ဆိုးပါတယ် အဲဒါကြောင့် လူတွေက လက်ခံနိင်သည့် သဘာဝကိုရှာလာ
ကြပါသည် ဗိုလ်ကျတာလက်မခံနိင်တော့ ဗိုလ်မကျတတ်သည့် အနင့်နာခံပေးဆက်တတ်သည့် သဘာဝ
တရားကိုရှာလာကြသည် စာမှာတော့ အလောဘလို့ဆိုပါတယ် လူတိုင်းနာလည်အောင်ပြောမယ်ဆိုရင်တော့
လောကဥပမာနဲ့ ပြောရင်တော့ မိခင်စိတ်လိုပါဘဲ သားသမီးတွေအပေါ်မှားထားသည့် မိခင်စိတ်ဓာတ်သည်
ပေးဆက်မှုအပြည့်အဝထားသည့် စိတ်ပါဘဲ အဲလိုစိတ်ဓာတ်မျိုး လူသားတိုင်း လောကကြီးအပေါ်မှာထားနိင်
ကြမည်ဆိုရင် သိပ်ကောင်းမှာဘဲ လောကလူသားတွေအပေါ် မိမိ၏ ရင်သွေးပမာထားနိုင်ကြမယ်ဆိုရင်
တကယ့်ပေးဆက်ခြင်းနှင့်ပြည့်ဝသည့် စိတ်ပါဘဲ ဒီစိတ်ဓာတ်မျိုး ရှိသူကို လောကမှာ လူရော နတ်ပါ
ကောင်းချီးပေးကြရသည်ဖြစ်ပါသည် ဘာကြောင့်လည်းဆိုတော့ ရိုးရိုးရှင်းရှင်းလေးပြောကြမယ်တွေးကြမယ်
ဆိုရင် လူတိုင်းလက်ခံနိုင်အောင် နေတတ်လုပ်တတ်ပြောတ်လို့ပါဘဲ လောကမှာ ဘာပဲလုပ်လုပ် လူအများ
လူတိုင်းလက်ခံနိုင်အောင်လုပ်ဖို့ အရေးကြီးလှပါသည်။ မိမိလုပ်သည့်လုပ်ရပ်ပေါ်မှာ မိမိပြောသည့် အပေါ်မှာ
လူအများလက်ခံလာအောင် အကောင်းဆုံးဖြစ်လာအောင် သားသမီးများအပေါ်မှာ ထားသည့် မိခင်စိတ်
ဓာတ်မျိုးနှင့်တူသော ပေးဆက်တတ်သည့်နှစ်လုံးသားကို ပိုင်ဆိုင်သူဖြစ်လာအောင် ကြိုးစားရမည်ဖြစ်ပါ
သည် အဲဒါမှ လူတိုင်းကလက်ခံလာမည်ဖြစ်ပါသည် လူတိုင်းက မိမိအပေါ်မှာ ယုံကြည့်မှုတွေ့ပြည့်စုံလာမည်
ဖြစ်ပါသည်။ လူတိုင်းက ယုံကြည်လက်ခံလာပြီဆိုရင် ထိုသူသည် လောကမှာ ဘဝအောင်မြင်မှုရသူဟု
ဆိုနိုင်ပါသည်။ ရယူခြင်းကို အဖော်ပြုပြီး ပေးဆက်ခြင်းကို ပိုင်ဆိုင်သူဖြစ်ဖို့အတွက် လောကမိခင်စိတ်ဓာတ်
ရှိသူ ပြည့်ဝသူဖြစ်လာအောင် အရာရာကို မိမိတတ်စွမ်းနိုင်သမျှ စွန့်လွတ်အနင့်နာခံမှုတွေ ထားနိုင်ကြပါစေ
စာရေးသူ တိုက်တွန်း၍  ဤစာတန်းလေးကို နိ၈ုံးချုပ်လိုက်ပါသည်။

Monday 14 May 2012

ပညာဒါနသင်တန်းကျောင်း

နေဝစ် မဟာချိုင် ထိုင်းနိုင်ငံ ပညာဒါနသင်တန်းကျောင်းကို ရွှေပြောင်းအလုပ်သမားများ၏ ဘာသာရေးအသိ
ဥာဏ်များ တိုးတက်စေရန် စိတ်ရည်သန်၍ ဆရာတော်ဦးဇဋိလဦးဆောင်လောကပါလပညာဒါန
အကျိုးတော်ဆောင်ဖွဲ့မှ ၁၃၇၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့(၁၂၁၀-၂၀၁၁)တွင်စတင်၍ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းကျောင်းရည်ချက်များမှာ (၁) လူသားအားလုံးတို့၏ ဘဝကို မြှင့်တင်ပေးနိုင်ရေး( ၂)လူသားအားလုံးတို့၏အခြေခံပညာရေး ကျမ္မာရေးကောင်းမွန်လာအောင် ကူညီထောက်ပံ့ပေးနိုင်ရေး















(၃)မြတ်ဗုဒ္ဓ၏ အဆုံးမတော်များကို လူသားတိုင်း လွယ်ကူစွာလေ့လာကျင့်သုံးနိုင်ရေးတို့ဖြစ်ပါသည်။
            သင်တန်းကျောင်းရေရှည်တည်တန့်နိုင်ရေးအတွက် စေတနာဝန်ထမ်းအဖြစ်တာဝန်ယူထားကြသော
အကျိုးတော်ဆောင်များ၏ လိုက်နာရမည့် စည်းကန်းချက်များ( ၁)ပရဟိတစိတ်ဓာတ်အပြည့်အဝထားရှိနိုင်ရ
မည်။ (၂)အဖွဲ့သားအချင်းခြင်း နားလည်မှု့ အပြည့်အဝထားရှိနိုင်ရမည်။(၃)အဖွဲ့သားများ၏ လုပ်ဆောင်ချက်
များအတွက် အခက်အခဲ့တွေ့ရှိပါက စိတ်တူကိုယ်တူ ညီညွတ်စွာ ဖြေရှင်းနိုင်ရမည်။(၄)အများအကျိုးကို
အကြောင်းပြပြီး ကိုယ့်အကျိုးအတွက် စီးပွားမရှာရ (၅) ဘာသာရေး လူမျိုးရေး ခွဲခြားလိုသော အပြုမူအပြော
အဆိုများကို မကျင့်သုံးရ။
          လောကပါလပညာဒါနသင်တန်းကျောင်းသို့ လာရောက်၍ ကျောင်းတက်လိုသူများနှင့် စေတနာဝန်
ထမ်းအဖြစ် ပါဝင်အကျိုးဆောင်လိုသူများအား ကြိုဆိုဖိတ်ခေါ်ပါကြောင်း စာရေးသူအနေဖြင့် သတင်း
ကောင်းပါးလိုက်ရပါသည်။ မှတ်ချက်= အခမဲ့ သင်ကြားပေးပါသည်။

Thursday 6 October 2011

နုတ်မစောင့်သူ

လောကမှာ ကိုယ်နှုပ်စိတ်သုံးပါးလုံးကို စောင့်ထိန်းသင့်ပါတယ် ကိုယ်နဲ့နှုတ်ကို မစောင့်ထိန်းပါက ဒုက္ခရောက်တက်ကြပါသည် လိုရာခရီးသို့ မရောက်တတ်ကြပါဘူး တကယ်တော့ ကိုယ့်နှင့် နှုတ်ကိုစောင့်ထိန်းခြင်းသည် မြတ်ဗုဒ္ဓဟောကြားထားသည်မှာတော့ သီလ လို့ခေါ်ဆိုပါသည်
ဆိုလိုချင်တာက သီလစောင့်ထိန်းသူသည် လိုရာခရီး အပြီးရောက်အောင်သွားနိုင်ပါသည်
သီလမရှိသူများမှာတော့ လိုရာခရီးအပြီးတိုင်အောင် မသွားနိုင်ကြပါဘူး ဘာကြောင့်လည်းဆိုတော့
သီလခေါ်ဆိုသည့် ကိုယ်နှင့်နှုတ်ကို မစောင်းထိန်းနိုင်သည့်အတွက်ကြောင့် ဘဝမှာ မပြောဆိုသင့်သည့်စကား
မပြုလုပ်သင့်သည့်အလုပ်များကို လုပ်မှိစေတတ်ပါသည် လုပ်မှိသွားရင် လောကအပြစ် ဓမ္မအပြစ်တွေဖြစ်
လာတတ်ပါသည် ထို့ကဲ့သို့ အပြစ်ဖြစ်လာပြီဆိုရင် မိမိကိုယ်ကိုလည်း အားကိုးအားထားယုံကြည့်မှု့အား
နည်းလာပါလိမ့်မယ် အခြားသူများကလည်း မိမိကိုအထင်သေး အမြင်သေးတွေဖြစ်လာပါလိမ့်မယ်
သူတော်ကောင်းများ၏ ချီးမွန်းခြင်းကို ခံရမည်မဟုတ်ပေ မိမိစီးပွားဥစ္စာများ ပျက်စီးသွားပါလိမ့်မယ်
နောက်ဆုံးအသက်ပါ အန္တရာယ်ကျရောက်နိုင်ပါသည် ဒါကလောကအပြစ်တွေပေါ့ ဓမ္မအပြစ်ကတော့
သီလမစောင့်ထိန်းသူရဲ့စိတ်ထဲမှာ အဓမ္မလို့ခေါ်ဆိုသည့် လောဘ ဒေါသ မောဟတွေ ပိုပြိးအားကောင်း
လာပါလိမ့်မယ် လောဘော အတ္ထံ နဇာနာတိ ဒေါသော အတ္ထံ နဇာနာတိ မောဟော အတ္ထံ နဇာနာတိ
ဆိုသည့်အတိုင်း လောဘ ဒေါသ မောဟ တွေရင်ထဲစိတ်ထဲမှာ အားကောင်းလာရင် အကျိုးအကြောင်း
အဆိုးအကောင်း လောကသဘာဝအမှန်ကိုမသိနိုင်တော့ဘူး အမှားအမှန်ကို မသိတော့ပါ ကိုယ်လုပ်တာ
အပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတာ မသိနိုင်တော့ လုပ်ချင်တာတွေ ရှောက်လုပ်လိုက်ပါသည် အဲလို့လုပ်
လိုက်တော့ လောကအတွက် မိမိဘဝအတွက် ဆိုးကျိုးတွေဘဲ ဖြစ်လာတတ်ပါသည် အဲဒါကြောင့်
သီလလို့ခေါ်သည့် ကိုယ်နုတ်ကို မစောင့်ထိန်းခြင်းသည် ဘဝမှာ မိမိရည်ရွယ်ထားသည့် ပန်းတိုင်သို့မရောက်
တတ်ပါဘူး ထို့ကြောင့် ဘဝမှာ ပန်းတိုင်ကိုရောက်ချင်ရင်တော့ ကိုယ့်နှင့်နုတ်ကို စောင့်ထိန်းနိုင်အောင်
သတိထားပါ အရာရာတိုင်းမှာ ပြောဆိုသင့် မပြောဆိုသင့် လုပ်သင့်မလုပ်သင့် အပြစ်ဖြစ် အပြစ်မဖြစ်ကို
သတိထားပြီး လိုရာခရီးရောက်အောင် လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါသည် စာဖတ်သူ မိတ်ဆွေ
အပေါင်းတို့




Saturday 17 September 2011

အကြောင်းမှန်ကိုနားမလည်သူ

လောကမှာ အကြောင်းမှန်ကိုနားလည်အောင် သိအောင်လုပ်ဖို့အရေးကြီးလှပါတယ် အကြောင်းမှန်ကိုနားမ
လည်ဘဲ အလုပ် လုပ်ကြမယ်ဆိုရင် အမှားများတတ်ပါတယ် အမှားများတော့ မပြစ်များပါတယ် အပြစ်များ
တော့ လူတိုင်းရဲ့ ယုံကြည့်မှုကိုမရတတ်ပါဘူး လူတိုင်းကမယုံကြည်တော့ဘူးဆိုရင် ထိုသူဘဝမှာ ပျော်ရွှင်
မှု အောင်မြင်မှုတွေ လျှော့ကျသွားတတ်ပါတယ် အဲဒါကြောင့် မည်သည့်အရာမဆို ပြဿနာတွေနှင့်ကြုံလာခဲ့ရင် အကြောင်းမှန်သိအောင်စီစစ်ပြီးမှ ဖြေရှင်းပါ အဲဒါဆိုရင် အောင်မြင်မှုတွေရလာပါလိမ့်မယ် ပျော်ရွှင်သော
ဘဝကိုပိုင်ဆိုင်လာပါလိမ့်မယ် စားရေးသူ၏ အတွေ့ကြုံလေးကို ဗဟုသုတအနေဖြင့် ပေးချင်ပါတယ်
တအောင့်လောက် သည်းခံပြီးအားပေးစေချင်ပါတယ် တစ်နေ့သောအခါမှာသူငယ်ချင်းတစ်ယောက်ကသူငယ်တစ်ယောက်၏အပြစ်ကိုပြောပါ
တယ် သူငယ်ဟာသူတစ်ပါးပစ္စည်းဥစ္စာကို ပိုင်ရှင်မသိဘဲယူတတ်သည့်အလေ့အကျင့်ရှိပါတယ်ဟုပြောပါတယ် ထိုသူငယ်
ရောက်လာပြီးနောက် ကိုယ် အမြတ်နိုးသိမ်းဆည်းထားသည့် ပစ္စည်းတစ်ခု ရှာမတွေ့ဖြစ်နေပါတယ် ထိုသူငယ်
ယူသွားသည်ထင်ပြီး ထိုသူငယ်ကို သက်မည်ဟုအကြံဖြစ်သည့်အထိ ဒေါသထွက်ခဲ့ပါတယ် ဒါပေမဲ့ သူကိုရှာပြီး
စစ်ဆေးကြည့် သူမယူသည့်အကြောင်းမှန်ကိုပြောပြပါတယ် ဒါပေမဲ့သူငယ်စကားကိုအကြွင်းမဲ့မယုံကြည့်ခဲ့
ပါဘူး ကိုပျောက်သည့်ပစ္စည်းအထားမှားပြီးပြန်တွေ့တော့မှဘဲ ယုံကြည့်ခဲ့ပါတယ် ဆိုလိုချင်တာကတော့
အကြောင်းမှန်ကိုမသိပါဘဲ ဘယ်အရာကိုမှ အပြစ်တင်မစောစေချင်ပါဘူး အသေချာလေ့လာပါ ဆန်းစစ်ပါ
ဖြစ်နိင်၏ မဖြစ်နိင်၏ကို ဆန်းစစ်တတ်သောအလေးအကျင့်ကို လုပ်ပေးပါ ဒါမှာ ဘဝမှာ အမှားနည်းပါလိမ့်
မယ် အမှားနည်းမှ ဘဝမှာ လူတိုင်းကလေးစားကြည်ညိုလာပါလိမ့်မယ် လူတိုင်းရဲ့ ယုံကြည့်အားထား
လောက်သောသူဖြစ်လာပါလိမ့်မယ် လူတိုင်းရဲ့ယုံကြည့်မှုကိုရလာမယ်ဆိုရင် ဘဝမှာ ပျော်စရာကောင်း
သည့်ဘဝ အစစအရာရာ အောင်မြင်သည့် သူတစ်ယောက်ဖြစ်လာနိင်ပါသည် အဲဒါကြောင့် အကြောင်းမှန်
ကိုနားလည်သောသူဖြစ်အောင် ကြိုးစားနိင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါသည်

Tuesday 23 August 2011

ဘဝမှာ အပြုံးမပပျက်သူ

ဘဝမှာ အဆင်မပြေတာတွေ့ကြုံလာခဲ့ရင် စိတ်ဓာတ်တွေကျဆင်းပြီး မပြုံးနိုင်တော့ဘဲ မဲ့ငိုလို့မဆုံးဖြစ်တတ်
သူတွေများပါတယ် ဘာကြောင့်ဒီလို အငိုမဆုံးဖြစ်သလဲဆိုရင် လောကသဘာဝကို သည်းမခံနိုင်သောကြောင့်
အငိုမဆုံးဖြစ်ကြရပါတယ် ဘာကြောင့်သည်းမခံနိုင်သလဲဆိုတော့ သည်းခံလောက်သည့် အရည်းသွေးမရှိလို့
ပါ ဘဝမှာ သတ္တဝါတိုင်းကြုံတွေ့ရသမြဲဖြစ်သည့် အဆင်ပြေမှု မပြေမှု။ ကျော်ကြားမှု မကျော်ကြားခြင်း
အခြံအရံတွေပေါများခြင်း မပေါများခြင်း ဥစ္စာရခြင်း မရခြင်း စသည့်လောကသဘဝများသည် လူတိုင်းတွေ့
ကြုံရသည့် လောကသဘဝများကို ကျော်လွန်၍မရသည့် အရာများပင်ဖြစ်ပါသည်  ဤအရာများနှင့်တွေ့ကြုံ
လာသည့်အခါ မိမိ၏စိတ်ကို မတုန်မလှုပ်နေနိင်အောင်ကြိုးစားမှသာလျှင် အပြုံးမပျက်သူဖြစ်နိုင်ပါမည်
ဘယ်လိုကြိုးစားမှာလဲဆိုတော့ အဆင်မပြေခြင်းနှင့်တွေ့လာခဲ့ရင် ဘာကြောင့်အဆင်မပြေဖြစ်တာလဲဆိုသည့်
အကြောင်းရင်းရှာပြီး အဆင်ပြေနိုင်သည့်လုပ်ရပ်များကို စိတ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်ထားပြိးလုပ်သင့်
သည်ကိုကြိုးစားလုပ်ရပါမည် ဘယ်လိုအခေတ်ခဲမျိုးကိုဘဲတွေ့တွေ့ အပြုံးမပျက်စိတ်ကိုထားနိင်ဖို့အရေးကြီးပါ
သည် ဥစ္စာရခြင်း မရခြင်းနဲ့တွေ့ကြုံလာမယ်ဆိုရင်လည်း ဥစ္စာမရလို့ စိတ်ဓာတ်ကျနေမည့် အစား မိမိရချင်
သည့်ပစ္စည်းဥစ္စာရနိင်သည့်အကြောင်းရင်းရှာပြီး မရနိင်ခြင်း၏အကြောင်းကဘာလဲဆိုတာ သိအောင်ကြိုး
စားပါ စိတ်ဓာတ်မကျဘဲ မိမိစိတ်ကိုကြန့်ကြနို့ခိုင်အောင်ကြိုးစားလိုက်ပါ အဲဒါမှ ဘဝမှာအပြုံးမပျက်သူ
ဖြစ်ပါမည်

Saturday 13 August 2011

ဘဝအောင်နိုင်သူ

လောကမှာ ဘဝအောင်နိုင်သူဆိုတာ ဘယ်လိုသူဖြစ်ပါသလဲ ဟုမေးခဲ့မယ်ဆိုရင် အယုံကြည့်မှု့မလွယ်သောသူသည် အောင်နိင်သူဖြစ်နိင်သည် ဘာကြောင့်လည်းဆိုတော့ စီစစ်ပြီးဝေဖန်သောပညာပါလာသည့်အတွက်ကြောင့် ဘဝမှာအမှားကင်းပြီးဘဝအောင်နိင်သူဖြစ်ပါသည်   သို့မဟုတ် အယုံကြည့်လွယ်သောသူသည်ကါး ဘဝမှာအမှားများ
များလှပါသည်သို့အတွက်ကြောင့် လောကမှာ အမှားအမှန်ကိုပိုင်းခြားပြီးမှ အစစ အရာရာလုပ်သင့်မလုပ်သင့် ပြောသင့်မပြောသင့်အပြစ်ရှိမရှိကို စီစစ်ဝေဖန်ပြီးမှယုံကြည်သင့်ပါသည် ဘာကြောင့်လည်းဆိုတော့ သူတစ်ပါးကအမှား
ပြောဆိုသည်ကို ကိုယ့်ကအယုံကြည့်လွယ်ပြီး မလုပ်သင့်တာကိုလုပ်မှိမယ် မပြောသင့်သည်ကိုပြောမှိမယ် မကြံစည်သင့်သည်ကို စဉ်းစားကြံစည်လိုက်မယ်ဆိုရင် ဘဝမှာအရှုံးဆုံးမှုများစွာရနိုင်ပါသည်
ဥပမာအဇာတသတ်မင်းသားကို ကြည့်ပေါ့ သူသည် အမှားပြောသည့် ဒေဝဒတ်၏စကားကိုယုံကြည့်လွယ်
ပြီး အမှားအမှန်ကို မဝေဖန်မပိုင်းခြားဘဲ အယုံကြည့်လွယ်ခဲ့သည့်အတွက်ကြောင့် ဘဝ၏အောင်နိုင်သူသည်မဖြစ်ခဲ့ပါဘူး ဘဝမှာအရှုံးကြီးရှူံးဆုံးခဲ့ရပါသည်
ဘာကြောင့်လည်းဆိုတော့ အယုံကြည့်လွယ်ခဲ့လို့ပါ အဲဒါကြောင့် ဘဝမှာ အောင်နိုင်သူဖြစ်ဖို့အတွက် အယုံကြည့်မလွယ်
ဖို့ ယုံကြည်မှုမမှားဖို့ ယုံကြည့်မှုမှန်ကန်ဖို့အရေးကြီးလှပါသည် ဘယ်လို့မှန်ကန်ရမှာလဲဆိုတော့ မိမိလုပ်သည့်
အလုပ်ပေါ်မှာ အမှားအမှန်စီးစစ်ဝေဖန်သုံးသပ်ပြီးလုပ်ဖို့လိုအပ်ပါသည်  ယုံကြည်မှုမှန်ကန်မယ်
ဆိုရင် ဘဝအောင်နိုင်သူဖြစ်နိုင်ပါသည် ယုံကြည့်မှုမှန်ကန်ဖို့အတွက် စီစစ်မှုပညာပါလာဖို့အရေးကြီးပါသည် ယုံကြည်မှု့အပေါ်မှာစီစစ်မှုဖြင့် အလုပ် လုပ်သွားမယ်ဆိုရင် ဘဝ
မှာ အမှားနည်းပြီး အောင်နိုင်သူဖြစ်နိုင်လိမ့်မယ်ဟု စာရေးသူမြင်ပါသည် သို့အတွက်ကြောင့် ဘဝအောင်
နိုင်သူများဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်လျက် ဒီစာလေးနိဂုံးအဆုံးသက်လိုက်ပါရစေ

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget