www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Monday 28 May 2012

လောကမိခင်စာကြည့်တိုက်

        မဟာချိုင်နေဝစ် လောကမိခင်ပညာဒါနသင်တန်းကျောင်း ဝေယျာဝစ္စအသင်းမှ ဦးစီးဦးဆောင်ပြုလျက်
၁၃၇၄-ခုနှစ်(5-28-2012)တနင်္လာနေန့တွင်လောကမိခင်စာကြည်တိုက်ကို တင်ဖွင့်လျှစ်ခဲ့ပါသည်။ ကျောင်းသူကျောင်းသားနှင့် အခြား
စာပေဝါသနာရှင်များ ဖတ်ရှုကြပါသည် စာအုပ်များမှာ ဘာသာရေး ပညာရေး ကျမ်းမာရေး အသိများရစေမည့်
စာအုပ်များသာဖြစ်ပါသည်။ အခုမှ စတင်တည်ထောင်သည်သာ ဖြစ်သောကြောင့် စာအုပ်များ အလွန်နည်းပါးပါသည်။
သို့ဖြစ်ပါ၍ စာအုပ်လှူဒါန်းလိုသူများ မည်သူမဆို လှူဒါန်းအားပေးနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
    လောကမိခင်စာကြည့်တိုက် စတင်တည်ထောင်ရခြင်း၏ ရည်ချက်များမှာ ဘာသာသာသနာနှင့်ဝေနေ
သောရွှေ့ပြောင်းအလုပ်သမားများနှင့် စာပေဝါသနာရှင်များ ဘာသာရေးအသိဥာဏ်များရစေရန်နှင့် လက်မှု့ပညာ နုပ်မှု့ပညာလောကီပညာအဖျာဖျာတို့ကို
ရရှိစေရန် စိတ်ရည်သန်၍ လောကမိခင်ပညာဒါနသင်တန်းကျောင်း ဝေယျာဝစ္စအသင်းမှ ဦးဆောင်လျက်
လောကမိခင်စာကြည့်တိုက်ကို ဖွင့်လျှစ်ခဲ့ခြင်း ဖြစ်ပါသည်။
       လောကမိခင် အမည်နာမပေးခြင်း၏ အကြောင်းမှာတော့ အများသိပြီးသားဖြစ်ကြသည့်အတိုင်းပါပဲ စာကြည့်တိုက်မှ စာပေသည် လောကကိုစောင့်ရှောက်နိုင်ပါသည် ဘာကြောင့်ဆိုတော့ လောကလူငယ်အပေါင်း
ကိုအသိဥာဏ်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။ လူငယ်မျိုးဆက်သစ်တို့၏ စိတ်ရိုမ်းတွေကို လိမ္မာလာအောင်
ပြုပြင်ပေးနိုင်ခြင်းသည် လောကကို ကောင်းမွန်လာအောင် စောင့်ရှောက်ပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့်
လောကဥပမာနဲ့ပြောမယ်ဆိုရင် သားကောင်းရတနာ သမီးကောင်းရတနာများဖြစ်လာအောင်စောင့်ရှောက်
ပေးသည့် မိခင်နဲ့တူပါတယ် ဒါကြောင့် လောကမိခင်စာကြည့်တိုက်ဟုအမည်နာမပေးခဲ့ခြင်းဖြစ်ပါသည်။

No comments:

Post a Comment

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget