www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Saturday 26 February 2011

တစ်ဘို့သာရှိသောလူ

လောကမှာ လူအမျိုးမျိုးရှိကြပါသည် အခုပြောချင်တာက တဘို့သာရှိသောလူဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာကိုသိစေလိုသောဆန္ဒဖြင့်
ရှေ့ဆရာများဆုံးမသည့်အတိုင်းတင်ပြမှာဖြစ်ပါသည် လူအမျိုးမျိုးရှိကြသည့်အထဲမှာ လူနှစ်မျိုးကိုဘဲရေးသား
မည်ဖြစ်ပါသည် ထိုလူနှစ်မျိုးကဘယ်သူတွေလဲဆိုရင် တဘို့သိတတ်သောသူ နှစ်ဘို့သိသောသူဟု နှစ်မျိုးရှိ
သည်(၁)နှစ်ဘို့ရှိသောလူဆိုတာ ဘယ်လိုလူမျိုးလဲ ဘာဘဲလုပ်လုပ်သူ့ဖို့ ကိုယ့်ဖို့သိတတ်သောလူမျိုးဆိုလိုပါ
သည် နားလည်အောင်တစ်မျိုးပြောမယ်ဆိုရင်ကိုယ်ချင်းစာနာတတ်သောသူ မျှမျှတတနားလည်ခံစားတတ်သူ
သူ့ဘို့ကိုယ့်ဘို့နားလည်ပေးနိုင်တဲ့သူ စာပေနှင်ဲ့အညီပြောရမယ်ဆိုရင် မဇ္ဈိမလမ်းစဉ်ကိုလိုက်နာကျင့်သုံးသူဟု
အဓိပ္ပါယ်ရှိပါသည် တနည်းအားဖြင့်သူ့ကျိုးကိုယ့်ကျိုးကိုသိတတ်သောသူ အစွန်းမရောက်သောသူဟုဆိုလိုပါသည် ထိုလူမျိုးကိုနှစ်ဘို့ရှိသောလူဟုဆိုလိုပါသည် ဆရာများ၏ဆုံးမချက်လေးကို
တင်ပြပါရစေ မင်းတို့ လူမှန်ရင် နှစ်ဘို့ရှိရမယ်ကွ တဘို့တည်းရှိရင်တော့လူ
မဟုတ်ဘူးကွ မင်းတို့နားလည်လားဟု ပြောခဲ့ဖူးပါတယ် ဆရာတော်က
 တဘို့တည်းသာရှိသောအကောင်သည် ဘာကောင်လဲဆို
တာမင်းတို့သိလားကွ ဟု ထပ်ပြီးမိန့်တော်မူပါသည် ထိုသို့ဆရာတော်ကမိန့်လိုက်သည့်
အခါမှာ စာရေးသူအပါဝင်တပည်များက လောကမှာတဘို့တည်းရှိသည်မှာ
နွားတိရိစ္ဆာန်ဖြစ်ပါသည်ဟုဖြေခဲ့ပါတယ် အဲလိုဖြေလိုက်တော့ ဆရာတော်က
အေးကွ မိမိကိုယ့်ကို ဘာကောင်လဲဆိုတာသိအောင်ကြိုးစားကြကွ ဟုမိန့်
ခဲ့ဖူးပါသည် အဲဒါကြောင့် လောကမှာ တဘို့သာရှိသောလူမျိုးမမြစ်ဖို့အရေး
ကြီးလှပါသည် ဘာကြောင့်လဲဆိုတော့ တစ်ဘို့သာသိသောသူသည်အလွန်
ပင်မုန်းစရားကောင်းလှပါသည် ပညာရှိသူတော်ကောင်းများကလဲချီးမွန်းလိမ့်
မရှိပါဘူး ဘာကြောင့်မချီးမွန်းတာလဲဆိုတော့ အတ္တကြီးလို့ပါ ကိုယ့်ကျိုးကိုသာ
ကြည့်တတ်သည် ကိုယ့်ကောင်းစားရေးကိုသာ အရာရာမှာ ဦးစားပေးလုပ်တတ်
ပါသည် မိမိအလိုပြည့်မယ်ဆိုရင် သူတစ်ပါးဆင်းရဲဒုက္ခဘယ်လောက်ရောက်
ရောက် ကိုယ့်ကျိုးသာငဲ့ပြီးလုပ်တတ်ပါသည် ထို့ကြောင့်သူတော်ကောင်းများ
မချီးကျူးကြပါ ဒါကြောင့်လောကမှာတဘို့တည်းသာရှိသောသူ ကိုယ့်ဘို့သာသိသော
သူမဖြစ်ထိုက်ပါဘူး အကယ်၍ တဘို့သာသိသောသူဖြစ်မယ်ဆိုရင်တော့
ဆရာတော်ပြောသလို တိရိစ္ဆာန်နွားနှင့် အတူတူဘဲဖြစ်သွားလိမ့်မယ်
အဲဒါကြောင့် တဘို့သာရှိသောသူမျိုးမဖြစ်ကြစေရန် ရည်စိတ်သန်၍
စာရေးသူအနေနဲ့ သူ့ကျိုးကိုယ့်အကျိုး အတ္တဟိတ ပရဟိတ နှစ်မျိုး
သယ်ပိုးဆောင်ရွက်နိုင်သောသူတော်ကောင်းများဖြစ်ကြစေရန်ရေးသား
လိုက်ခြင်းဖြစ်ပါသည် အမှားပါကပြင်ပေးပါရန် မေတ္တာရပ်ခံပါသည်။

Friday 25 February 2011

တာဝန်ကိုသိသောသူ

လောကမှာ တာဝန်ဆိုတာဘာလဲဆိုရင် လုပ်သင့်သည်အလုပ်မျိုးမဟုတ်ပါ..မဖြစ်မနေလုပ်ရမည့်အလုပ်မျိုးကို
ဆိုလိုတာပါ..ဒါဆိုဘယ်အလုပ်များပါလဲဟုမေးခဲ့ရင်..တာဝန်.ဆိုသည်မှာ.လူဆိုရင်လူရဲ့တာဝန်.လောကတာတာဝန်များရှိ
ကြပါသည်..မိဘ၏တာဝန်..ဆရာ၏တာဝန်..သာသ္မီး၏တာဝန်..တပည့်၏တာဝန်..ခင်မွန်း၏တာဝန်..ဇနီး၏
တာဝန်..ရဟန်းတော်များ၏တာဝန်..ဒကာ.ဒကာမများ၏တာဝန်ဟု..အသီးသီးရှိကြပါသည်။..ထိုအများကြီးထဲ
မှ..သားသ္မီးများ၏တာဝန်များကိုပြောကြည့်ရအောင်..ကျွေးမွေးမပျက် ဆောင်ရွက်စီမံ အမွေခံထိုက်စေ အလှုမျှ
ဝေ၍.စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့သာဆိုသည့်တာဝန်များသည်..ကျင့်သင့်သော
တာဝန်မျိုးသာမဟုတ်ပါ  ဧကန်မုချကျင့်ရမည့်တာဝန်ဖြစ်ပါတယ် မိဘများသည်သားသ္မီးအတွက်ပေးဆက်ခဲ့ရသောကျေးဇူးများမှာ အနန္တ.တိုင်းတာခြင်းငှာမစွမ်းနိုင်ပါဘူး အဲဒါကြောင့်
ကျေးဇူးဆက်သင့်သည်သာမဟုတ် ကျေးဇူးမဖြစ်မနေဆက်ရပါမည်ဖြစ်ပါသည် ဆက်သင့်သည်ဟုသာ
ပြောမယ်ဆိုရင် တာဝန်မဟုတ်တော့ပါဘူး ဝတ္တရားမျိုးဖြစ်သွားပါလိမ့်မယ် ဝတ်တရားဆိုသည်မှာလုပ်နိုင်
မှလုပ်မလုပ်နိုင်ရင်လဲ သိပ်အရေးမပါလှပါဘူး..တာဝန်ဆိုသည်မှာ ဝတ်တရားမျိုးကဲ့သို့ လုပ်သင့်မှာလုပ်
လုပ်မည့် ကျင့်ဝတ်မျိုးမဟုတ်ပါဘူး မဖြစ်မနေလုပ်ရမည့်တာဝန်မျိုးသာဖြစ်ပါသည် ဒါဆိုမလုပ်ရင်ကော
ဘယ်လို့အကျိုးအပြစ်များသက်ရောက်နိုင်ပါသလဲဆိုသည့်မေးခွန်များ မေးလာနိုင်ပါသည် လောကမှာ
ကြွေးယူပြီးပြန်မပေးဘူးဆိုရင် ဘယ်လိုအကျိုးအပြစ်ဖြစ်နိုင်သလဲဆိုတာအရင်စဉ်းစားကြည့်ရအောင်
လက်ရှိဘဝမှာဘဲ မင်းဘေးမင်းဒဏ်အပေးခံရမယ် တမလွန်ဘဝမှာလဲမိမိယူထားသည့်အကြွေးကို
သခင်ထံမှာ တိရိစ္ဆာန်ဖြစ်၍သော်လည်ကောင်း လူဖြစ်မယ်ဆိုရင်လဲ ကျေးကျွန်အဖြစ်နဲ့အကြွေးမကျေ
မခြင်းဆက်မယ် ဆိုသည့်အကျိုးအပြစ်များကိုခံစားရမယ်ဆိုသည်မှာမြေကြီးလက်ခက်မလွဲပါဘဲ
အခုပြောခဲ့သည့်အကြွေးဆိုတာ မိဘကျေးဇူးနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဘာမှမပြောပလောက်သေးပါဘူး
အဲဒါကြောင့်မိဘကျေးဇူးကို မဆက်ဖြစ်ဘူးဆိုရင်တော့အလွန်အမင်းကြီးလေးသောအကျိုးအပြစ်များကို
ရရှိခံစားကြရမယ်ဆိုတာ သင်နားလည်ဖို့လိုပါသည် ကျေးဇူးများကိုသားသ္မီးကျင့်ဝတ်ရှိသည့်အတိုင်းဆက်
မယ်ဆိုရင်ကော ဘယ်လို့အကျိုးများရရှိခံစားရမလဲဆိုရင်တော့ မြတ်ဗုဒ္ဓသည် မင်္ဂလာသုတ်ပါဠိတော်မှာ
ဟောဖော်ညွန်ကြားထားသည့်အတိုင်းပါဘဲ..မေ့နေမှာစိုးလို့သတိပေးလိုက်အုံးမယ်နော်..မာတာပိတုဥပဋ္ဌာနံ
..ဧတံမင်္ဂလမုတ္တမံ ဟုဟောထားတာရှိပါသည် ဧတံ=သားသ္မီးတာဝန်ကျေပြွန်အောင်ကျေးဇူးသိတတ်ခြင်း
သည် ဥတ္တမံ=ကြီးပွားကြောင်းမြတ်လှပါပေ၏ .ကြီးပွားကြောင်းတရားပါ.ဥတ္တမ-အမြတ်တရားပါ။ တနည်း
အားဖြင့်ဘာသာပြန်မယ်ဆိုရင်.အထက်တန်းစားလူများ၏အကျင့်မြတ်ဖြစ်ပါတယ် သားသ္မီးတာဝန်ကိုကျေပြွန်
အောင်ဆောင့်ရွက်မယ်ဆိုရင် ဒီဘဝမှာလဲပညာရှိသူတော်ကောင်းများချီးကျူးခံရမယ် နောက်နောင်ဘဝ
သံသရာမှာလည် အမြတ်ဆုံးအထက်တန်းစားလူ့ဘဝနတ်ဘဝသို့လားရောက်ခံစားရမယ်ဆိုသည့်အကျိုး
များရရှိမယ်  ထိုကြောင့်မိမိတာဝန်ကိုကျေပြွန်လုပ်ကြဖို့အရေးကြီးပါသည် သားသ္မီးကျင့်ဝတ်ထဲမှာအရေး
ကြီးတာလေးပြေချင်တာက စောင့်လေမျိုးနွယ်ဆိုသည့်အချက်လေးနည်းနည်းပြောချင်ပါတယ် ဒီအချက်
လေးကပိုအရေးကြီးတယ်လို့စာရေးသူအနေနဲထင်မြင်နေမိပါသည် အမျိုးနွယ်ကိုတန်ဖိုးမထားဘဲ မိမိနှင့်
အမျိုးဘာသာမတူညီသည့် သူများနဲ့ဘဝတလျှောက်လုံးလက်တွဲသွားသူများ ငွေဂုဏ် ပကာသနအထင်
ကြီးပြီး မိမိတာဝန်တွေကိုမလေးစားမလိုက်နာသော သားသ္မီးများရှိနေသည်မှာ အမျိုးဘာသာအတွက်အ
လွန်ပင်ဝမ်းမသာစရာပါ ဒါကြောင့်တာဝန်သိသောလူဖြစ်ဖို့အရေးကြီးလှပါသည် တချို့သူများသည်
စကားပြောတာကတော့ သာသနာဝန်ထမ်း နိုင်ငံဝန်ထမ်းဆောင်မယ်ဟုကြီးကြီးကျယ်ကျယ်ပြောတက်ကြ
ပါသည်သို့တော်လည် မိမိနှင့်သာဆိုင်သောမိမိ၏တာဝန်အနည်းငယ်လေးတောင်မထမ်းဆောင်နိုင်ကြပါ
ဘူး လောကကြီးမှာ ကိုယ့်တာဝန်သာကိုကျေပွန်အောင်ထမ်းဆောင်နိုင်ကြမယ်ဆိုရင်ဘာပြဿနာမှ
ဖြစ်မှာမဟုတ်ပါဘူး စကားကြီးစကားကျယ်ပြောတတ်သူတွေကပိုဆိုးတယ် စာရေးသူ၏ကိုယ့်တွေ့လေးတင်
ပြလိုက်ပါရစေ ဘာလဲဆိုတော့ နိုင်ငံဝန်ထမ်းမယ်ဆိုပြီးလူထင်ကြီးအောင်နိုင်ငံရေးလုပ်သလိုလိုနဲ့အော်
ကြီးအစ်ကျယ်လုပ်နေတဲ့သူတစ်ယောက်ပါ နိုင်ငံတာဝန်တော့ထမ်းဆောင်နိုင်ပါ့မလားမသိပါဘူး ထမင်းစား
ပြီးတော့ကိုယ်စားသည့်ပုဂံပြားလေးတောင်မဆေးကျောနိုင်ဘူး မဆေးဘဲပစ်ထားလိုက်တယ်လေ စာရေး
သူကပြောပါတယ် မင်းပြောတော့အများအကျိုးအတွက်နိုင်ငံရေးလုပ်နေတယ်ဆိုကွ ကိုယ်စားသည့်ပုဂံ
ပြားလေးတောင်မဆေးကျောနိုင်ဘူးကွ ပြောလိုက်တယ် ဒီတော့သူကမကြည့်သည့်မျက်လုံးကြည့်ပြီး
ဘာဆိုင်လို့လဲကွ စားရေးသူကိုပြန်ပြောပါသည် စားရေးသူကဆိုင်တာပေါ့ကွ ကိုယ့်နှင့်သာဆိုင်သည့်ကိုယ်
တာဝန်ကိုတောင်မလုပ်နိုင်ဘူးဆိုရင် သူများအတွက်မင်းဘယ်လို့လုပ်နိုင်မှာလဲဟုချေပစကားပြောခဲ့ပါသည်
ဒါကြောင့်လောကကြီးမှာ ကိုယ့်တာဝန်လေးကိုသိဖို့နဲ့ကျေပွန်အောင်ထမ်းဆောင်နိုင်ကြမယ်ဆိုရင် အရာ
အားလုံးအောင်မြင်နိုင်မယ်ကြီးပွားတိုးတက်နိုင်မယ်လို့ စာရေးသူအနေနဲ့မြင်ပါသည် သို့အတွက်ကြောင့်လောကမှာတာဝန်သိ
ပြီးမိမိတာဝန်မိမိကျေပွန်အောင်ထမ်းဆောင်နိုင်ကြပါစေလို့ဆုတောင်းပြီးရေးသားလိုက်ရခြင်းဖြစ်ပါသည်။

Tuesday 22 February 2011

ချစ်စရာ အကောင်းဆုံးလူသား

လောကမှာ ဘယ်လိုသူသည် ချစ်စရာအကောင်းဆုံးသူဖြစ်သလဲ ဟု မေးရင် စာဖတ်သူအနေနဲ့ဖြေကြည့်ပါ ....
အဖြေကတော့ အများကြီးထွက်လာမယ်ထင်ပါတယ်..မိမိအပေါ်မှာကျေးဇူးများသူ...သို့မဟုတ်မိမိချစ်သူ...
သို့မဟုတ် မိမိအကြိုက်ဆုံးသူ..သို့မဟုတ်လောကမှာလှဆုံးအချောဆုံးသူ..သို့မဟုတ် ပညာအတတ်ဆုံးသူ..
ဆင်းရဲသူတွေအတွက် ဥစ္စာပစ္စည်းပေါများချမ်းသာသူ..ဂုဏ်မဲ့သူတွေအတွက် ဂုဏ်သိက္ခာရှိသောသူဟု
ဖြေကြမှာပါ တကယ်တော့အဲဒီအဖြေတွေမဟုတ်ပါဘူး..လောကမှာချစ်စရာကောင်းဆုံးသူဟာ မိမိအတွက်
အလိုက်သိသောသူသည်သာ ချစ်စရာအကောင်းဆုံးသူဖြစ်ပါတယ် ပေါ်လွင်ထင်ရှားအောင်ပြောမယ်ဆိုရင်
မိမိအကြိုက်ကိုလိုက်လျော့သောသူသည်သာ မိမိအတွက်ချစ်စရာအကောင်းဆုံးသူဖြစ်ပါတယ်..ဘာကြောင့်လဲ
ဆိုတော့ လောကမှာဘယ်လောက်ဘဲလှလှ ဘယ်လောက်ဘဲဂုဏ်ရှိရှိ...ပညာတွေတစ်ဘတ်ကမ်းရောက်
အောင်တတ်တတ် အလိုက်မသိဘူးဆိုရင်မုန်းစရာအလွန်ကောင်းပါတယ်..အဲဒါကြောင့်အလိုက်သိသောသူ
သည်သာချစ်စရာအကောင်းဆုံးသူဖြစ်ပါတယ်..လောကမှာဘယ်သူက ချစ်စရာအကောင်းဆုံးဖြစ်သလဲမေး
ခဲ့ရင် လောကအတွက်ကောင်းကျိုးချမ်းသာကိုပေးစွမ်နိုင်သောသူသည်သာချစ်ရာအကောင်းဆုံးသူဖြစ်ပါတယ်လို့ဖြေ
နိုင်ပါတယ်  မိမိ၏ိကြိုက်ကို လိုက်လျှော့သောသူသည်သာချစ်စရာအကောင်းဆုံးသူဟုဆိုသည်မှာမိမိ၏စိတ်
ချမ်းသာမှု့ပေးစွမ်းနိုင်သူကိုဆိုလိုပါတယ်လောကအတွက်ချစ်စရာအကောင်ဆုံးသူဆိုသည်မှာလဲ လောကကို
ချမ်းသာမှု့ပေးစွမ်းနိုင်သောသူသည်သာဖြစ်ပါတယ် ဒါဆိုဘယ်သူဖြစ်နိုင်တယ်ဆိုတာသဘောပေါက်လောက်ပါပြီ
လောကမှာ မိဘများအတွက်ချစ်စရာအကောင်းဆုံးသားသ္မီးဆိုတာလဲရှိလာမယ်..ဆရာများအတွက်ချစ်စရာ
အကောင်းဆုံ့းတပည့်ဆိုတာလဲရှိလာမယ် ချစ်စရာအကောင်းဆုံးတပည့်သည် ဘယ်သူဖြစ်နိုင်မလဲ မေးစရာရှိလာပါတယ် မိဘရဲ့စကားကိုနားထောင်သောသားသ္မီး
သည် မိဘ၏အကြိုက်ကိုလိုက်လျော့သောသားသ္မီင်္းသည် ချစ်စရာကောင်းဆုံးသားသ္မီးဖြစ်ပါတယ်
ဆရာရဲ့ချစ်စရာအကောင်ဆုံးတပည့်သည်ဘယ်တပည့်ဖြစ်နိုင်မလဲဆိုရင်..ဆရာ၏ဆုံးမစကားကိုနားထောင်
သောတပည့်သည်သာချစ်စရာအကောင်းဆုံးတပည့်ဖြစ်ပါတယ် သားသ္မီး၏ချစ်စရာအကောင်းဆုံးမိဘ
တပည့်၏ချစ်ရာအကောင်ဆုံးဆရာဆိုတာလဲရှိနိုင်ပါတယ်..သိလွယ်အောင်ပြောမယ်ဆိုရင် အလိုက်သိသော
မိဘဆရာသည်သာချစ်စရာအကောင်းဆုံးမိဘ.ဆရာ ဖြစ်ပါတယ် ဒါကြောင့်လောကမှာ ချစ်စရာအကောင်း
လူသားကိုပြောပါဟုသင့်ကိုမေးမယ်ဆိုရင် အလိုက်သိသောသူသည်သာ ချစ်စရာအကောင်းဆုံးသူဖြစ်ပါ
တယ် ဒါကြောင့်လောကမှာချစ်စရာအကောင်းမိတ်ဆွေခင်မွန်ဆိုတာလဲရှိနိုင်ပါတယ် ချစ်စရာအကောင်းဆုံး
ခင်မွန်းဆိုသည်မှာ..ဇနီး၏အကြိုက်ကိုလိုက်လျော့တတ်သောခင်မွန်းသည်သာချစ်စရာအကောင်းဆုံးသူဖြစ်ပါ
တယ် ခင်မွန်းသည်၏ချစ်စရာအကောင်းဆုံးဇနီးသည်..ခင်မွန်းသည်၏အချိုကြိုက်တတ်ရင် အခါးကြွေးတတ်
သူမဟုတ်ရပါ..အခါးကြိုက်တတ်သူကိုလဲ အချိုကြွေးတတ်သူမဟုတ်ရပါ..သူ့အကြိုက်ကိုအလိုက်သိသိလိုက်
လျော့တတ်သူဇနီးဖြစ်ရမယ် အဲဒါမှချစ်စရာကောင်းဆုံးဇနီးဖြစ်နိုင်မယ်ဖြစ်ပါတယ် ထိုကြောင့်လောကမှာချစ်
စရာအကောင်းဆုံးသူဖြစ်အောင်ကြိုးစာနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်ါးလျက်ရေးသားလိုက်ရပါသည်။

Friday 18 February 2011

စည်လုံးညီညာ အောင်ကြောင်းဖြာ



လောကမှာ ညီညွတ်ကြဖို့အရေးကြီးပါတယ် ဘာကြောင့်လည်းဆိုတော့ ညီညွတ်ခြင်းသည်အရာအားလုံးကိုအောင်မြင်နိုင်စေပါသည်။
ဒါကြောင့် အလုပ်တစ်ခုစတင်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်ဖို့အတွက်ညီညီညာညာဆောင်ရွက်ကြဖို့အရေးကြီးလှပါသည်။
အောက်မှာတင်ထားသည့်ဖြစ်ရပ်မှန်လေးကိုကြည်လိုက်ပါ ညီညွက်ခြင်း၏ရလဒ်ကို တွေ့မြင်ရလိမ့်မယ်။
တိရိစ္ဆာန်ထဲမှာ ပြိုင်ဘတ်ကင်းသည့်ဟုယူဆရလောက်အောင် ခွန်အားဗလကြီးမားသောခြင်္သေ့မင်းစစ်တပ်နှင့် အားငယ်သောကျွဲစစ်
တပ်များစတင်စစ်ထိုးခဲ့ကြသည်မှာ စိတ်ဝင်စားစရာကောင်းလှပါသည် ဘာကြောင့်လဲဆိုတော့ အားငယ်လှသောကျွဲများသည်စည်းလုံး
ညီညာစွာစစ်ထိုးခဲ့သည်ဖြစ်သောကြောင့်အောင်ပွဲကိုရရှိခဲ့ပါသည် ဒီလိုပါဘဲ လောကမှာလဲ စီးပွားရေး လူမှု့ရေး ပညာရေး ပြဿနာ
များကို ညီညီညွတ်ညွတ် ကျြိးစားသွာမယ်ဆိုရင်အောင်
် မြင်မှု့ပန်းတိုင်သို့ရောက်သွားမှာပါ ဒါကြောင့်ညီညွတ်ကြဖို့အရေးကြီးပါသည် ကိုယ့်ဘဝမှာလဲ အောင်မြင်မှုရလိုချင်အရေးကြီးတာက
ညီညွတ်ဖို့အရေးကြီးပါတယ် ကံ ဥာဏ် ဝီရိယ ၃ ချက်ညီညွတ်ဖို့အရေးကြီးပါသည် လူတိုင်သိကြသည့်လောကဆိုးရိုးစကားလေးပါ
ဥာဏ်သာရှိ ကံမရှိက ဥာဏ်ရှိတိုင်းမွဲ ဆိုသည့်ရှေးသူတောင်းကောင်းများအဆိုအမိန်တိုင်းပါဘဲ ဘဝမှာအောင်မြင်းချင်ရင် ကံ ဥာဏ်
ဝိရိယ ညီညွက်ဖို့အရေးကြီးအရေးကြီးပါသည် ဝီရိယရှိပြီး ကံ ဥာဏ်နှစ်ပါးမရှိရင်လည်း ဘဝမှာအောင်မြင်မှုပန်းတိုင်အထွဋ်ထိပ်သို့
မရောက်နိုင်ပါဘူး ကံ ဥာဏ် ဝီရိယ ညီညွတ်နေမှသာ ဘဝမှာအောင်မြင်မယ် ဒါကြောင့်ဘဝမှာအေင်မြင်သူများ ကံ ဥာဏ် ဝိရိယ
ညီညွက်ပြည့်စုံအောင်ကြိုးကြရမယ် လောကမှာလည်းအောင်မြင်ဖို့အလုပ်များလုပ်ကြမယ်ဆိုရင် (၁)အဖွဲအစည်းများနှင့်လုပ်မယ်ဆိုရင်
လူအခြင်းခြင်းစည်းလုံးညီညွက်ရမယ် (၂)စိတ်ဓာတ်ညီညွက်ရမယ် အဆိုပါအချက်နှစ်ချက်ပြည့်စုံညီညွက်မယ်လောကမှာအောင်ဖို့
သေချာပါတယ်ဆိုတာ အောင်မြင်ခြင်းရလဒ်ကိုလိုချင်သူတိုင်းအတွတ် သိစေလိုပါတယ်။

သဘာဝကို လှည့်စားသည်


အပြစ်ဆိုသည်မှာ

အပြစ်ဆိုတာဘာလဲ လုပ်သင့်တာကိုမလုပ်ရင်လည်း အပြစ်ပါဘဲ မလုပ်သင့်သည်ကို လုပ်မိရင်လည်း အပြစ်ပါဘဲ။ မပြောသင့်တာကိုပြောမှိရင်လည်း အပြစ်ပါဘဲ ပြောသင့်သည်ကို မပြောမှိရင်လည်းဘဲ အပြစ်ပါဘဲ မကြံသင့်သည်ကို ကြံမှိရင်လည်းဘဲ အပြစ်ဖြစ်ပါတယ်။ ကြံသင့်တာကို မကြံမှိတာလည်း လောကမှာ အပြစ်ဖြစ်ပါတယ်။ အဲဒါကြောင့် မင်းတုန်းမင်းကြီးက ဆရာတော်တစ်ပါးကို လျှောက်ထားသည့် စကားလေးတစ်ခွန်း ရှိပါတယ် အဲဒီစကားလေးက အနက်ဓိပ္ပါယ်ရှိပါတယ် လေးနက်ပါတယ် ဘယ်လို လျှောက်ထားသလဲ ဆိုတော့ တပည့်တော်တို့ ဝတ်ထားသည့်အဝတ်ပုဆိုးတွေက အပြစ်များတယ်လို့ ဆရာတော်အား လျှောက်ထားခဲ့ဖူးပါတယ် မင်းတုန်းမင်းကြီးပြောဆိုခဲ့သည့်   အဝတ်ပုဆိုးဆိုတာ ပကတိအဝတ်ပုဆိုးကိုပြောရင်းမဟုတ်ပါဘူး အဝတ်ပုဆိုးနှင့်တူသောလောကကျင့်ဝတ်ကိုဆိုလိုတာပါ လောကကျင့်ဝတ်ဆိုတာ အများကြီးရှိပါတယ် လူဖြစ်လျှင်လူ့ကျင့်ဝတ် ရဟန်းဖြစ်လျှင်ရဟန်းကျင့်ဝတ် နတ်ဖြစ်လျှင် နတ်၏ကျင့်ဝတ်တွေ အများကြီးပါဘဲ ဒီအများကြီးထဲမှာ လူ၏ကျင့်ဝတ်ကို အမြည်းသဘော လောက် ပြောကြည်မယ်ဆိုရင် မင်းဖြစ်လျှင်မင်း၏ကျင့်ဝတ် ဆရာဖြစ်လျှင် ဆရာရဲ့ကျင့်ဝတ် တပည့်ဖြစ်လျှင် တပည့်၏ကျင့်ဝတ် မိဘဖြစ်လျှင်လည်း မိဘ၏ကျင့်ဝတ် သားသ္မီးဖြစ်လျှင်လည်း သားသ္မီးများ၏ကျင့်ဝတ်များ လောကမှာပြုကျင့်မည်ကျင့်ဝတ်တရားများ ရှိကြပါသည်။ မြတ်ဗုဒ္ဓစာပေမှာတော့ စာရိတ္တသီလဟု ခေါ်ပါတယ်။ အဆိုပါကျင့်ဝတ်များကို မပြုကျင့်နိုင်ဘူးဆိုရင်လဲ 
လောကမှာအပြစ်များဖြစ်ပါတယ် မြတ်ဗုဒ္ဓစာပေမှာတော့ သာဝဇ္ဇကမ္မဟုခေါ်ဆိုပါတယ် လောကမှာ ထိုအပြစ်မျိုးရှိပြီးဆိုရင် ပညာရှိသူတော်ကောင်းများမှ မချီိးမွန်းပါဘူး။ ဘာကြောင့်မချီးမွန်းသလဲဆိုတော့
ကောင်းကျိုးချမ်းသာကို မပေးစွမ်းနိုင်ပါ။ ဒုက္ခဆင်းရဲအပေါင်းကိုသာ ပေးစွမ်းနိုင်သောကြောင့်ဖြစ်ပါတယ် ဒါကြောင့်မင်းတုန်းမင်းကြီးက ဆရာတော်အားလျှောက်ထားခြင်းဖြစ်ပါတယ် တပည့်တော်တို့၏ အဝတ်ပုဆိုး နှင့်တူသောလောကကျင့်ဝတ်သည် အပြစ်များသည် ပြုလုပ်သင့်သော တာဝန်လို့ခေါ်ဆိုရသည့် လောကကျင့်ဝတ်အသီးသီတို့ကို့ မပြုလုပ်နိုင်သောကြောင့် အပြစ်များဖြစ်ပါသည် မပြုလုပ်သင့်သည်ကို ပြုလုပ်မှိရင်လည်း လောကမှာ အပြစ်ပိုကြီးပါတယ် ဥပမာမလုပ်သင့်သည့်
သူတစ်ပါးသားမယားကို ပြစ်မှားစော်ကားမှိရင်လည်း အပြစ်ဖြစ်ပါတယ် မြတ်ဗုဒ္ဓစာပေမှာတော့ ကာမေသုမိစ္ဆာစာရဟုခေါ်ဆိုပါတယ်
မင်းတုန်းမင်းကြီး၏ အဓိကသောက့်ချက်က  ဒီအချက်ပါဘဲ ကာမဂုဏ်ခံစားသည့်မင်းအထဲမှာ နှစ်ယောက်မရှိပါဘူး ရာဂတဏှာကြီးဆုံးမင်းပါဘဲ အဲဒါကြောင့် သူ့ဝတ်ထားသည့် အဝတ်ပုဆိုးဟာ အပြစ်များတယ်လို့ဆိုလိုတာပါ အမှန်မှာတော့ သူသည် မပြုသင့်သော ကာမေသုမိစ္ဆာစာရကို ပြုလုပ်နေ သောကြောင့်အပြစ်များဖြစ်ပါသည်
ထို့ကြောင့် အပြစ်များသည်ဟု လျှောက်ထားခဲ့ပါသည် မပြုလုပ်သင့်သည်ကို ပြုလုပ်မှိရင်လည်း လောကမှာ အပြစ်ဖြစ်ပါသည် မပြောသင့်သည်ကိုပြောဆိုမှိရင်လည်း အပြစ်ဖြစ်ပါသည် ဥပမာ မဟုတ်မမှန်သည့် စကား လိမ်ညာကါပြောဆိုမှိလျှင်လည်း အပြစ်ဖြစ်ပါသည် ပြောဆိုသင့် သည့် ဓမ္မစကား အမှန်တရားကို မပြောမှိရင်လဲဘဲ အပြစ်ဖြစ်ပါတယ် မကြံသင့်သည့် သူတစ်ပါးပျက်စီးရာပျက်စီးကြောင်း ကြံမိရင်လည်း အပြစ်ဖြစ်ပါသည် ကြံသင့်သည့် လောကီလောကုတ္တရာ ကြီးပွားတိုးတက်ကြောင်းတို့ကို မကြံမှိရင်လည်း အပြစ်ဖြစ်ပါသည်ဟု ရှေးသူတော်ကောင်းများ ပြောကြားခဲ့ဖူးသည်ကို မှတ်သားထားဖူးပါသည်။ အဲဒါကြောင့် လောကလူသားအားလုံး အပြစ်ကင်းစွာ ဘဝကို တည်ဆောင်နိုင်ရင် ရည်ရွယ်လျှက် ကြိုးစားပြီး ရေးသာလိုက်ပါကြောင်းနှင့် အမှားပါကဖြည့်ကြည့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Monday 14 February 2011

သဘာဝအလှ

သဘာဝဆိုတာ အမြဲထာဝရမှန်နေသည့်အရာအားလုံးကိုဆိုလိုတာပါ တမျိုးပြောမယ်ဆိုရင် လုံးဝမရိုးနိုင်တဲ့အရာအားလုံးကိုဆိုလိုတာပါ ဥပမာ နှင်းဆီပန်းပွင့်လေးတစ်ပွင့်ဆိုကြပါဆို့ သူ့ရဲ့ပင်ကိုယ်အလှဟာ  ဖန်တီးထားသည့် အလှမဟုတ်ဘူးဆို တာလူးတိုင်းသိကြပါတယ်
ထိုနှင်းဆီပန်းလေးကိုမြင်သူတိုင်းက နှစ်သစ်ကြတယ်ဆိုတာလဲ ပင်ကိုယ်သဘာဝပါဘဲ သူ့ရဲ့မွှေးရနုံ့ဟာလည်း
ပင်ကိုယ်သဘောလေးပါ ဒီသဘောလေးကို သဘာဝရဲ့အဓိပ္ပါယ်ဟုဆိုလိုတာပါ ဒီလောက်ဆို သဘာဝရဲ့သဘောလေးကိုသိနားလည်လောက်ပါပြီ
အလှဆိုတာကတော ဘယ်သောအခါမှမရိုးနိုင်သည့် အလှမျိုးကိုဆိုလိုတာပါ သူမှာရှိသည့်ဂုဏ်သတ္တိအတိုင်းလှနေသောအရာအားလုံးကိုဆိုလိုတာပါ ဥပမာ စိတ်ကူးနဲ့ဖန်တီးထားတဲ့အလှဆိုကြပါစို့ စိတ်ကူးနဲ့ပြုလုပ်ထားသည့်အလှသည် ဘယ်လောက်ဘဲလှတယ်ပြောပြော တစ်နေ့ပျောက်ကွယ်သွားမှာသေချာတယ်ဆိုတာလည်းလူတိုင်းသိ ကြပါတယ် ဖန်တီးထားတဲ့အလှတရားဖြစ်သောကြောင့်လူတိုင်းကမနှစ်သစ်ကြပါဘူး ဖန်တီးထားတယ်မသိတဲ့သူသာ နှစ်သစ်ကြမယ် ဖန်တီးထားတယ်လို့သိရင်တော့ သိတဲ့လူတိုင်းကမနှစ်သက်ကြပါဘူး ဘာကြောင့်မနှစ်မျို့ကျသလဲဆိုတော့ ဖန်တီးထားသည့်အရာဖြစ်နေသောကြောင့်ဖြစ်ပါတယ်

အခုပြောသည့်အလှက အဲ ဒီလိုစိတ်ကူးအလှမျိုးမဟုတ်ပါဘူး  နှင်းဆီပန်းလေးရဲ့အလှတရားကိုကြည့်ပေါ့
သူ့ရဲ့အလှတရားသည်စိတ်ကူးနဲ့ဖန်တီးတာမဟုတ်သောကြောင့်လူတိုင်းကနှစ်သစ်ကြသည်မဟုတ်ပါလော့ဗျာ
ဒါကြောင့်လောကမှာ ဟန်ဆောင်မှုတွေနဲ့ အလှတရားတွေဖန်တီိးမယူမှိဖို့အရေးကြီးပါတယ် တချို့သူများမိမိမှာဘာမှ မရှိသည့်ဂုဏ်တွေကိုရှိတယ် လို့ ကြွားဝါလျက်နေကြပါတယ် ဥပမာပြောမယ်ဆိုရင်
ူလူတိုင်းသိကြသည့်ဒေါင်းရောင်ဆောင်သောကျီတစ်ကောင်ရဲ့ဖြစ်ရပ်လေးတစ်ခုလိုပေါ့သူသည်အရောင်ဆောင်ဖန်တီးထား
တာဖြစ်သောကြောင့်အရှက်တကွဲအကျိုးနည်းဖြစ်ရတာပါ အဲဒါကြောင့်လောကမှာဟန်ဆောင်ပြီးဂုဏ်တွေကိုမဖန်တီးမှိဖို့အရေးကြီးပါတယ်
သဘာဝအလှကိုသာတန်ဖိုးထားနိုင်ဖို့အရေးကြီးပါတယ်ဆိုသည့်အကြောင်းသိကောင်းစရားသိသင့်သာတယ်ထင်လို့ရေးသားခြင်းဖြစ်ပါတယ်
ပင်ကိုယ်သဘာဝအလှသည်သာထာဝရအလှပါ
အရောင်ဆောင်အလှသည်ခဏအလှပါ၊






ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရ



ဘဝမှာ တချို့ကအကောင်းမြင်သူ (ပျော်ရွှင်တဲ့သူ)၊ တချို့က အဆိုးမြင်သူ (မပျော်ရွှင်သူ)အဖြစ် ကျွန်တော်တို့တွေ့နေရတယ်။ ဒါဟာ ဘာကြောင့်လဲ? တကယ်တော့ လောကကြီးက ဘာမှပြောင်းလဲမသွားဘူး။ လူတွေရဲ့စိတ်နေသဘောထားက ပြောင်းလဲနေလို့ဖြစ်တယ်။

အကောင်းမြင်သူမြင်တာက ချိုတဲ့ဒိုးနပ်ဖြစ်တယ်
အဆိုးမြင်သူမြင်တာက ဒိုးနပ်အလယ်က အပေါက်ကိုဖြစ်တယ်

တလောက ဒိုးနပ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်းပုဒ်တစ်ခုကို ကျွန်တော်တွေ့လိုက်တယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "အကောင်းမြင်သူနဲ့ အဆိုးမြင်သူရဲ့ခြားနားချက်ဟာ အရမ်းသေးငယ်လွန်းတယ်။ အကောင်းမြင်သူမြင်တာက ချိုတဲ့ဒိုးနပ်ဖြစ်တယ်။ အဆိုးမြင်သူမြင်တာက ဒိုးနပ်အလယ်က အပေါက်ကိုဖြစ်တယ်" တိုတိုတုတ်တုတ်နဲ့ ဟာသနှောတဲ့ ဒီစာကြောင်းက ပျော်ရွှင်ခြင်းရဲ့ သဘာဝတရားကို ဖော်ပြနေတယ်။

တကယ်တော့ လူတွေရဲ့မျက်စိနဲ့ မြင်တဲ့အရာတွေဟာ အရာဝတ္ထုရဲ့ လုံးလုံးလျားလျား ပုံသဏ္ဌာန်ကို မဟုတ်ဘူး။ သူတို့မြင်တာက သူတို့လိုချင်နေတဲ့၊ သူတို့ရှာဖွေနေတဲ့ ပုံစံကိုပဲဖြစ်တယ်။ အကောင်းမြင်သူနဲ့ အဆိုးမြင်သူတို့ဟာ လိုချင်တာ မတူကြဘူး။ ရှာဖွေတာ မတူကြဘူး။ ဒါကြောင့် တူတဲ့အရာဝတ္ထုတစ်ခုပေါ်မှာ မြင်တဲ့အမြင်ဟာ ကွဲပြားပြီး မတူတဲ့ စိတ်သဘောထားနှစ်ခု ဖြစ်ကြရတယ်။

တစ်နေ့မှာ ရတနာအရောင်းဆိုင်က အရောင်းကောင်တာမှာ ကျွန်တော်ရပ်နေခဲ့တယ်။ စာအုပ်တွေထည့်ထားတဲ့ အထုပ်တစ်ထုပ်ကို ကောင်တာပေါ် ကျွန်တော်ထင်ထားတယ်။ တအောင့်နေတော့ အဝတ်အစား သပ်သပ်ရပ်ရပ်၊ ခန့်ခန့်ညားညားနဲ့ လူတစ်ယောက်ဝင်လာတယ်။ ကောင်တာရှေ့မှာရပ်ပြီး ရတနာတွေကို သူကြည့်တယ်။ ကျွန်တော်က ယဉ်ယဉ်ကျေးကျေးနဲ့ ကောင်တာပေါ် တင်ထားတဲ့ ကျွန်တော့်အထုပ်ကို နေရာရွေ့ပေးလိုက်တယ်။ အဲဒီမှာ အဲဒီလူဟာ ကျွန်တော့်ကို ဒေါသတကြီးနဲ့ ကြည့်ပြီး သူဟာဖြောင့်မှတ်တဲ့သူ ကျွန်တော့်အထုပ်ကို အလစ်သုတ်တဲ့စိတ် တစ်စက်မှ မရှိဘူးလို့ပြောတယ်။ သူ့ကို ကျွန်တော် မယုံသင်္ကာဖြစ်တယ်ဆိုပြီး တံခါးကိုဆောင့်ပိတ်ပြီး ဆိုင်ထဲကနေ သူထွက်သွားခဲ့တယ်။ ကျွန်တော် အရမ်းအံ့သြမိတယ်။ ကျွန်တော် မတော်တဆပြုလိုက်တဲ့ သေးငယ်တဲ့ အပြုအမှုတစ်ခုက သူ့ကို အကြီးအကျယ် ဒေါသဖြစ်သွားစေခဲ့တယ်။ နောက်မှ ကျွန်တော်သုံးသပ်မိတာက သူနဲ့ကျွန်တော်ဟာ ခြားနားတဲ့ လောကကြီးထဲမှာ ရှိနေသလိုပါပဲ။ တကယ်တော့ လောကကြီးက ဘာမှမပြောင်းလဲဘူး။ ခြားနားတာက သူနဲ့ကျွန်တော်ရဲ့ အရာဝတ္ထုတစ်ခုပေါ် မြင်တဲ့ စိတ်နေသဘောထားပဲဖြစ်တယ်။

အဲဒီအဖြစ်အပျက် ဖြစ်ပျက်ပြီး ရက်အနည်းငယ်အကြာ မနက်ခင်းတစ်ခုမှာ ကျွန်တော်အိပ်ရာက ထတာနဲ့ စိတ်မကြည်ဖြစ်နေခဲ့တယ်။ ဒီတစ်နေ့ကို ခါတိုင်းလိုပဲ သမားရိုးကျ အလုပ်တွေနဲ့ ဖြတ်ကျော်ရဦးမယ်။ လောကကြီးက ပျင်းရိငြီးငွေ့စရာ ကောင်းလိုက်တာလို့ ကျွန်တော်ခံစားမိတယ်။ မြို့ထဲအလုပ်ရှိရာသွားဖို့ ကားတွေ ရှုပ်ထွေးများပြားတဲ့ လမ်းမပေါ်မှ ကားမောင်းရင်း ကျွန်တော်အလိုလို ဒေါသထွက်နေမိတယ်။ ဒီလောက်တုံးအတဲ့ ကားဆရာတွေဟာ ဘာဖြစ်လို့ ကားမောင်းလိုင်စင်ကို အလွယ်တကူ ရခဲ့ကြသလဲ? ကားကို အရမ်းမြန်လိုက်၊ အရမ်းနှေးလိုက်နဲ့ မောင်းနေတဲ့ကားဆရာတွေရဲ့ လိုင်စင်တွေကို သိမ်းလိုက်ကြဖို့ ကောင်းတယ်လို့ ကျွန်တော်တွေးနေမိတယ်။

အဲဒီနောက် လမ်းခွတစ်ခုမှာ ထရပ်ကားတစ်စီးနဲ့ ကျွန်တော်ကား ပြိုင်တူရောက်ခဲ့တယ်။ ထရပ်ကားမောင်းသူကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲ တွေးနေတာက "ဒီကောင် ကားကြီးမောင်းတယ်ဆိုပြီး တဟုန်ထိုး ရှေ့ကိုကျော်တက်တော့မယ်"။ ဒါပေမယ့် ထရပ်ကားဆရာဟာ ကားပြတင်းကနေ လက်ပြပြီး ရွှင်ပျတဲ့အပြုံးနဲ့ ကျွန်တော့်ကို နှုတ်ဆက်နေခဲ့တယ်။ လမ်းခွကို ကျွန်တော်အရင်ကျော်ဖြတ်နေချိန် ကျွန်တော့်ဒေါသစိတ်တွေဟာ အလိုလိုနေရင်း ပျောက်သွားခဲ့တော့တယ်။ ကျွန်တော့်စိတ်တွေ ပေါ့ပါးလန်းဆန်းလာခဲ့တယ်။

ထရပ်ကားဆရာရဲ့ အပြုအမှုဟာ ကျွန်တော့်ကို အခြားလောကထဲ ရောက်သွားစေသလိုပါပဲ။ တကယ်တော့ လောကကြီးက ဘာမှမပြောင်းလဲဘဲ သူ့နဂိုအတိုင်း တည်ရှိနေပါတယ်။ မတူတာက ကျွန်တော်ရဲ့ စိတ်နေသဘောထားပဲဖြစ်တယ်။ လောကမှာ အသက်ရှင်နေသူအားလုံးလည်း ဒီလိုအဖြစ်အပျက်မျိုးကို ကြုံကြရလိမ့်မယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ပျော်ရွှင်ခြင်းကိုရှာဖို့ ကျွန်တော်တို့အတွက် အကောင်းဆုံးနည်းဖြစ်တယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရင် ပထမဦးဆုံး ပြုပြင်ပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားကိုဖြစ်တယ်။ ဒါမှ ပျော်ရွှင်တဲ့ဘဝကို ကျွန်တော်တို့ရနိုင်မယ်။ ဒါဟာ ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရလို့ ကျွန်တော်မြင်တယ်။

http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20070811/650.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget