လောကမှာ အယုတ်ဆုံးလူသားရှိသလို အမြတ်ဆုံးလူသားဆိုသူလည်းရှိပါသည် ဘယ်လိုလူသားသည် အမြဆုံးလူသားဟုခေါ်နိုင်ပါသ
နည်း လောကမှာအများက မှန်သည့်ဟုခေါ်ဝေါ်သက်မှတ်ထားသည်ကို လက်ခံကျင့်သုံးသည့်သူနှင့် ပညာရှိများက မှန်သည်ဟုသက်
မှတ်ထားသည့် သဘာဝအမှန်သဘောကို လက်ခံကျင့်သုံးနိင်သည့်သူသည် လောကမှာ အမြတ်ဆုံးလူသားဟု စားရေးသူမြင်ပါသည်
ဘာကြောင့်လည်းဆိုတော့ လောကမှာ အများကလက်မခံနိင်လောက်အောင်အမှားများပြုလုပ်သူများသည် အမှန်ကန်သောသဘောကို
မသိကြသောကြောင့်ဖြစ်ပါသည် မှန်ကန်သောသဘောကိုသိတော်လည်းမကျင့်သုံးနိုင်သောကြောင့် အများကသက်မှတ်သည့်သူယုတ်မာ
ဘဝသို့ရောက်ရှိရပါသည် လောကမှာ အများကမှန်သည်ဟု ခေါ်ဝေါ်သက်မှတ်သောကြောင့် မှန်ကန်သည်ကိုလည်း မပါယ်အပ် ဥပမာ
မိဘ ဆရာ မည်သူဟု အများကသက်မှတ်ထားသည် မိဘ ဆရာ မဟုတ်ဟုဆိုသူသည် လူမိုက်သာဖြစ်ပါသည် ဒါကြောင့်လောကမှာ
အများကသက်မှက်ထားသည့်လောကရဲ့အမှန်သဘောကိုလည်း လက်ခံကျင့်သုံးနိုင်အောင်ပြုကျင့်ဖို့အရေးကြီးလှပါသည် လောကသဘာ
ဝသဘောကို နားလည်လာအောင်ကြိုးစားကြဖို့ အရေးကြီးလှပါသည် သဘာဝသဘောကို သဘာဝကျကျနားလည်သဘောပေါက်မယ်
ဆိုရင် လောကမှာ အမှားတွေမလုပ်ဖြစ်တော့ဘူး အမှားတွေလုံးဝမလုပ်တော့ဘူးဆိုရင် ထိုသူသည်လောကမှာ အမြတ်ဆုံးလူသားဖြစ်
သည်ဟုစာရေးသူမြင်ပါသည် ဗုဒ္ဓဟောထားသည့် အဘိဓမ္မာနည်းအရပြောမယ်ဆိုရင် အမောဟ ဆိုသည့်ပညာသည် မှန်သည့် သဘာကိုအမှန်သည်ဟု မြင်ပါသည် အပြစ်ဖြစ်သည်ကိုလည်း အပြစ်ဖြစ်သည်ဟု သိပါသည် ထိုသို့သိသည့်အတွက်ကြောင့် အပြစ်ကို
မလွန်ကြူးတော့ပါ ထိုသို့မလွန်ကြူးသောကြောင့် အပြစ်ကင်းသောသူဟု သိရပါသည် ထိုသို့အဖြစ်ကင်းသောကြောင့် လောကမှာ
အမြတ်ဆုံးလူးသာဟု ဆိုလိုပါသည် အပြစ်မလုပ်တော့ဘူးဆိုရင် အပြစ်မရှိသည့်အလုပ်များကိုသာ ရွေးချယ်ပြီးလုပ်တတ်ပါသည်
အပြစ်မရှိသောအလုပ်သည် ကောင်းသောအကျိုးကိုသာပေးပါသည် ထိုကဲ့သိုသိမြင်ခြင်းသည် အမောဟ ပညာဖြစ်ပါသည်
အမောဟ ဆိုသည့်အမှန်သဘောကိုသိမြင်ခြင်းကြောင့် အလောဘ ဟုဆိုအပ်သော လိုချင်တပ်မက်ခြင်းမရှိတော့ပါ ကြမ်းတမ်းခြင်း
ဒေါသလည်း မဖြစ်တော့ပါ ထိုသူသည် လောကမှာအမြတ်ဆုံးသူဟု စာရေးသူမြင်ပါသည် ထို့ကဲ့သို လောကမှာ အမြတ်ဆုံးလူသား
ဖြစ်အောင် အမှန်သဘောသဘဝများကိုလည်း သိအောင်ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီစာလေးကို နိဂုံးဂကပ်အဆုံးသက်လိုက်
ပါရစေနာ်
No comments:
Post a Comment