www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Thursday, 6 October 2011

နုတ်မစောင့်သူ

လောကမှာ ကိုယ်နှုပ်စိတ်သုံးပါးလုံးကို စောင့်ထိန်းသင့်ပါတယ် ကိုယ်နဲ့နှုတ်ကို မစောင့်ထိန်းပါက ဒုက္ခရောက်တက်ကြပါသည် လိုရာခရီးသို့ မရောက်တတ်ကြပါဘူး တကယ်တော့ ကိုယ့်နှင့် နှုတ်ကိုစောင့်ထိန်းခြင်းသည် မြတ်ဗုဒ္ဓဟောကြားထားသည်မှာတော့ သီလ လို့ခေါ်ဆိုပါသည်
ဆိုလိုချင်တာက သီလစောင့်ထိန်းသူသည် လိုရာခရီး အပြီးရောက်အောင်သွားနိုင်ပါသည်
သီလမရှိသူများမှာတော့ လိုရာခရီးအပြီးတိုင်အောင် မသွားနိုင်ကြပါဘူး ဘာကြောင့်လည်းဆိုတော့
သီလခေါ်ဆိုသည့် ကိုယ်နှင့်နှုတ်ကို မစောင်းထိန်းနိုင်သည့်အတွက်ကြောင့် ဘဝမှာ မပြောဆိုသင့်သည့်စကား
မပြုလုပ်သင့်သည့်အလုပ်များကို လုပ်မှိစေတတ်ပါသည် လုပ်မှိသွားရင် လောကအပြစ် ဓမ္မအပြစ်တွေဖြစ်
လာတတ်ပါသည် ထို့ကဲ့သို့ အပြစ်ဖြစ်လာပြီဆိုရင် မိမိကိုယ်ကိုလည်း အားကိုးအားထားယုံကြည့်မှု့အား
နည်းလာပါလိမ့်မယ် အခြားသူများကလည်း မိမိကိုအထင်သေး အမြင်သေးတွေဖြစ်လာပါလိမ့်မယ်
သူတော်ကောင်းများ၏ ချီးမွန်းခြင်းကို ခံရမည်မဟုတ်ပေ မိမိစီးပွားဥစ္စာများ ပျက်စီးသွားပါလိမ့်မယ်
နောက်ဆုံးအသက်ပါ အန္တရာယ်ကျရောက်နိုင်ပါသည် ဒါကလောကအပြစ်တွေပေါ့ ဓမ္မအပြစ်ကတော့
သီလမစောင့်ထိန်းသူရဲ့စိတ်ထဲမှာ အဓမ္မလို့ခေါ်ဆိုသည့် လောဘ ဒေါသ မောဟတွေ ပိုပြိးအားကောင်း
လာပါလိမ့်မယ် လောဘော အတ္ထံ နဇာနာတိ ဒေါသော အတ္ထံ နဇာနာတိ မောဟော အတ္ထံ နဇာနာတိ
ဆိုသည့်အတိုင်း လောဘ ဒေါသ မောဟ တွေရင်ထဲစိတ်ထဲမှာ အားကောင်းလာရင် အကျိုးအကြောင်း
အဆိုးအကောင်း လောကသဘာဝအမှန်ကိုမသိနိုင်တော့ဘူး အမှားအမှန်ကို မသိတော့ပါ ကိုယ်လုပ်တာ
အပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတာ မသိနိုင်တော့ လုပ်ချင်တာတွေ ရှောက်လုပ်လိုက်ပါသည် အဲလို့လုပ်
လိုက်တော့ လောကအတွက် မိမိဘဝအတွက် ဆိုးကျိုးတွေဘဲ ဖြစ်လာတတ်ပါသည် အဲဒါကြောင့်
သီလလို့ခေါ်သည့် ကိုယ်နုတ်ကို မစောင့်ထိန်းခြင်းသည် ဘဝမှာ မိမိရည်ရွယ်ထားသည့် ပန်းတိုင်သို့မရောက်
တတ်ပါဘူး ထို့ကြောင့် ဘဝမှာ ပန်းတိုင်ကိုရောက်ချင်ရင်တော့ ကိုယ့်နှင့်နုတ်ကို စောင့်ထိန်းနိုင်အောင်
သတိထားပါ အရာရာတိုင်းမှာ ပြောဆိုသင့် မပြောဆိုသင့် လုပ်သင့်မလုပ်သင့် အပြစ်ဖြစ် အပြစ်မဖြစ်ကို
သတိထားပြီး လိုရာခရီးရောက်အောင် လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါသည် စာဖတ်သူ မိတ်ဆွေ
အပေါင်းတို့




Saturday, 17 September 2011

အကြောင်းမှန်ကိုနားမလည်သူ

လောကမှာ အကြောင်းမှန်ကိုနားလည်အောင် သိအောင်လုပ်ဖို့အရေးကြီးလှပါတယ် အကြောင်းမှန်ကိုနားမ
လည်ဘဲ အလုပ် လုပ်ကြမယ်ဆိုရင် အမှားများတတ်ပါတယ် အမှားများတော့ မပြစ်များပါတယ် အပြစ်များ
တော့ လူတိုင်းရဲ့ ယုံကြည့်မှုကိုမရတတ်ပါဘူး လူတိုင်းကမယုံကြည်တော့ဘူးဆိုရင် ထိုသူဘဝမှာ ပျော်ရွှင်
မှု အောင်မြင်မှုတွေ လျှော့ကျသွားတတ်ပါတယ် အဲဒါကြောင့် မည်သည့်အရာမဆို ပြဿနာတွေနှင့်ကြုံလာခဲ့ရင် အကြောင်းမှန်သိအောင်စီစစ်ပြီးမှ ဖြေရှင်းပါ အဲဒါဆိုရင် အောင်မြင်မှုတွေရလာပါလိမ့်မယ် ပျော်ရွှင်သော
ဘဝကိုပိုင်ဆိုင်လာပါလိမ့်မယ် စားရေးသူ၏ အတွေ့ကြုံလေးကို ဗဟုသုတအနေဖြင့် ပေးချင်ပါတယ်
တအောင့်လောက် သည်းခံပြီးအားပေးစေချင်ပါတယ် တစ်နေ့သောအခါမှာသူငယ်ချင်းတစ်ယောက်ကသူငယ်တစ်ယောက်၏အပြစ်ကိုပြောပါ
တယ် သူငယ်ဟာသူတစ်ပါးပစ္စည်းဥစ္စာကို ပိုင်ရှင်မသိဘဲယူတတ်သည့်အလေ့အကျင့်ရှိပါတယ်ဟုပြောပါတယ် ထိုသူငယ်
ရောက်လာပြီးနောက် ကိုယ် အမြတ်နိုးသိမ်းဆည်းထားသည့် ပစ္စည်းတစ်ခု ရှာမတွေ့ဖြစ်နေပါတယ် ထိုသူငယ်
ယူသွားသည်ထင်ပြီး ထိုသူငယ်ကို သက်မည်ဟုအကြံဖြစ်သည့်အထိ ဒေါသထွက်ခဲ့ပါတယ် ဒါပေမဲ့ သူကိုရှာပြီး
စစ်ဆေးကြည့် သူမယူသည့်အကြောင်းမှန်ကိုပြောပြပါတယ် ဒါပေမဲ့သူငယ်စကားကိုအကြွင်းမဲ့မယုံကြည့်ခဲ့
ပါဘူး ကိုပျောက်သည့်ပစ္စည်းအထားမှားပြီးပြန်တွေ့တော့မှဘဲ ယုံကြည့်ခဲ့ပါတယ် ဆိုလိုချင်တာကတော့
အကြောင်းမှန်ကိုမသိပါဘဲ ဘယ်အရာကိုမှ အပြစ်တင်မစောစေချင်ပါဘူး အသေချာလေ့လာပါ ဆန်းစစ်ပါ
ဖြစ်နိင်၏ မဖြစ်နိင်၏ကို ဆန်းစစ်တတ်သောအလေးအကျင့်ကို လုပ်ပေးပါ ဒါမှာ ဘဝမှာ အမှားနည်းပါလိမ့်
မယ် အမှားနည်းမှ ဘဝမှာ လူတိုင်းကလေးစားကြည်ညိုလာပါလိမ့်မယ် လူတိုင်းရဲ့ ယုံကြည့်အားထား
လောက်သောသူဖြစ်လာပါလိမ့်မယ် လူတိုင်းရဲ့ယုံကြည့်မှုကိုရလာမယ်ဆိုရင် ဘဝမှာ ပျော်စရာကောင်း
သည့်ဘဝ အစစအရာရာ အောင်မြင်သည့် သူတစ်ယောက်ဖြစ်လာနိင်ပါသည် အဲဒါကြောင့် အကြောင်းမှန်
ကိုနားလည်သောသူဖြစ်အောင် ကြိုးစားနိင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါသည်

Tuesday, 23 August 2011

ဘဝမှာ အပြုံးမပပျက်သူ

ဘဝမှာ အဆင်မပြေတာတွေ့ကြုံလာခဲ့ရင် စိတ်ဓာတ်တွေကျဆင်းပြီး မပြုံးနိုင်တော့ဘဲ မဲ့ငိုလို့မဆုံးဖြစ်တတ်
သူတွေများပါတယ် ဘာကြောင့်ဒီလို အငိုမဆုံးဖြစ်သလဲဆိုရင် လောကသဘာဝကို သည်းမခံနိုင်သောကြောင့်
အငိုမဆုံးဖြစ်ကြရပါတယ် ဘာကြောင့်သည်းမခံနိုင်သလဲဆိုတော့ သည်းခံလောက်သည့် အရည်းသွေးမရှိလို့
ပါ ဘဝမှာ သတ္တဝါတိုင်းကြုံတွေ့ရသမြဲဖြစ်သည့် အဆင်ပြေမှု မပြေမှု။ ကျော်ကြားမှု မကျော်ကြားခြင်း
အခြံအရံတွေပေါများခြင်း မပေါများခြင်း ဥစ္စာရခြင်း မရခြင်း စသည့်လောကသဘဝများသည် လူတိုင်းတွေ့
ကြုံရသည့် လောကသဘဝများကို ကျော်လွန်၍မရသည့် အရာများပင်ဖြစ်ပါသည်  ဤအရာများနှင့်တွေ့ကြုံ
လာသည့်အခါ မိမိ၏စိတ်ကို မတုန်မလှုပ်နေနိင်အောင်ကြိုးစားမှသာလျှင် အပြုံးမပျက်သူဖြစ်နိုင်ပါမည်
ဘယ်လိုကြိုးစားမှာလဲဆိုတော့ အဆင်မပြေခြင်းနှင့်တွေ့လာခဲ့ရင် ဘာကြောင့်အဆင်မပြေဖြစ်တာလဲဆိုသည့်
အကြောင်းရင်းရှာပြီး အဆင်ပြေနိုင်သည့်လုပ်ရပ်များကို စိတ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်ထားပြိးလုပ်သင့်
သည်ကိုကြိုးစားလုပ်ရပါမည် ဘယ်လိုအခေတ်ခဲမျိုးကိုဘဲတွေ့တွေ့ အပြုံးမပျက်စိတ်ကိုထားနိင်ဖို့အရေးကြီးပါ
သည် ဥစ္စာရခြင်း မရခြင်းနဲ့တွေ့ကြုံလာမယ်ဆိုရင်လည်း ဥစ္စာမရလို့ စိတ်ဓာတ်ကျနေမည့် အစား မိမိရချင်
သည့်ပစ္စည်းဥစ္စာရနိင်သည့်အကြောင်းရင်းရှာပြီး မရနိင်ခြင်း၏အကြောင်းကဘာလဲဆိုတာ သိအောင်ကြိုး
စားပါ စိတ်ဓာတ်မကျဘဲ မိမိစိတ်ကိုကြန့်ကြနို့ခိုင်အောင်ကြိုးစားလိုက်ပါ အဲဒါမှ ဘဝမှာအပြုံးမပျက်သူ
ဖြစ်ပါမည်

Saturday, 13 August 2011

ဘဝအောင်နိုင်သူ

လောကမှာ ဘဝအောင်နိုင်သူဆိုတာ ဘယ်လိုသူဖြစ်ပါသလဲ ဟုမေးခဲ့မယ်ဆိုရင် အယုံကြည့်မှု့မလွယ်သောသူသည် အောင်နိင်သူဖြစ်နိင်သည် ဘာကြောင့်လည်းဆိုတော့ စီစစ်ပြီးဝေဖန်သောပညာပါလာသည့်အတွက်ကြောင့် ဘဝမှာအမှားကင်းပြီးဘဝအောင်နိင်သူဖြစ်ပါသည်   သို့မဟုတ် အယုံကြည့်လွယ်သောသူသည်ကါး ဘဝမှာအမှားများ
များလှပါသည်သို့အတွက်ကြောင့် လောကမှာ အမှားအမှန်ကိုပိုင်းခြားပြီးမှ အစစ အရာရာလုပ်သင့်မလုပ်သင့် ပြောသင့်မပြောသင့်အပြစ်ရှိမရှိကို စီစစ်ဝေဖန်ပြီးမှယုံကြည်သင့်ပါသည် ဘာကြောင့်လည်းဆိုတော့ သူတစ်ပါးကအမှား
ပြောဆိုသည်ကို ကိုယ့်ကအယုံကြည့်လွယ်ပြီး မလုပ်သင့်တာကိုလုပ်မှိမယ် မပြောသင့်သည်ကိုပြောမှိမယ် မကြံစည်သင့်သည်ကို စဉ်းစားကြံစည်လိုက်မယ်ဆိုရင် ဘဝမှာအရှုံးဆုံးမှုများစွာရနိုင်ပါသည်
ဥပမာအဇာတသတ်မင်းသားကို ကြည့်ပေါ့ သူသည် အမှားပြောသည့် ဒေဝဒတ်၏စကားကိုယုံကြည့်လွယ်
ပြီး အမှားအမှန်ကို မဝေဖန်မပိုင်းခြားဘဲ အယုံကြည့်လွယ်ခဲ့သည့်အတွက်ကြောင့် ဘဝ၏အောင်နိုင်သူသည်မဖြစ်ခဲ့ပါဘူး ဘဝမှာအရှုံးကြီးရှူံးဆုံးခဲ့ရပါသည်
ဘာကြောင့်လည်းဆိုတော့ အယုံကြည့်လွယ်ခဲ့လို့ပါ အဲဒါကြောင့် ဘဝမှာ အောင်နိုင်သူဖြစ်ဖို့အတွက် အယုံကြည့်မလွယ်
ဖို့ ယုံကြည်မှုမမှားဖို့ ယုံကြည့်မှုမှန်ကန်ဖို့အရေးကြီးလှပါသည် ဘယ်လို့မှန်ကန်ရမှာလဲဆိုတော့ မိမိလုပ်သည့်
အလုပ်ပေါ်မှာ အမှားအမှန်စီးစစ်ဝေဖန်သုံးသပ်ပြီးလုပ်ဖို့လိုအပ်ပါသည်  ယုံကြည်မှုမှန်ကန်မယ်
ဆိုရင် ဘဝအောင်နိုင်သူဖြစ်နိုင်ပါသည် ယုံကြည့်မှုမှန်ကန်ဖို့အတွက် စီစစ်မှုပညာပါလာဖို့အရေးကြီးပါသည် ယုံကြည်မှု့အပေါ်မှာစီစစ်မှုဖြင့် အလုပ် လုပ်သွားမယ်ဆိုရင် ဘဝ
မှာ အမှားနည်းပြီး အောင်နိုင်သူဖြစ်နိုင်လိမ့်မယ်ဟု စာရေးသူမြင်ပါသည် သို့အတွက်ကြောင့် ဘဝအောင်
နိုင်သူများဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်လျက် ဒီစာလေးနိဂုံးအဆုံးသက်လိုက်ပါရစေ

Sunday, 7 August 2011

လမ်းစုံမှာ ကြားသိရသည့် အမေးပုစ္ဆာ

တနေ့သောအခါမှာ စာရေးသူ ကျမ်းမာရေးသိပ်မကောင်းသဖြင့် လေလုံသည့်အခန်းလေးမှာ လေပုန်းနေ
သည့်အခါမှာအမေးပုစ္ဆာတစ်ခုပြောနေသည်ကိုကြားလိုက်ရပါတယ်
ဘယ်သူကမေးတယ်ဆိုတာတော့အသေချာမသိလိုက်ပါ ထင်သည်မှာတော့ တက္ကသိုလ်တစ်ခုက ဆရာတစ်ယောက်ကမေးသည်ကိုသယ်ယူလာသည်ဟုထင်ပါသည် အမေးပုစ္ဆာက တော်တော်စိတ်ဝင်စားစရာကောင်းပါသည် ဘာဖြစ်လို့လဲဆိုတော့ မဖြေဆိုနိုင်
ဘူးဆိုရင် လောကမှာပညာရှိအားလုံးကလက်ခံထားသည့် အတုမရှိပညာရှင်တစ်ဦး၏အဆိုမိန့်များသည်မှားသည်ဟုထောက်ပြသည့် မေးခွန်းဖြစ်နေပါသည့် သို့အတွက်ကြောင့် စိတ်ဝင်စားစွာဖြင့် အမေးပုစ္ဆာကို မိမိဥာဏ်စွမ်းရှိသလောက် ဖြေကြည့်ပါသည် အမေးနှင့် အဖြေက လူတိုင်းသိသင့်တယ်ထင်လို့ မိမိဘလော့မှာရေးလိုက်ပါသည်  အမေးလေးက အတုမရှိပညာရှိများက လောကမှာ အတ္တမရှိဘူးလို့ဟောပြောကြပါသည် အတ္တမရှိရင် ကုသိုလ်ကံ အကုသိုလ်ကံတို့၏အကျိုးဆက်ကို ဘာနဲ့ခံစားမှာလဲတဲ့ ဆိုသည့် မေးခွန်းလေးပါ အတုမရှိပညာရှိ
များက လောကမှာ အတ္တမရှိဟုဆိုခြင်းသည် အတ္တဆိုသည်မှာ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ထားသည်ကို ပညာရှိများရဲ့မှတ်စုများမှာ တွေ့ပါသည် ဒီမေးခွန်းကိုမေးသည့် သူရဲ့အမြင်က အတ္တကို ခန္ဓာကိုယ်ကို အတ္တဟုဆိုလိုချင်တာပါ ပညာရှိများပြောလိုသည့်အတ္တကါး အစိုးရခြင်းသဘောကို အတ္တဟုဆိုလိုပါသည်
ဟုတ်ပါသည် လောကမှာ အစိုးရခြင်းသဘောအတ္တ မရှိပါဘူး ဘယ်ပုဂ္ဂိုလ်ပညာရှိမျိုးကိုဘဲမေးမေး အစိုးရ
ခြင်းသဘောအတ္တမတွေ့နိုင်မရှိနိုင်ပါဘူး ထင်ရှားအောင်ပြောမယ်ဆိုရင် မေးခွန်းမေးသူထင်သလို အတ္တဆို
သည်မှာ ကိုယ်ခန္ဓာကို ယူထားသည့်ဆိုပါတော့ မိမိခန္ဓာကိုယ်ကို မိမိအစိုးရပါရဲ့လား အစိုးရခြင်းသဘော
ရှိပါသလားဆိုတော့ မရှိပါဘူး မသေဘဲအမြဲလှနေချင်တယ် ဒီသဘောလေးကို အစိုးရချင်တယ် စိုးရလို့မရနိုင်ပါဘူး သေချိန်ရောက်ရင် မသေချင်သေးလဲ သေရမှာဘဲ ဒါဟာ မိမိကိုယ်ကိုအစိုးမရခြင်းသဘောပါ ဒီသဘောလေးကို ပညာရှိများက လောကမှာ အတ္တမရှိဘူးလို့ပြောဆိုခဲ့ခြင်းဖြစ်ပါသည်ဟုစာရေးသူမြင်ပါတယ်
နောက်တစ်မျိုးက အတ္တကို ပညာရှိများက အမေးပုစ္ဆာမေးသူမြင်သလို့ အတ္တလည်းမဟုတ် ဇီဝလည်းမဟုတ် နာမ်ရုပ်သက်သက်သာဖြစ်သည့်ဟုပြောခဲ့ပါသည် ဟုတ်ပါတယ် လောကမှာ နာမ်ရုပ်
ကလွဲလို့ ဘာမှမရှိနိုင်ပါဘူး အမေးပုစ္ဆာမေးသူမြင်သလို အတ္တကို ဒီခန္ဓာကိုယ်ယူမည်ဆိုပါက ဒီခန္ဓာကိုယ်
ရုပ်တရားကြီးသက်သက်က ကုသိုလ်အကုသိုလ်ကံတို့၏ အကျိုးဆက်ကိုခံစားလို့ ရကောင်းသည်မဟုတ်ပါ
ဘာကြောင့်လည်းဆိုတော့   အဆိုးကျိုး ကောင်းကျိုးတို့ကို  ခံစားတတ်သည့်သဘောက ရုပ်တရားမှာမရှိပါနာမ်တရားမှာသာ ခံစားတတ်သည့်သဘောရှိပါသည် သိုသော်ညလည်းနာမ်တရားအာလုံးသည် ခံစားတတ်သည့်သဘော
ရှိသည်မဟုတ်ပါ နာမ်တရားထဲမှ ခံစားတတ်သည့်သဘောရှိသည့်ဝေဒနာသည်သာ ကောင်းကျိုးဆိုးကျိုးတို့ကို ခံစားပါသည် သို့အတွက်ကြောင့် အတုမရှိပညာရှိများက အတ္တအရ သတ္တလည်းမဟုတ်ဇီဝလည်းမဟုတ်အတ္တဝိဥာဏ်ကောင်လည်းမရှိ
နာမ်ရုပ်သဘာဝသက်သက်မျှသာဖြစ်သည်ဟု မိန့်ဆိုခဲ့ပါသည် ထို့ကြောင့်အမေးပုစ္ဆာမေးသောအမေးသည်
မသင့်လျော်ပါ ပညာရှိများလက်ခံနိုင်မည်မဟုတ်ပါ ဟုစာရေးသူမြင်ပါသည်

Tuesday, 19 July 2011

ကိုယ့်တာဝန်

လောကမှာ တာဝန်ကိုမသိသောသူသည် မိမိသူတစ်ပါးတို့၏ ကြီးပွားတိုးတက်ကြောင်းများကို မစွမ်းဆောင်နိုင်ပါဘူး ဘာကြောင့်လည်း
ဆိုတော့ တာဝန်ဆိုသည်မှာ လောကကြီးအတွက်လုပ်ပေးသင့်သောတာဝန် မိမိဘဝအတွက်လုပ်သင့်လုပ်ထိုက်သောတာဝန်ဟု တာဝန်
များရှိကြပါသည် လောကကြီးအတွက်လုပ်သင့်လုပ်ထိုက်သောတာဝန်ဆိုသည်မှာ မဖြစ်မနေလုပ်ရမည့် လောကဝတ္တရားများဖြစ်ပါသည်
လောကဝတ်ဆိုသည်မှာ နမူနာပြောရမယ်ဆိုရင် ဆရာဖြစ်မယ်ဆိုရင် ဆရာ၏ တပည့်များအပေါ်မှာလုပ်ပေးသင့်သည့်အလုပ်များ
မိမိက ပတည့်ဖြစ်ခဲ့မယ်ဆိုရင်လည်း တပည့်များ၏ ဆရာအပေါ်မှာ လုပ်ပေးသင့်အလုပ်များ လောကမှာ မိဘနေရာမှာ နေရမယ်ဆိုရင်
လည်း မိဘများ၏ သားသ္မီးများအပေါ်မှာ လုပ်ပေးသင့်သည့်အလုပ်များ သားသ္မီးနေရာမှနေရသည့်အခါမှာလည်း မိဘများအပေါ်မှာလုပ်
ပေးရမည့် ဝတ္တရားများ ဖြစ်ကြသည့်တာဝန်များကို သိတတ်ကြမယ် တာဝန်တွေကျေပွန်ကြရမည် တောရွာလေးတစ်ရွာမှာ ခေါင်းဆောင်
ဖြစ်ခဲ့ရင်လည်း ရွာသူရွာသားများအပေါ်မှာ လုပ်ပေးနိုင်သည့် အသိပေး ပညာပေး လုပ်များ အကယ်၍ မိမိနောက်လိုက်တပည့်ဖြစ်ခဲ့
မယ်ဆိုရင်လည်း မိမိလုပ်ရမည့် တာဝန်များကို မခိုမကပ် တက်တက်ကြွကြွလုပ်နိုင်ရမယ် အဲဒါမှ မိမိတာဝန်ကို သိသူ တာဝန်ကျေပွန်
သူဖြစ်မည် အကယ်၍ မြို့တစ်မြို့၏သော်လည်းကောင်း နိုင်ငံတစ်နိုင်ငံ၏သော်လည်းကောင်း ခေါင်ဆောင်ဖြစ်ခဲ့မယ်ဆိုရင်လည်း မိမိ
ခေါင်းဆောင်တစ်ယောက်၏ တိုင်းသူပြည်သားများအပေါ်မှာ လုပ်ပေးနိုင်သည့် အများကောင်းကျိုးကို ဖော်ဆောင်နိုင်သည့်အလုပ်များ
ကို လုပ်ပေးနိင်ရမည် ဒါမှ ကမ္ဘာကျော်သည့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မည် မိမိက နောက်လိုက်ဘဝဆိုရင်လည်း
ခေါင်းဆောင်ကောင်းများ၏ အချည်းကျူးခံရသူဖြစ်အောင် မိမိတာဝန်အလုပ်ကို လုလ္လဥဿာဟကြီးစွာဖြင့် တာဝန်ကိုကျေပွန်အောင်
လုပ်ဆောင်နိင်ရမည် ဒါက လောကဝတ္တရားများသာဖြစ်ပါသည် မိမိ၏ဘဝပေးတာဝန်များဟုလည်းခေါ်ဆိုနိုင်ပါသည် သူများအတွက်မဟု
တ်ဘဲ မိမိဘဝအတွက်သည်လုပ်ရမည့်တာဝန်များလည်းရှိပါသေးသည် မိမိဘဝမှာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဆိုသည်မှာ ခေတ်ခဲ
လှပါသည် မိမိ၏ဘဝပေးတာဝန်များကျေပွန်ဖို့ အလွန်အရေးကြီးလှပါသည် ဘဝပေးတာဝန်ဆိုသည် မိမိရောက်နေသည့်နေရာတိုင်းမှာ
မိမိဘတ်က တာဝန်ကိုသိစွာ ပျော်ပျော်ရွှင်ရွှင်နှင့်လုပ်ပေးနိုင်ဖို့လိုအပ်ပါသည် ဒါဆိုရင် မိမိဘဝမှာ အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါ
သည် အောင်မြင်သောဘဝ အောင်မြင်သောလောက အောင်မြင်သောနိုင်ငံ အောင်မြင်သောကမ္ဘာ အောင်မြင်သောလူသားများဖြစ်ကြ
မည်ဟု ဗိုလ်ချုပ်အောင်ဆန်းကို သတိရ အောင့်မေ့လျက် ဇူလိုင် ၁၉ ရက် ၂၀၁၁မှာရေးသားလိုက်ပါသည်း။ ဘဝမှာ အစစအရာရာ မိမိကျရာတာဝန်များသိလျက် တာဝန်ကျေပွန်အောင်ထန်းဆောင်သူများဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်နိုဂုံးအဆုံးပြုပါစေ

Monday, 20 June 2011

အစောင့်အရှောက်

လောကမှာ မလိုအပ်သည်များမဖြစ်လာအောင် အစောင့်ရှောက်ကောင်းဖို့ အလွန်အရေးကြီးပါသည် မလိုအပ်သည်များဖြစ်လာသည်
ကိုဘယ်သတ္တဝါမျိုးမှ မကြိုက်မနှစ်သစ်ကြပါ အဲဒါကြောင့် မဖြစ်သင့်မဖြစ်ချင်တာတွေ မဖြစ်လာဖို့ ကြိုကြိုတင်တင်ကာကွယ်တတ်ဖို့
အရေးကြီးပါသည် အစောင့်ရှောက်ကောင်းဖို့ အရေးကြီးလှပါသည် အစောင့်ရှောက်ဆိုသည်မှာ အများကြီးပါ ကျယ်ကျယ်ပြန့်ပြန့်တွေး
မယ်ဆိုရင် စာဖတ်သူအနေနဲ့ တွေးကြည့်စမ်းပါ နိုင်ငံတစ်နိုင်ငံကို မလိုအပ်တာတွေမဖြစ်အောင်း လိုအပ်နေသည့် စီးပွားရေး ပညာရေး
လူမှု့ရေးတွေ တိုးတက်လာအောင် ဘယ်လို့စောင့်ရှောက်ကြမည်နည်း စည်းကမ်းကောင်း နည်းလမ်းကောင်းများနင့် စောင့်ရှောက်ကြ
မှဖြစ်မယ်ဟု စာရေးသူမြင်မှိပါတယ် နိုင်ငံထဲမှာနေထိုင်ကြသည့် လူတွေကြတော့ လူကောင်းတစ်ယောက်ဖြစ်လာအောင်ဘယ်လိုစောင့်
ရှောက်ကြမလဲ တွေးကြည့်မယ်ဆိုရင် လောကမှာ မိဘများက သားသ္မီးများကို စောင့်ရှောက်ကြသည် ဆရာများက တပည့်များကို
ရှောက်စောင့်ကြသည် ထိုသို့ စောင့်ရှောက်ကောင်းမှသာလျှင် သားသ္မီးကောင်းများ တပည့်ကောင်းများဖြစ်လာကြပါမည် ထို့ကြောင့်
အစောင့်အရှောက်သည် လောကမှာအလွန်အရေးပါလှသည်ဟု စာရေးသူ စကားပျိုးခဲ့ပါသည် တနည်းအားဖြင့်ပြောမယ်ဆိုရင်မိမိကိုယ်
ကို စောင့်ရှောက်တတ်ဖို့လဲ အလွန်အရေးကြီးပါသည် မိမိဝဘဝမှာ မဖြစ်သင့်သည်များ မဖြစ်လာအောင် မိမိကိုယ်ကို စောင့်နိင်ဖို့အရေး
ကြီးပါသည် ယ္ခုလက်ရှိဘဝမှာဘဲ မိမိအလိုရှိသည်များဖြစ်လာအောင် အမှားမလုပ်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်ပါ အဲဒါမှ မိမိဘဝ
သာယာဝဖြိုးမည်ဖြစ်ပါသည် တနည်းအားဖြင့် မိမိဘဝ အောက်ကျနောက်ကျ မဖြစ်အောင် ဘယ်လိုစောင့်ရှောက်မလဲ လုပ်သင့်လုပ်
ထိုက်သည့်များကို ကြိုးကြိုးစားစားလုပ်ခြင်းဖြင့် စောင့်ရှောက်ရမည်ဖြစ်ပါသည် တမျိုးပြောမယ်ဆိုရင် မိမိ၏ နှလုံးသားမှာ စိတ်ပုတ်
စိတ်ယုတ်များမဖြစ်ဘဲ စိတ်ဓာတ်အောင်တန်းမကျအောင် မိမိစိတ်ကို ဖြူစဉ်အောင်ထားခြင်းဖြင့် စောင့်ရှောက်နိုင်ရမည် မစောင့်ရှောက်
နိုင်ဘူးဆိုရင်တော့ ဘဝအောက်ကျ နောက်ကျဖြစ်မည်သည်သာဖြစ်ပါသည် ဘဝအောက်ကျသည်ဆိုသည်မှာ လူ့ဘဝအောက်နိမ့်သည့်
တိရိစ္ဆန်ဘဝသို့ ရောက်သွားနိုင်ပါသည် ဘဝနောက်ကျသည်ဆိုသည်မှာ လက်ရှိလူဘဝမှာပင် နောက်ဆုံးလူဖြစ်သွားနိုင်ပါသည် နောက်
ဆုံးလူဆိုသည့် ဘယ်အရာမှာမှ ရှေ့တန်းမနေရ ရှေ့တန်းမရောက်နိုင်သူကိုဆိုလိုပါသည် ထို့ကြောင့် မိမိကိုယ့်ကို မိမိ ဘေးရောက်သူမ
ဖြစ်အောင်စောက်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီစာလေးကို နိုဂုံးအဆုံးသက်လိုက်ပါရစေနော်

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget