www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Saturday, 5 March 2011

အလုပ်သည် ဘဝ

လောကမှာ လူတိုင်းကြီးပွားချမ်းသာချင်ပါသည် မစီးပွားမချမ်းသာလိုသူ မည်သူတစ်ဦးတစ်ယောက်မှမရှိဟု
စာရေးသူမြင်ပါသည် စီးပွားချမ်းသာလိုလျှင်ဘာလုပ်ရမလဲမေးရင် ရိုးရိုးလေးပြောမယ်ဆိုရင်အလုပ် လုပ်ရ
ပါမည် လေးလေးနက်နက်ဖြေမယ်ဆိုရင် ကြီးပွားတိုးတက်အောင်မြင်ကြောင်းအလုပ်ကို လုပ်ရပါမည်
အလုပ် လုပ်သည့်အခါမှာ ရည်ရွယ်ချက်ရှိကြရမည် ဖြစ်ပါသည် အလုပ်ကို လုပ်တာခြင်းတော့တူကြပါသည်
သို့တော်လည်း ရည်ရွယ်ချက်ခြင်းက မတူကြပါဘူး ရည်ရွယ်ချက်ကောင်းလျှင် ကောင်းသလိုဘဝမြင့်မားမည်
မြင့်မြတ်မည်ဖြစ်ပါသည် ရည်ရွယ်ချက်အောက်တန်းကျလျင်တော့ ကျသလိုဘဝမှာအောင်တန်းစားပုဂ္ဂိုလ်ဖြစ်
ပါမည်ဖြစ်ပါသည် အဲဒါကြောင့် အလုပ်သည်သာဘဝ ဟုစာရေးသူမြင်ပါသည် ကိုယ့်တွေ့ခံစားချက်လေး တင်ပြ
ပါရစေနော် စာရေးသူသည်တစ်ခါတရံ သံဃာတော်များစားသောက်ပြီးသောစားကြွင်းစားကျန်များကို ဆေး
ကျောတတ်သည့်အလေ့ရှိပါသည် တခါတလေမှာ ဝိုင်းဝန်းဆေးကျောကြပါသည် စာရေးသူ၏ရည်ရွယ်ချက်မှာ
ယခုကဲ့သို့ အညစ်အကြေးများကို ဆေးကြောရသည့် ကောင်းမှုစေတနာကြောင့် မိမိသန္တာန်မှာရှိသည့်ကိလေသာ
အညစ်ကြေးများကို ကင်းစဉ်အောင်ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ရပါလို၏ ဆုတောင်းရည်ရွယ်ပါသည်
ဒါကြောင့် အလုပ်ကို လုပ်တာခြင်းတူကြတော်လည်းဘဲ ရည်ရွယ်ချက်ခြင်းမတူကြသည့်အတွက်ကြောင့်
လူဖြစ်သော်လည်း လူခြင်းမတူကြပါဘူး ချမ်းသာသည့်သူကချမ်းသာပြီး ဆင်းရဲသူများကအလွန်ပင်ဆင်းရဲ
လှပါသည် စာရးသူအမြင်ကိုဆက်လက်၍တင်ပြမယ်ဆိုလျှင် ရည်ရွယ်ချက်ရှိမှ ဘဝ၏အခေက်အခဲမှန်သမျှကို
ကျော်လွှားနိုင်မည်ဖြစ်ပါသည်ဟု မြင်ပါသည် ဒီဖြစ်ရပ်လေးကလဲ စာရေးသူ၏ကိုယ်တွေ့လေးပါနော်
စာရေးသူသည်ယ္ခုစာရေးနေချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အမည်မထင်ရှားသေးသည့်တက္ကသိုလ်
တစ်ခုမှာပညာသင်နေပါသည် လွန်ခဲ့သောနှစ်အနည်းငယ်မှာ ရန်ကုန်မှာပညာဆည်းပူးနေပါသည် မွေးရပ်
ဇာတိမှာ တချိန်က မင်းတုန်းမင်းကြီး အိမ့်ရှေ့မင်းသားဘဝမှာ ပုန်းအောင်းနေထိုင်သွားသည့်မြို့ဖြစ်ပါသည်
မင်းပုန်းမြို့ခေါ် မင်းတုန်းမြို့မှာ မွေးပွားခဲ့သူဖြစ်ပြီး မိဘများမှာအလွန်ပင် ဆင်းရဲလှပါသည် ဘယ်လောက်
အထိဆင်းရဲသလဲဆိုရင် စားရေးသူကိုပင်ပညာသင်ပေးဖို့ ပညာသင်စရိပ်မရှိရှာပါဘူး စာရေးသူသည် သူတပါးနွာများ
ကိုအငှားကျောင်းခဲ့ရပါသည် အဲဒီလောက်ဆင်းရဲသည့်အတွက် မြို့တော်ရန်ကုန်မှာပညာသင်ဖို့ကိုအိမ်မက်
တော်မမက်ဖူးပါဘူး တကယ်ပါ ဒါပေမဲ့ ရန်ကုန်မြို့သို့ ရောက်ဖူးချင်းစိတ်တော့ ခဏခဏဆိုသလို ဖြစ်မိပါ
သည် ဒါနဲ့ တစ်နေ့သောအခါမှာ စာရေးသူသည် ကိုယ်ဘဝကို ဘယ်လို့မြင့်တင်ရမလဲဆိုသည့်အတွေးများဝင်လာ
ခဲ့ပါသည် ဝင်ပုံမှာ ငါဘဝ ဒီလိုတောကြိုတောင်ကြားထဲမှာဘဲ ရှုံးဆုံးခံရတော့မှာ်လား ဒီဘဝကိုမြင့်တင်ရန်
နည်းလမ်းက တစ်ခုတည်းဘဲရှိတယ် အဲဒီလမ်းကဘယ်လမ်းလဲဆိုတော့အကောင်းဆုံးလမ်းဖြစ်ပါသည်ဟု
စာရေးသူထင်မြင်မိပါသည် ထင်မြင်သည့်အတိုင်းလည်း ကောင်းပါသည် သင်္ကန်းဝတ်ပြီး ဘဝကိုမြင့်တင်
မယ်ဟု ရည်ရွယ်ချက်ဖြစ်ခဲ့ပါသည် ရည်ရွယ်ချက်ထားသည့် ဘဝကိုမြင့်တင်ခဲ့ပါသည် အဲဒီရည်ရွယ်ချက်
ကြောင့် ဆင်းရဲခြင်းတစ်ချို့တဝက်ကိုကျော်ဖြတ်နိုင်ခဲ့ပါသည် အဆိုပါရည်ရွယ်ချက်တိုင်းလမ်းဆက်လျှောက်
သောအခါ အခေက်အခဲအနည်းနည်းတွေ့ရှိခဲ့ပါသည် အခေက်ခဲက ဘာလဲဆိုတော့ ပညာသင်စရိပ်မပြည့်စုံ
သည်၏အတွက်ကြောင့်ဖြစ်ပါသည် ရန်ကုန်ပညာသင်ပြီးတော့ ခေတ်အလိုက် ပြည်ပ ပညာတော်သင်သွား
ရောက်၍သင်ကြားခြင်းကို စိတ်ဝင်စားလာခဲ့ပါသည် ပြည့်ပညာရေးကိုအထင်ကြီးလာခဲ့ပါသည် သို့အတွက်ကြောင့်
ပြည့်ပ ပညာတော်သွားရောက်သင်ကြားနိုင်ရန် ကြိုးစားအားထုပ်ခဲ့ရပါသည် ထို့ကဲ့သို့ကြိုးစားနေချိန်ဝယ်
ရန်ကုန်မှာ အင်္ဂလိပ်စာကလပ်များတက်ခဲ့ရပါသည့် ထိုအချိန်မှာ မိမိမှာပညာသင်စရိပ်မလုံလောက်သောကြာင့်
ကလပ်များသို့ သွားရန်လမ်းစရိပ်ခေါ် ရန်ကုန်လိုင်းကားခမရှိပါဘူး အဲဒါကြောင့် ကလပ်များသို့ ခြေလျင်
လျှောက်၍ ပညာသင်ကြားခဲ့ပါသည် အလွန်ဝေးလွန်းသောကလပ်များသို့ တက်ချင်သော်လည်း လိုင်းကားခမရှိ
သဖြင့် မသွားနိုင်မတက်နိုင်ခဲ့ပါဘူးသို့သော်လည်းအဆိုပါအခေက်ခဲများကိုကျော်ဖြတ်နိုင်ခဲ့ပါသည် ထို့သို့အခေက်ခဲ့များကိုကျော်ဖြတ်နိုင်ခဲ့ခြင်းသည် ရည်ရွယ်ချက်ရှိသော
ကြောင့် ဟုစာရေးသူမြင်ပါသည် အဲဒါကြောင့် လောကမှာ ရည်ရွယ်ချက်ရှိဖို့လိုအပ်ပါသည် ရည်ချက်မြင့်မား
လျှင် ဘဝမြင့်မယ် ဘဝ၏အခေက်ခဲတွေကိုလည်းကျော်လွန်နိုင်မည်ဖြစ်ပါသည် ရည်ရွယ်ချက်မကောင်းလျှင်
တော့ အလုပ်လဲမမှန်နိုင်ဘူး ဘဝလည်းအောက်ကျနောက်ကျဖြစ်မယ် အဲဒါကြောင့်အလုပ်သည်ဘဝ ဖြစ်ပါ
သည်ဟုစာရေးသူအမြင်မိပါသည် မြတ်ဗုဒ္ဓစာပေမှာတော့ ကမ္မပစ္စယာ ဘာဝေါ ဟု ပဋိစ္စသမုပ္ပါဋ်ဒေသနာမှာ
ဟောထားပါသည် ကမ္မဆိုသည်မှာ ကရီယတေတီတိကမ္မံ ဟူသောဗျုပ္ပတ္တိ အရပြောမယ်ဆိုရင် ပြုလုပ်အပ်
သောကြောင့်ကမ္မဟုဆိုလိုပါသည် ဒါပေမဲ့ ဒီကမ္မပစ္စယာမှာက ကုသိုလ်အကုသိုလ်စေတနာကိုကမ္မဟုယူပါ
တယ် ထိုကဲ့သို့ယူမယ်ဆိုရင်တော့ ကရောတီတိကမ္မံ ဟုဆိုရပါမည် အဓိပ္ပပ္ပါယ်မှာ ပြုလုပ်တတ်သောကြောင့်
ကမ္မဟုဆိုလိုပါသည် ဘာတွေလုပ်တတ်သလဲဆိုရင် ကမ္မဘဝဆိုသည့်အကျိုးများကိုပြုလုပ်တတ်ပါသည်
စာရေးသူ၏အမြင်သက်သက်ပါ မြတ်ဗုဒ္ဓဟောထားသောနည်းနှင့်မကိုက်ညီသော် ပညာရှင်များမေတ္တာစေတနာ
ကရုဏာထားလျက် စာရေးသူအားပြင်ပေးပါရန်တောင်းပန်ပါသည် ဆိုလိုချင်တာကတော့ အလုပ်ဟုအများက
တော်တော်များများဘာသာပြန်ကြသည့် ကမ္မသည်အလုပ်ဟုဆိုတော်လည်း စေတနာ ဘိက္ခဝေ ကမ္မံ ဝဒါမိ
ဟုမြတ်ဗုဒ္ဓဟောထားသည်မှာ ကံကိုစေတနာဟုဆိုသော်လည်း စာပေအရ ပဓာနနည်းအားဖြင့်ဟောထား
သည့်ဟု စာရေးသူမြင်ပါသည် ဘာကြောင့်လဲဆိုတော့ အလုပ်တစ်ခုပြီးမြောက်အောင်လုပ်ဖို့ဆိုလျှင် စေတနာ
တစ်ခုတည်းနဲ့ မပြီးမြောက်ပါဘူး ကောင်းသောအလုပ်ဖြစ်မယ်ဆိုရင် အခြားသဒ္ဓါ ဝိရိယစသည့်သမ္ပယုတ္တ
တရားများပါမှ ထမြောက်အောင်မြင်မယ်လို့ ထင်မြင်မိပါသည် မကောင်းသောအလုပ်ဖြစ်ခဲ့မယ်ဆိုရင်လည်း
လောဘ ဒေါသ စသည့်ယှဉ်ဖော်ယှဉ်ဘက်တရားများပါမှသာလျှင် မကောင်းသည့်အလုပ်တစ်ခုလုပ်ဖြစ်သွား
ပါမည် သို့သော်လည်းစေတနာမပါလျှင်လည်းမပြီးပါဘူး အဓိက ကစေတနာပါမှအလုပ်ပြီးမြောက်နိုင်သော
ကြောင့် စေတနာသာလျင်အဓိကဖြစ်သောကြောင့် စေတနာ ဘိက္ခဝေ ကမ္မံ ဝဒါမိ ဟုဟောတော်မူသည့်ဟု
စာရေးသူထင်မြင်မိပါသည် ထို့သို့ဖြစ်သောကြောင့် စေတနာ ဟူသောအလုပ်အကိုင်ကောင်းလျင် ကမ္မဘဝ
ဟူသောဘဝမြင့်မှားမည် စေတနာတည်းဟူသောအလုပ်မကောင်းအလျှင် ဘဝအောက်ကျနောက်ကျဖြစ်
မည်ဖြစ်ပါသည် ဆိုအပါဖြစ်သောကြောင့်အလုပ်သည်ဘဝ အလုပ်ရှိမှ ဘဝရှင်သန်နိုင်မည် မလုပ်ရှိလျှင်
ဘဝဆိုတာမရှိနိုင်ဟု ရေးသားဘူးပါသည် ဘဝအဆင့်မြင့်ဖို့အတွက် အလုပ်ကောင်းကောင်းလုပ်နိုင်ကြပါစေ
ဆုတောင်းရေးသားလိုက်ရပါသည်။



Tuesday, 1 March 2011

နောက်ကျသောလူ

လောကမှာ လူအမျိုးမျိုးရှိကြသည့်အထဲမှာ နောက်ကျသောလူဆိုတာဘယ်လို့လူလဲဆိုတာ သိချင်လို့
သူငယ်ချင်းတစ်ယောက်ကိုစာရေးသူမေးကြည့်ဖူးပါတယ် သူ့အဖြေကရှင်းရှင်းလေးပါ မသိဘူးတဲ့ သူဖြေတာ
မှန်ပါတယ် မမှားပါဘူး လောကမှာ မသိတဲ့သူဟာ နောက်ကျသောလူဘဲလေ ရှင်းအောင်ပြောမယ်ဆိုရင်
ဘာဆိုဘာကိုမှမစူးစမ်းမစဉ်းစားမတွေးခေါ်တတ်တဲ့သူ ဘာမှမသိတဲ့သူသည် လူအ လူနောက်ကျသောသူ
ဟုစာရေးသူမြင်ပါတယ် ပညာမတတ်သည့်သူဟာလည်းလောကမှာ လူအ လူနောက်ကျသောလူဖြစ်ပါသည်
ပညာဆိုသည့်မှာ စာပေပညာတစ်ခုတည်းဆိုလိုသည်မဟုတ်ပါ အတတ်ပညာ အသိပညာအားလုံးကိုဆိုလိုပါ
သည် လောကမှာတတ်သင့်သည့်လက်မှု့ပညာ နုပ်မှု့ပညာ အသက်မွေးဝမ်းကြောင်းအတတ်ပညာများမ
တတ်ရင်လည်ဲးဘဲ လူအ နောက်ကျသောလူဟုဆိုလိုချင်ပါသည် အသိပညာဆိုသည်မှာ အလွန်ပင်ကျယ်
ပြန့်လှပါသည် လောကအသိပညာ လောကုတ္တရာအသိပညာဟု များပြားလှပါသည် အဓိကဆိုလိုချင်တာ
က ပင်ကိုယ်အသိပညာလေးတော့ရှိသင့်ပါသည် ပင်ကိုယ်အတွေးအခေါ်ပညာကိုမရှိဘူးဆိုရင်လည်းလူအ
ဖြစ်ပါသည် ဘာကြောင့်လဲဆိုတော့သူများပြောသမျှလုပ်ပေးနေရလို့ပါ ကိုယ်ပင်အတွေးအခေါ်မရှိသည့်အခါ
ဘယ်အရာကိုမှ ကိုယ်တိုင်မဆုံးဖြတ်နိုင်ဘဲ သူများပြောသမျှ ခေါင်းငြိမ့်နေရလို့ပါ ဒါကြောင့် နောက်ကျသောသူဟုဆိုလိုပါသည် စာရေးသူ
ကိုယ်တိုင်လည်း မိမိကိုယ်ကို လူအ လူနောက်ကျဟု ခံစားခဲ့ဖူးပါတယ် ထို့ကြောင့်နောက်ကျသောလူဟူ
သောခေါင်းစဉ်လေးနဲ့ရေးဖြစ်သွားပါသည် စာရေးသူသည် ဘာဆိုဘာမှမသိတဲ့ လူတစ်ယောက်ပါ
လူမူ့ရေး စီးပွားရေး ပညာရေး ရေးပေါင်းများစွာ မသိနားမလည်သူလေးပါဟု ဝန်ခံလိုက်ပါရစေနော်
ဒါကြောင့် စာရေးသူကဲ့သို လူအ လူနောက်ကျမဖြစ်စေချင်ပါဘူး လူတိုင်းကို လူတော် လူမော်များဖြစ်စေ
လိုပါသည် တစ်ခါတလေမှာ မိမိအသည်ကိုအသည်ဟု ဝန်မခံရဲသူတွေက ငါကလူရိုးလေးပါတဲ့ ပြောတတ်
ကြပါသည် စာရေးသူကိုယ်တိုင်လည်းပြောခဲ့ဘူးပါသည် အမှန်တကယ်တော့ လူရိုးတယ်ဆိုသည်မှာလူ
ကြားကောင်းအောင်ပြောလိုက်တာပါ တကယ်တော့လူအ ပါဘဲ လူနောက်ကျပါဘဲ နောက်ကျတာကောင်း
လား မကောင်းဘူးလားဆိုရင် မေးစရာမလိုလောက်အောင်အဖြေကရှင်းနေပါသည် မကောင်းပါဘူး
ဘာကြောင့်လဲဆိုတော့ အစစအရာရာ သူ့များထက်အောက်ကျနောက်ကျဖြစ်နေလို့ မကောင်းပါဘူး
   ကိုယ်ပိုင်အတွေးခေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိသည့်အတွက်ကြောင့်                                                 သူများထက်ခြေတစ်လှမ်းအမြဲနောက်ကျနေပါတယ်
စာရေးသူ ခံစားချက်လေးပါနော် နောက်ဆုံးပြောချင်တာက ကိုယ်ပိုင်အသိဥာဏ်မရှိသည့်အခါ ဘဝ
အတွက်အရေးကြီးသော အပြစ်ရှိမရှိ မှားသည် မှန်သည်ကို မဆုံးဖြတ်နိုင် မဝေဖန်မပိုင်းခြားနိုင်သည့်
အတွက်ကြောင့် သူများပြောသမျှ ခေါင်းငြိမ့်လိုက်ပါသည် အမှားကိုလဲ အမှန်ဟု ဆုံးဖြတ်ချက်ချတတ်ပါ
သည် အမှန်ကိုလည်း အမှားဟုဆုံးဖြတ်တတ်ပါသည် ထို့သို့ဖြစ်မယ်ဆိုရင် ဘဝသံသရာ တလျှောက်လုံး
အောက်ကျ နောက်ကျလူ့ဘဝကိုသာ ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည် ထို့ကြောင့် လောကမှာ အောက်ကျ
နောက်ကျသောလူမျိုးမဖြစ်အောင်ကျြိးစားပြီး အစစအရာရာကို ကိုယ်ပိုင်အသိဥာဏ်ဖြင့် ကိုယ်ပိုယ်အတွေး
ခေါ်ဖြင့် မှားသည် မှန်သည် အပြစ်ရှိသည် ပြစ်မရှိသည် ဝေဖန်ပိုင်းခြားနိုင်ဖို့ကြိုးစားအားထုတ်နိုသည့်လူတော်
လူမော်များဖြစ်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်

Saturday, 26 February 2011

တစ်ဘို့သာရှိသောလူ

လောကမှာ လူအမျိုးမျိုးရှိကြပါသည် အခုပြောချင်တာက တဘို့သာရှိသောလူဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာကိုသိစေလိုသောဆန္ဒဖြင့်
ရှေ့ဆရာများဆုံးမသည့်အတိုင်းတင်ပြမှာဖြစ်ပါသည် လူအမျိုးမျိုးရှိကြသည့်အထဲမှာ လူနှစ်မျိုးကိုဘဲရေးသား
မည်ဖြစ်ပါသည် ထိုလူနှစ်မျိုးကဘယ်သူတွေလဲဆိုရင် တဘို့သိတတ်သောသူ နှစ်ဘို့သိသောသူဟု နှစ်မျိုးရှိ
သည်(၁)နှစ်ဘို့ရှိသောလူဆိုတာ ဘယ်လိုလူမျိုးလဲ ဘာဘဲလုပ်လုပ်သူ့ဖို့ ကိုယ့်ဖို့သိတတ်သောလူမျိုးဆိုလိုပါ
သည် နားလည်အောင်တစ်မျိုးပြောမယ်ဆိုရင်ကိုယ်ချင်းစာနာတတ်သောသူ မျှမျှတတနားလည်ခံစားတတ်သူ
သူ့ဘို့ကိုယ့်ဘို့နားလည်ပေးနိုင်တဲ့သူ စာပေနှင်ဲ့အညီပြောရမယ်ဆိုရင် မဇ္ဈိမလမ်းစဉ်ကိုလိုက်နာကျင့်သုံးသူဟု
အဓိပ္ပါယ်ရှိပါသည် တနည်းအားဖြင့်သူ့ကျိုးကိုယ့်ကျိုးကိုသိတတ်သောသူ အစွန်းမရောက်သောသူဟုဆိုလိုပါသည် ထိုလူမျိုးကိုနှစ်ဘို့ရှိသောလူဟုဆိုလိုပါသည် ဆရာများ၏ဆုံးမချက်လေးကို
တင်ပြပါရစေ မင်းတို့ လူမှန်ရင် နှစ်ဘို့ရှိရမယ်ကွ တဘို့တည်းရှိရင်တော့လူ
မဟုတ်ဘူးကွ မင်းတို့နားလည်လားဟု ပြောခဲ့ဖူးပါတယ် ဆရာတော်က
 တဘို့တည်းသာရှိသောအကောင်သည် ဘာကောင်လဲဆို
တာမင်းတို့သိလားကွ ဟု ထပ်ပြီးမိန့်တော်မူပါသည် ထိုသို့ဆရာတော်ကမိန့်လိုက်သည့်
အခါမှာ စာရေးသူအပါဝင်တပည်များက လောကမှာတဘို့တည်းရှိသည်မှာ
နွားတိရိစ္ဆာန်ဖြစ်ပါသည်ဟုဖြေခဲ့ပါတယ် အဲလိုဖြေလိုက်တော့ ဆရာတော်က
အေးကွ မိမိကိုယ့်ကို ဘာကောင်လဲဆိုတာသိအောင်ကြိုးစားကြကွ ဟုမိန့်
ခဲ့ဖူးပါသည် အဲဒါကြောင့် လောကမှာ တဘို့သာရှိသောလူမျိုးမမြစ်ဖို့အရေး
ကြီးလှပါသည် ဘာကြောင့်လဲဆိုတော့ တစ်ဘို့သာသိသောသူသည်အလွန်
ပင်မုန်းစရားကောင်းလှပါသည် ပညာရှိသူတော်ကောင်းများကလဲချီးမွန်းလိမ့်
မရှိပါဘူး ဘာကြောင့်မချီးမွန်းတာလဲဆိုတော့ အတ္တကြီးလို့ပါ ကိုယ့်ကျိုးကိုသာ
ကြည့်တတ်သည် ကိုယ့်ကောင်းစားရေးကိုသာ အရာရာမှာ ဦးစားပေးလုပ်တတ်
ပါသည် မိမိအလိုပြည့်မယ်ဆိုရင် သူတစ်ပါးဆင်းရဲဒုက္ခဘယ်လောက်ရောက်
ရောက် ကိုယ့်ကျိုးသာငဲ့ပြီးလုပ်တတ်ပါသည် ထို့ကြောင့်သူတော်ကောင်းများ
မချီးကျူးကြပါ ဒါကြောင့်လောကမှာတဘို့တည်းသာရှိသောသူ ကိုယ့်ဘို့သာသိသော
သူမဖြစ်ထိုက်ပါဘူး အကယ်၍ တဘို့သာသိသောသူဖြစ်မယ်ဆိုရင်တော့
ဆရာတော်ပြောသလို တိရိစ္ဆာန်နွားနှင့် အတူတူဘဲဖြစ်သွားလိမ့်မယ်
အဲဒါကြောင့် တဘို့သာရှိသောသူမျိုးမဖြစ်ကြစေရန် ရည်စိတ်သန်၍
စာရေးသူအနေနဲ့ သူ့ကျိုးကိုယ့်အကျိုး အတ္တဟိတ ပရဟိတ နှစ်မျိုး
သယ်ပိုးဆောင်ရွက်နိုင်သောသူတော်ကောင်းများဖြစ်ကြစေရန်ရေးသား
လိုက်ခြင်းဖြစ်ပါသည် အမှားပါကပြင်ပေးပါရန် မေတ္တာရပ်ခံပါသည်။

Friday, 25 February 2011

တာဝန်ကိုသိသောသူ

လောကမှာ တာဝန်ဆိုတာဘာလဲဆိုရင် လုပ်သင့်သည်အလုပ်မျိုးမဟုတ်ပါ..မဖြစ်မနေလုပ်ရမည့်အလုပ်မျိုးကို
ဆိုလိုတာပါ..ဒါဆိုဘယ်အလုပ်များပါလဲဟုမေးခဲ့ရင်..တာဝန်.ဆိုသည်မှာ.လူဆိုရင်လူရဲ့တာဝန်.လောကတာတာဝန်များရှိ
ကြပါသည်..မိဘ၏တာဝန်..ဆရာ၏တာဝန်..သာသ္မီး၏တာဝန်..တပည့်၏တာဝန်..ခင်မွန်း၏တာဝန်..ဇနီး၏
တာဝန်..ရဟန်းတော်များ၏တာဝန်..ဒကာ.ဒကာမများ၏တာဝန်ဟု..အသီးသီးရှိကြပါသည်။..ထိုအများကြီးထဲ
မှ..သားသ္မီးများ၏တာဝန်များကိုပြောကြည့်ရအောင်..ကျွေးမွေးမပျက် ဆောင်ရွက်စီမံ အမွေခံထိုက်စေ အလှုမျှ
ဝေ၍.စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့သာဆိုသည့်တာဝန်များသည်..ကျင့်သင့်သော
တာဝန်မျိုးသာမဟုတ်ပါ  ဧကန်မုချကျင့်ရမည့်တာဝန်ဖြစ်ပါတယ် မိဘများသည်သားသ္မီးအတွက်ပေးဆက်ခဲ့ရသောကျေးဇူးများမှာ အနန္တ.တိုင်းတာခြင်းငှာမစွမ်းနိုင်ပါဘူး အဲဒါကြောင့်
ကျေးဇူးဆက်သင့်သည်သာမဟုတ် ကျေးဇူးမဖြစ်မနေဆက်ရပါမည်ဖြစ်ပါသည် ဆက်သင့်သည်ဟုသာ
ပြောမယ်ဆိုရင် တာဝန်မဟုတ်တော့ပါဘူး ဝတ္တရားမျိုးဖြစ်သွားပါလိမ့်မယ် ဝတ်တရားဆိုသည်မှာလုပ်နိုင်
မှလုပ်မလုပ်နိုင်ရင်လဲ သိပ်အရေးမပါလှပါဘူး..တာဝန်ဆိုသည်မှာ ဝတ်တရားမျိုးကဲ့သို့ လုပ်သင့်မှာလုပ်
လုပ်မည့် ကျင့်ဝတ်မျိုးမဟုတ်ပါဘူး မဖြစ်မနေလုပ်ရမည့်တာဝန်မျိုးသာဖြစ်ပါသည် ဒါဆိုမလုပ်ရင်ကော
ဘယ်လို့အကျိုးအပြစ်များသက်ရောက်နိုင်ပါသလဲဆိုသည့်မေးခွန်များ မေးလာနိုင်ပါသည် လောကမှာ
ကြွေးယူပြီးပြန်မပေးဘူးဆိုရင် ဘယ်လိုအကျိုးအပြစ်ဖြစ်နိုင်သလဲဆိုတာအရင်စဉ်းစားကြည့်ရအောင်
လက်ရှိဘဝမှာဘဲ မင်းဘေးမင်းဒဏ်အပေးခံရမယ် တမလွန်ဘဝမှာလဲမိမိယူထားသည့်အကြွေးကို
သခင်ထံမှာ တိရိစ္ဆာန်ဖြစ်၍သော်လည်ကောင်း လူဖြစ်မယ်ဆိုရင်လဲ ကျေးကျွန်အဖြစ်နဲ့အကြွေးမကျေ
မခြင်းဆက်မယ် ဆိုသည့်အကျိုးအပြစ်များကိုခံစားရမယ်ဆိုသည်မှာမြေကြီးလက်ခက်မလွဲပါဘဲ
အခုပြောခဲ့သည့်အကြွေးဆိုတာ မိဘကျေးဇူးနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဘာမှမပြောပလောက်သေးပါဘူး
အဲဒါကြောင့်မိဘကျေးဇူးကို မဆက်ဖြစ်ဘူးဆိုရင်တော့အလွန်အမင်းကြီးလေးသောအကျိုးအပြစ်များကို
ရရှိခံစားကြရမယ်ဆိုတာ သင်နားလည်ဖို့လိုပါသည် ကျေးဇူးများကိုသားသ္မီးကျင့်ဝတ်ရှိသည့်အတိုင်းဆက်
မယ်ဆိုရင်ကော ဘယ်လို့အကျိုးများရရှိခံစားရမလဲဆိုရင်တော့ မြတ်ဗုဒ္ဓသည် မင်္ဂလာသုတ်ပါဠိတော်မှာ
ဟောဖော်ညွန်ကြားထားသည့်အတိုင်းပါဘဲ..မေ့နေမှာစိုးလို့သတိပေးလိုက်အုံးမယ်နော်..မာတာပိတုဥပဋ္ဌာနံ
..ဧတံမင်္ဂလမုတ္တမံ ဟုဟောထားတာရှိပါသည် ဧတံ=သားသ္မီးတာဝန်ကျေပြွန်အောင်ကျေးဇူးသိတတ်ခြင်း
သည် ဥတ္တမံ=ကြီးပွားကြောင်းမြတ်လှပါပေ၏ .ကြီးပွားကြောင်းတရားပါ.ဥတ္တမ-အမြတ်တရားပါ။ တနည်း
အားဖြင့်ဘာသာပြန်မယ်ဆိုရင်.အထက်တန်းစားလူများ၏အကျင့်မြတ်ဖြစ်ပါတယ် သားသ္မီးတာဝန်ကိုကျေပြွန်
အောင်ဆောင့်ရွက်မယ်ဆိုရင် ဒီဘဝမှာလဲပညာရှိသူတော်ကောင်းများချီးကျူးခံရမယ် နောက်နောင်ဘဝ
သံသရာမှာလည် အမြတ်ဆုံးအထက်တန်းစားလူ့ဘဝနတ်ဘဝသို့လားရောက်ခံစားရမယ်ဆိုသည့်အကျိုး
များရရှိမယ်  ထိုကြောင့်မိမိတာဝန်ကိုကျေပြွန်လုပ်ကြဖို့အရေးကြီးပါသည် သားသ္မီးကျင့်ဝတ်ထဲမှာအရေး
ကြီးတာလေးပြေချင်တာက စောင့်လေမျိုးနွယ်ဆိုသည့်အချက်လေးနည်းနည်းပြောချင်ပါတယ် ဒီအချက်
လေးကပိုအရေးကြီးတယ်လို့စာရေးသူအနေနဲထင်မြင်နေမိပါသည် အမျိုးနွယ်ကိုတန်ဖိုးမထားဘဲ မိမိနှင့်
အမျိုးဘာသာမတူညီသည့် သူများနဲ့ဘဝတလျှောက်လုံးလက်တွဲသွားသူများ ငွေဂုဏ် ပကာသနအထင်
ကြီးပြီး မိမိတာဝန်တွေကိုမလေးစားမလိုက်နာသော သားသ္မီးများရှိနေသည်မှာ အမျိုးဘာသာအတွက်အ
လွန်ပင်ဝမ်းမသာစရာပါ ဒါကြောင့်တာဝန်သိသောလူဖြစ်ဖို့အရေးကြီးလှပါသည် တချို့သူများသည်
စကားပြောတာကတော့ သာသနာဝန်ထမ်း နိုင်ငံဝန်ထမ်းဆောင်မယ်ဟုကြီးကြီးကျယ်ကျယ်ပြောတက်ကြ
ပါသည်သို့တော်လည် မိမိနှင့်သာဆိုင်သောမိမိ၏တာဝန်အနည်းငယ်လေးတောင်မထမ်းဆောင်နိုင်ကြပါ
ဘူး လောကကြီးမှာ ကိုယ့်တာဝန်သာကိုကျေပွန်အောင်ထမ်းဆောင်နိုင်ကြမယ်ဆိုရင်ဘာပြဿနာမှ
ဖြစ်မှာမဟုတ်ပါဘူး စကားကြီးစကားကျယ်ပြောတတ်သူတွေကပိုဆိုးတယ် စာရေးသူ၏ကိုယ့်တွေ့လေးတင်
ပြလိုက်ပါရစေ ဘာလဲဆိုတော့ နိုင်ငံဝန်ထမ်းမယ်ဆိုပြီးလူထင်ကြီးအောင်နိုင်ငံရေးလုပ်သလိုလိုနဲ့အော်
ကြီးအစ်ကျယ်လုပ်နေတဲ့သူတစ်ယောက်ပါ နိုင်ငံတာဝန်တော့ထမ်းဆောင်နိုင်ပါ့မလားမသိပါဘူး ထမင်းစား
ပြီးတော့ကိုယ်စားသည့်ပုဂံပြားလေးတောင်မဆေးကျောနိုင်ဘူး မဆေးဘဲပစ်ထားလိုက်တယ်လေ စာရေး
သူကပြောပါတယ် မင်းပြောတော့အများအကျိုးအတွက်နိုင်ငံရေးလုပ်နေတယ်ဆိုကွ ကိုယ်စားသည့်ပုဂံ
ပြားလေးတောင်မဆေးကျောနိုင်ဘူးကွ ပြောလိုက်တယ် ဒီတော့သူကမကြည့်သည့်မျက်လုံးကြည့်ပြီး
ဘာဆိုင်လို့လဲကွ စားရေးသူကိုပြန်ပြောပါသည် စားရေးသူကဆိုင်တာပေါ့ကွ ကိုယ့်နှင့်သာဆိုင်သည့်ကိုယ်
တာဝန်ကိုတောင်မလုပ်နိုင်ဘူးဆိုရင် သူများအတွက်မင်းဘယ်လို့လုပ်နိုင်မှာလဲဟုချေပစကားပြောခဲ့ပါသည်
ဒါကြောင့်လောကကြီးမှာ ကိုယ့်တာဝန်လေးကိုသိဖို့နဲ့ကျေပွန်အောင်ထမ်းဆောင်နိုင်ကြမယ်ဆိုရင် အရာ
အားလုံးအောင်မြင်နိုင်မယ်ကြီးပွားတိုးတက်နိုင်မယ်လို့ စာရေးသူအနေနဲ့မြင်ပါသည် သို့အတွက်ကြောင့်လောကမှာတာဝန်သိ
ပြီးမိမိတာဝန်မိမိကျေပွန်အောင်ထမ်းဆောင်နိုင်ကြပါစေလို့ဆုတောင်းပြီးရေးသားလိုက်ရခြင်းဖြစ်ပါသည်။

Tuesday, 22 February 2011

ချစ်စရာ အကောင်းဆုံးလူသား

လောကမှာ ဘယ်လိုသူသည် ချစ်စရာအကောင်းဆုံးသူဖြစ်သလဲ ဟု မေးရင် စာဖတ်သူအနေနဲ့ဖြေကြည့်ပါ ....
အဖြေကတော့ အများကြီးထွက်လာမယ်ထင်ပါတယ်..မိမိအပေါ်မှာကျေးဇူးများသူ...သို့မဟုတ်မိမိချစ်သူ...
သို့မဟုတ် မိမိအကြိုက်ဆုံးသူ..သို့မဟုတ်လောကမှာလှဆုံးအချောဆုံးသူ..သို့မဟုတ် ပညာအတတ်ဆုံးသူ..
ဆင်းရဲသူတွေအတွက် ဥစ္စာပစ္စည်းပေါများချမ်းသာသူ..ဂုဏ်မဲ့သူတွေအတွက် ဂုဏ်သိက္ခာရှိသောသူဟု
ဖြေကြမှာပါ တကယ်တော့အဲဒီအဖြေတွေမဟုတ်ပါဘူး..လောကမှာချစ်စရာကောင်းဆုံးသူဟာ မိမိအတွက်
အလိုက်သိသောသူသည်သာ ချစ်စရာအကောင်းဆုံးသူဖြစ်ပါတယ် ပေါ်လွင်ထင်ရှားအောင်ပြောမယ်ဆိုရင်
မိမိအကြိုက်ကိုလိုက်လျော့သောသူသည်သာ မိမိအတွက်ချစ်စရာအကောင်းဆုံးသူဖြစ်ပါတယ်..ဘာကြောင့်လဲ
ဆိုတော့ လောကမှာဘယ်လောက်ဘဲလှလှ ဘယ်လောက်ဘဲဂုဏ်ရှိရှိ...ပညာတွေတစ်ဘတ်ကမ်းရောက်
အောင်တတ်တတ် အလိုက်မသိဘူးဆိုရင်မုန်းစရာအလွန်ကောင်းပါတယ်..အဲဒါကြောင့်အလိုက်သိသောသူ
သည်သာချစ်စရာအကောင်းဆုံးသူဖြစ်ပါတယ်..လောကမှာဘယ်သူက ချစ်စရာအကောင်းဆုံးဖြစ်သလဲမေး
ခဲ့ရင် လောကအတွက်ကောင်းကျိုးချမ်းသာကိုပေးစွမ်နိုင်သောသူသည်သာချစ်ရာအကောင်းဆုံးသူဖြစ်ပါတယ်လို့ဖြေ
နိုင်ပါတယ်  မိမိ၏ိကြိုက်ကို လိုက်လျှော့သောသူသည်သာချစ်စရာအကောင်းဆုံးသူဟုဆိုသည်မှာမိမိ၏စိတ်
ချမ်းသာမှု့ပေးစွမ်းနိုင်သူကိုဆိုလိုပါတယ်လောကအတွက်ချစ်စရာအကောင်ဆုံးသူဆိုသည်မှာလဲ လောကကို
ချမ်းသာမှု့ပေးစွမ်းနိုင်သောသူသည်သာဖြစ်ပါတယ် ဒါဆိုဘယ်သူဖြစ်နိုင်တယ်ဆိုတာသဘောပေါက်လောက်ပါပြီ
လောကမှာ မိဘများအတွက်ချစ်စရာအကောင်းဆုံးသားသ္မီးဆိုတာလဲရှိလာမယ်..ဆရာများအတွက်ချစ်စရာ
အကောင်းဆုံ့းတပည့်ဆိုတာလဲရှိလာမယ် ချစ်စရာအကောင်းဆုံးတပည့်သည် ဘယ်သူဖြစ်နိုင်မလဲ မေးစရာရှိလာပါတယ် မိဘရဲ့စကားကိုနားထောင်သောသားသ္မီး
သည် မိဘ၏အကြိုက်ကိုလိုက်လျော့သောသားသ္မီင်္းသည် ချစ်စရာကောင်းဆုံးသားသ္မီးဖြစ်ပါတယ်
ဆရာရဲ့ချစ်စရာအကောင်ဆုံးတပည့်သည်ဘယ်တပည့်ဖြစ်နိုင်မလဲဆိုရင်..ဆရာ၏ဆုံးမစကားကိုနားထောင်
သောတပည့်သည်သာချစ်စရာအကောင်းဆုံးတပည့်ဖြစ်ပါတယ် သားသ္မီး၏ချစ်စရာအကောင်းဆုံးမိဘ
တပည့်၏ချစ်ရာအကောင်ဆုံးဆရာဆိုတာလဲရှိနိုင်ပါတယ်..သိလွယ်အောင်ပြောမယ်ဆိုရင် အလိုက်သိသော
မိဘဆရာသည်သာချစ်စရာအကောင်းဆုံးမိဘ.ဆရာ ဖြစ်ပါတယ် ဒါကြောင့်လောကမှာ ချစ်စရာအကောင်း
လူသားကိုပြောပါဟုသင့်ကိုမေးမယ်ဆိုရင် အလိုက်သိသောသူသည်သာ ချစ်စရာအကောင်းဆုံးသူဖြစ်ပါ
တယ် ဒါကြောင့်လောကမှာချစ်စရာအကောင်းမိတ်ဆွေခင်မွန်ဆိုတာလဲရှိနိုင်ပါတယ် ချစ်စရာအကောင်းဆုံး
ခင်မွန်းဆိုသည်မှာ..ဇနီး၏အကြိုက်ကိုလိုက်လျော့တတ်သောခင်မွန်းသည်သာချစ်စရာအကောင်းဆုံးသူဖြစ်ပါ
တယ် ခင်မွန်းသည်၏ချစ်စရာအကောင်းဆုံးဇနီးသည်..ခင်မွန်းသည်၏အချိုကြိုက်တတ်ရင် အခါးကြွေးတတ်
သူမဟုတ်ရပါ..အခါးကြိုက်တတ်သူကိုလဲ အချိုကြွေးတတ်သူမဟုတ်ရပါ..သူ့အကြိုက်ကိုအလိုက်သိသိလိုက်
လျော့တတ်သူဇနီးဖြစ်ရမယ် အဲဒါမှချစ်စရာကောင်းဆုံးဇနီးဖြစ်နိုင်မယ်ဖြစ်ပါတယ် ထိုကြောင့်လောကမှာချစ်
စရာအကောင်းဆုံးသူဖြစ်အောင်ကြိုးစာနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်ါးလျက်ရေးသားလိုက်ရပါသည်။

Friday, 18 February 2011

စည်လုံးညီညာ အောင်ကြောင်းဖြာ



လောကမှာ ညီညွတ်ကြဖို့အရေးကြီးပါတယ် ဘာကြောင့်လည်းဆိုတော့ ညီညွတ်ခြင်းသည်အရာအားလုံးကိုအောင်မြင်နိုင်စေပါသည်။
ဒါကြောင့် အလုပ်တစ်ခုစတင်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်ဖို့အတွက်ညီညီညာညာဆောင်ရွက်ကြဖို့အရေးကြီးလှပါသည်။
အောက်မှာတင်ထားသည့်ဖြစ်ရပ်မှန်လေးကိုကြည်လိုက်ပါ ညီညွက်ခြင်း၏ရလဒ်ကို တွေ့မြင်ရလိမ့်မယ်။
တိရိစ္ဆာန်ထဲမှာ ပြိုင်ဘတ်ကင်းသည့်ဟုယူဆရလောက်အောင် ခွန်အားဗလကြီးမားသောခြင်္သေ့မင်းစစ်တပ်နှင့် အားငယ်သောကျွဲစစ်
တပ်များစတင်စစ်ထိုးခဲ့ကြသည်မှာ စိတ်ဝင်စားစရာကောင်းလှပါသည် ဘာကြောင့်လဲဆိုတော့ အားငယ်လှသောကျွဲများသည်စည်းလုံး
ညီညာစွာစစ်ထိုးခဲ့သည်ဖြစ်သောကြောင့်အောင်ပွဲကိုရရှိခဲ့ပါသည် ဒီလိုပါဘဲ လောကမှာလဲ စီးပွားရေး လူမှု့ရေး ပညာရေး ပြဿနာ
များကို ညီညီညွတ်ညွတ် ကျြိးစားသွာမယ်ဆိုရင်အောင်
် မြင်မှု့ပန်းတိုင်သို့ရောက်သွားမှာပါ ဒါကြောင့်ညီညွတ်ကြဖို့အရေးကြီးပါသည် ကိုယ့်ဘဝမှာလဲ အောင်မြင်မှုရလိုချင်အရေးကြီးတာက
ညီညွတ်ဖို့အရေးကြီးပါတယ် ကံ ဥာဏ် ဝီရိယ ၃ ချက်ညီညွတ်ဖို့အရေးကြီးပါသည် လူတိုင်သိကြသည့်လောကဆိုးရိုးစကားလေးပါ
ဥာဏ်သာရှိ ကံမရှိက ဥာဏ်ရှိတိုင်းမွဲ ဆိုသည့်ရှေးသူတောင်းကောင်းများအဆိုအမိန်တိုင်းပါဘဲ ဘဝမှာအောင်မြင်းချင်ရင် ကံ ဥာဏ်
ဝိရိယ ညီညွက်ဖို့အရေးကြီးအရေးကြီးပါသည် ဝီရိယရှိပြီး ကံ ဥာဏ်နှစ်ပါးမရှိရင်လည်း ဘဝမှာအောင်မြင်မှုပန်းတိုင်အထွဋ်ထိပ်သို့
မရောက်နိုင်ပါဘူး ကံ ဥာဏ် ဝီရိယ ညီညွတ်နေမှသာ ဘဝမှာအောင်မြင်မယ် ဒါကြောင့်ဘဝမှာအေင်မြင်သူများ ကံ ဥာဏ် ဝိရိယ
ညီညွက်ပြည့်စုံအောင်ကြိုးကြရမယ် လောကမှာလည်းအောင်မြင်ဖို့အလုပ်များလုပ်ကြမယ်ဆိုရင် (၁)အဖွဲအစည်းများနှင့်လုပ်မယ်ဆိုရင်
လူအခြင်းခြင်းစည်းလုံးညီညွက်ရမယ် (၂)စိတ်ဓာတ်ညီညွက်ရမယ် အဆိုပါအချက်နှစ်ချက်ပြည့်စုံညီညွက်မယ်လောကမှာအောင်ဖို့
သေချာပါတယ်ဆိုတာ အောင်မြင်ခြင်းရလဒ်ကိုလိုချင်သူတိုင်းအတွတ် သိစေလိုပါတယ်။

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget