www.minpon.blogspot.com

www. minpon. blogspot. com widget

လတ်သလောသတင်း

Tuesday, 19 July 2011

ကိုယ့်တာဝန်

လောကမှာ တာဝန်ကိုမသိသောသူသည် မိမိသူတစ်ပါးတို့၏ ကြီးပွားတိုးတက်ကြောင်းများကို မစွမ်းဆောင်နိုင်ပါဘူး ဘာကြောင့်လည်း
ဆိုတော့ တာဝန်ဆိုသည်မှာ လောကကြီးအတွက်လုပ်ပေးသင့်သောတာဝန် မိမိဘဝအတွက်လုပ်သင့်လုပ်ထိုက်သောတာဝန်ဟု တာဝန်
များရှိကြပါသည် လောကကြီးအတွက်လုပ်သင့်လုပ်ထိုက်သောတာဝန်ဆိုသည်မှာ မဖြစ်မနေလုပ်ရမည့် လောကဝတ္တရားများဖြစ်ပါသည်
လောကဝတ်ဆိုသည်မှာ နမူနာပြောရမယ်ဆိုရင် ဆရာဖြစ်မယ်ဆိုရင် ဆရာ၏ တပည့်များအပေါ်မှာလုပ်ပေးသင့်သည့်အလုပ်များ
မိမိက ပတည့်ဖြစ်ခဲ့မယ်ဆိုရင်လည်း တပည့်များ၏ ဆရာအပေါ်မှာ လုပ်ပေးသင့်အလုပ်များ လောကမှာ မိဘနေရာမှာ နေရမယ်ဆိုရင်
လည်း မိဘများ၏ သားသ္မီးများအပေါ်မှာ လုပ်ပေးသင့်သည့်အလုပ်များ သားသ္မီးနေရာမှနေရသည့်အခါမှာလည်း မိဘများအပေါ်မှာလုပ်
ပေးရမည့် ဝတ္တရားများ ဖြစ်ကြသည့်တာဝန်များကို သိတတ်ကြမယ် တာဝန်တွေကျေပွန်ကြရမည် တောရွာလေးတစ်ရွာမှာ ခေါင်းဆောင်
ဖြစ်ခဲ့ရင်လည်း ရွာသူရွာသားများအပေါ်မှာ လုပ်ပေးနိုင်သည့် အသိပေး ပညာပေး လုပ်များ အကယ်၍ မိမိနောက်လိုက်တပည့်ဖြစ်ခဲ့
မယ်ဆိုရင်လည်း မိမိလုပ်ရမည့် တာဝန်များကို မခိုမကပ် တက်တက်ကြွကြွလုပ်နိုင်ရမယ် အဲဒါမှ မိမိတာဝန်ကို သိသူ တာဝန်ကျေပွန်
သူဖြစ်မည် အကယ်၍ မြို့တစ်မြို့၏သော်လည်းကောင်း နိုင်ငံတစ်နိုင်ငံ၏သော်လည်းကောင်း ခေါင်ဆောင်ဖြစ်ခဲ့မယ်ဆိုရင်လည်း မိမိ
ခေါင်းဆောင်တစ်ယောက်၏ တိုင်းသူပြည်သားများအပေါ်မှာ လုပ်ပေးနိုင်သည့် အများကောင်းကျိုးကို ဖော်ဆောင်နိုင်သည့်အလုပ်များ
ကို လုပ်ပေးနိင်ရမည် ဒါမှ ကမ္ဘာကျော်သည့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မည် မိမိက နောက်လိုက်ဘဝဆိုရင်လည်း
ခေါင်းဆောင်ကောင်းများ၏ အချည်းကျူးခံရသူဖြစ်အောင် မိမိတာဝန်အလုပ်ကို လုလ္လဥဿာဟကြီးစွာဖြင့် တာဝန်ကိုကျေပွန်အောင်
လုပ်ဆောင်နိင်ရမည် ဒါက လောကဝတ္တရားများသာဖြစ်ပါသည် မိမိ၏ဘဝပေးတာဝန်များဟုလည်းခေါ်ဆိုနိုင်ပါသည် သူများအတွက်မဟု
တ်ဘဲ မိမိဘဝအတွက်သည်လုပ်ရမည့်တာဝန်များလည်းရှိပါသေးသည် မိမိဘဝမှာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဆိုသည်မှာ ခေတ်ခဲ
လှပါသည် မိမိ၏ဘဝပေးတာဝန်များကျေပွန်ဖို့ အလွန်အရေးကြီးလှပါသည် ဘဝပေးတာဝန်ဆိုသည် မိမိရောက်နေသည့်နေရာတိုင်းမှာ
မိမိဘတ်က တာဝန်ကိုသိစွာ ပျော်ပျော်ရွှင်ရွှင်နှင့်လုပ်ပေးနိုင်ဖို့လိုအပ်ပါသည် ဒါဆိုရင် မိမိဘဝမှာ အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါ
သည် အောင်မြင်သောဘဝ အောင်မြင်သောလောက အောင်မြင်သောနိုင်ငံ အောင်မြင်သောကမ္ဘာ အောင်မြင်သောလူသားများဖြစ်ကြ
မည်ဟု ဗိုလ်ချုပ်အောင်ဆန်းကို သတိရ အောင့်မေ့လျက် ဇူလိုင် ၁၉ ရက် ၂၀၁၁မှာရေးသားလိုက်ပါသည်း။ ဘဝမှာ အစစအရာရာ မိမိကျရာတာဝန်များသိလျက် တာဝန်ကျေပွန်အောင်ထန်းဆောင်သူများဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်နိုဂုံးအဆုံးပြုပါစေ

Monday, 20 June 2011

အစောင့်အရှောက်

လောကမှာ မလိုအပ်သည်များမဖြစ်လာအောင် အစောင့်ရှောက်ကောင်းဖို့ အလွန်အရေးကြီးပါသည် မလိုအပ်သည်များဖြစ်လာသည်
ကိုဘယ်သတ္တဝါမျိုးမှ မကြိုက်မနှစ်သစ်ကြပါ အဲဒါကြောင့် မဖြစ်သင့်မဖြစ်ချင်တာတွေ မဖြစ်လာဖို့ ကြိုကြိုတင်တင်ကာကွယ်တတ်ဖို့
အရေးကြီးပါသည် အစောင့်ရှောက်ကောင်းဖို့ အရေးကြီးလှပါသည် အစောင့်ရှောက်ဆိုသည်မှာ အများကြီးပါ ကျယ်ကျယ်ပြန့်ပြန့်တွေး
မယ်ဆိုရင် စာဖတ်သူအနေနဲ့ တွေးကြည့်စမ်းပါ နိုင်ငံတစ်နိုင်ငံကို မလိုအပ်တာတွေမဖြစ်အောင်း လိုအပ်နေသည့် စီးပွားရေး ပညာရေး
လူမှု့ရေးတွေ တိုးတက်လာအောင် ဘယ်လို့စောင့်ရှောက်ကြမည်နည်း စည်းကမ်းကောင်း နည်းလမ်းကောင်းများနင့် စောင့်ရှောက်ကြ
မှဖြစ်မယ်ဟု စာရေးသူမြင်မှိပါတယ် နိုင်ငံထဲမှာနေထိုင်ကြသည့် လူတွေကြတော့ လူကောင်းတစ်ယောက်ဖြစ်လာအောင်ဘယ်လိုစောင့်
ရှောက်ကြမလဲ တွေးကြည့်မယ်ဆိုရင် လောကမှာ မိဘများက သားသ္မီးများကို စောင့်ရှောက်ကြသည် ဆရာများက တပည့်များကို
ရှောက်စောင့်ကြသည် ထိုသို့ စောင့်ရှောက်ကောင်းမှသာလျှင် သားသ္မီးကောင်းများ တပည့်ကောင်းများဖြစ်လာကြပါမည် ထို့ကြောင့်
အစောင့်အရှောက်သည် လောကမှာအလွန်အရေးပါလှသည်ဟု စာရေးသူ စကားပျိုးခဲ့ပါသည် တနည်းအားဖြင့်ပြောမယ်ဆိုရင်မိမိကိုယ်
ကို စောင့်ရှောက်တတ်ဖို့လဲ အလွန်အရေးကြီးပါသည် မိမိဝဘဝမှာ မဖြစ်သင့်သည်များ မဖြစ်လာအောင် မိမိကိုယ်ကို စောင့်နိင်ဖို့အရေး
ကြီးပါသည် ယ္ခုလက်ရှိဘဝမှာဘဲ မိမိအလိုရှိသည်များဖြစ်လာအောင် အမှားမလုပ်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်ပါ အဲဒါမှ မိမိဘဝ
သာယာဝဖြိုးမည်ဖြစ်ပါသည် တနည်းအားဖြင့် မိမိဘဝ အောက်ကျနောက်ကျ မဖြစ်အောင် ဘယ်လိုစောင့်ရှောက်မလဲ လုပ်သင့်လုပ်
ထိုက်သည့်များကို ကြိုးကြိုးစားစားလုပ်ခြင်းဖြင့် စောင့်ရှောက်ရမည်ဖြစ်ပါသည် တမျိုးပြောမယ်ဆိုရင် မိမိ၏ နှလုံးသားမှာ စိတ်ပုတ်
စိတ်ယုတ်များမဖြစ်ဘဲ စိတ်ဓာတ်အောင်တန်းမကျအောင် မိမိစိတ်ကို ဖြူစဉ်အောင်ထားခြင်းဖြင့် စောင့်ရှောက်နိုင်ရမည် မစောင့်ရှောက်
နိုင်ဘူးဆိုရင်တော့ ဘဝအောက်ကျ နောက်ကျဖြစ်မည်သည်သာဖြစ်ပါသည် ဘဝအောက်ကျသည်ဆိုသည်မှာ လူ့ဘဝအောက်နိမ့်သည့်
တိရိစ္ဆန်ဘဝသို့ ရောက်သွားနိုင်ပါသည် ဘဝနောက်ကျသည်ဆိုသည်မှာ လက်ရှိလူဘဝမှာပင် နောက်ဆုံးလူဖြစ်သွားနိုင်ပါသည် နောက်
ဆုံးလူဆိုသည့် ဘယ်အရာမှာမှ ရှေ့တန်းမနေရ ရှေ့တန်းမရောက်နိုင်သူကိုဆိုလိုပါသည် ထို့ကြောင့် မိမိကိုယ့်ကို မိမိ ဘေးရောက်သူမ
ဖြစ်အောင်စောက်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီစာလေးကို နိုဂုံးအဆုံးသက်လိုက်ပါရစေနော်

Wednesday, 25 May 2011

ခေါင်ဆောင်ကောင်း

လောကမှ ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတာ ခေါင်းရှောင်မဖြစ်ဖို့အရေးကြီးပါတယ် လောကသဘဝအလျှောက် ပြဿနာပေါင်းများစွာ
တွေ့ရသည့်အခါ ခေါင်းဆောင်ကောင်းဖြစ်သူသည် ဘယ်သောအခါမှ မျက်နှာမလွဲခြင်း ခေါင်းရှောင်ခြင်းတို့ မပြုလုပ်ပါဘူး ပြဿနာ
ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီး ဖြေရှင်းပေးတတ်ပါသည် ခေါင်းဆောင်ကောင်းမဟုတ်သည့် ခေါင်းဆောင်များသည် ပြဿနာ
များနှင့်ထိပ်တိုင်ရင်ဆိုတွေ့သည့်အခါ ပြဿနာကို မဖြေရှင်းနိုင်ဘဲ ရှောင်သွားတတ်ပါသည် ထိုခေါင်းဆေင်မျိုးသည် ခေါင်းဆောင်
ကောင်းမဟုတ် ခေါင်းရှောင်သောသူသာဖြစ်ပါသည် အဆိုပါသူသည် ဘယ်သောအခါမှ ကောင်းဆောင်ကောင်းမဖြစ်နိုင်ပါဘူး
ခေါင်းဆောင်ကောင်းသည် သဘာဝဓမ္မအားဖြင့်ပြောကြမယ်ဆိုရင်လည်း ခေါင်းဆောင်ကောင်းဖို့အရေးကြီးပါသည် စိတ်ကောင်းခြင်း
သည် ခေါင်းဆောင်ကောင်းဖြစ်သည် ဘာကြောင့်ဆိုတော့ စိတ်သည်အရာအားလုံးတို့၏ ခေါင်းဆောင်ဖြစ်ပါသည် စိတ်ကောင်းအောင်
လေ့ကျင့်ပေးဖို့လိုအပ်ပါသည် စိတ်ထဲမှာ လောဘ ဒေါသ မောဟ စသည့်အညစ်ကျေးများတည်နေမယ်ဆိုရင် စိတ်ကောင်းသည်ဟု
မဆိုနိင်ပါ စိတ်ကောင်းသည်ဟု မဆိုနိုင်ပါ လောဘ ဒေါသ မောဟ စသည့်အညစ်ကျေးများမိမိရဲ့နှလုံးသားမှာ မရှိအောင် ပညာဖြင့်
ကြိုးစား၍ ဖယ်ထုပ်နိင်မှ စိတ်ကောင်းနှလုံးကောင်းပိုင်ရှင်ဖြစ်လာမယ် စိတ်ကောင်းနှလုံးကောင်းရှိမှသာ လောကမှာ ခေါင်းဆောင်
ကောင်းဖြစ်လာမယ် စိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုရင် လောကမှာ ခေါင်းဆောင်ကောင်းမဖြစ်နိုင်ပါဘူး ဒါကြောင့် ခေါင်းဆောင်
ကောင်းဖြစ်ချင်သူများသည် မိမိ၏ စိတ်ကိုအရင် ဆန်းစစ်ကြည့်ပါ ငါ့စိတ်ထဲမှာ အောက်တန်းကျသည့် အနိင်လိုချင်စိတ် ရယူလိုချင်
စိတ် ပိုင်ဆိုင်ချင်စိတ် လွမ်းမိုးချင်စိတ် ချယ်လှည်ချင်စိတ်များရှိနေသလား ဒီစိတ်တွေရှိနေရင်တော့ အောက်တန်းကျစိတ်တွေရှိနေသည့်
အတွက်ကြောင့် ခေါင်းဆောင်ကောင်းမဖြစ်နိင်ပါဘူး ခေါင်းဆောင်ကောင်း ဖြစ်ချင်တယ်ဆိုရင်တော့ စွန့်လွတ်နင့်နာခံနိင်သည့်စိတ်
စာနာထောက်ထားသည့်စိတ် ဖြူစဉ်သန့်ရှင်းသည့်စိတ် မှားသည်မှန်သည်ကို ဝေဖန်ပိုင်းခြားနိင်သည့်စိတ်ရှိမှသာ လောကမှာ ခေါင်း
ဆောင်ကောင်းဖြစ်သည့်စိတ်ရှိသည့်သူဟု ဆိုလိုပါသည် ခေါင်းဆောင်ကောင်းစိတ်ရှိအောင်ကြီုးစားနိုင်ပါစေ ဆန္ဒပြုရင်း ဒီစာရေး
နိဂုံးအဆုံးသက်လိုက်ပါသည်

Thursday, 19 May 2011

ကိုယ်ခြင်းစာနာတတ်သူ

လောကမှာ ကိုယ်ခြင်းစာနာတတ်ဖို့ အရေးကြီးလှပါသည် ဘာကြောင့်လည်းဆိုတော့ လောကမှာပြဿနာပေါင်းစုံ ဒုက္ခဆင်းရဲပေါင်းစုံဖြစ်ကြခြင်းသည်
ကိုယ်ခြင်းစာနာတတ်သည့် စိတ်ကလေးကို မထားတတ်ကြလို့ဖြစ်ပါသည် လောကမှာဘယ်လိုလူတွေသည်ကိုယ်ခြင်းမစာနာတတ်သ
နည်းမေးဖွယ်ရှိပါသည် ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကို ဦးစားပေးလုပ်တတ်သူများသည် ကိုယ့်ခြင်းစာနာစိတ်မထားတတ်ကြပါဘူးစာပေမှာ လာသည့်အတိုင်းပြောမယ်ရင်တော့ အတ္တကြီးသောသူသည်ကိုယ်ခြင်းစာနာတတ်သည့်
စိတ်ကိုမမွေးမြူးနိုင်ပါဘူး မိမိဖြစ်ချင်တာရယ် မိမိလုပ်ချင်တာရယ် မိမိ၏ကိုယ့်ကျိုးကိုသာသိတတ်ပါသည် စာရေးသူ၏ကိုယ်တွေ့
ခံစားချက်လေးပြောပြရမယ်ဆိုရင် စာရေးသူသည် ရဟန်းတစ်ပါးဖြစ်ပါသည် စာသင်သားဘဝမှာ ရဟန်းတော်များဖြစ်ပါလျက်နဲ့ ကိုယ်
ခြင်းမစာနာတတ် တကိုယ်ကောင်းဆံလုပ်တတ်သည့် ရဟန်းတော် တော်တော်များများကိုတွေ့ခဲ့ရပါသည် ထိုသူများသည် မိမိကိုယ့်
ချမ်းသာရင်ပြီးရော် သူတပါးဘာဘဲဖြစ်ဖြစ်ဆို့သည့်သူများဖြစ်ပါသည် အတော်ကိုကြီးတန်ရုပ်ဆိုးလှပါသည် ဘာကြောင့်လည်းဆိုတော့
အချင်းခြင်းကို စာနာထောက်ဆတတ်သောစိတ်မရှိသောကြောင့်ပါတည်း အတွေ့ကြုံလေးတစ်ခုကတော့ သိပ်ပြီးတော့ မကြီးကျယ်သလိုလို
ါပါဘဲ သို့သော်လည်း တကယ်စဥိးစားကြည့်မယ်ဆိုရင် အတ္တဟိတစိတ်ပရဟိတစိတ်မျှတမှုရှိမရှိဆန်းစစ်ကြည့်မယ်ဆိုရင်တော့
သိပ်မကြီးကျယ်ပေမဲ့ သိပ်ပြီးတော့အရေးပါတယ်လို့ စာရေးသူမြင်ပါသည် အတွေ့ကြုံလေးကတော့ စားသင်းသားဘဝတုန်းကပေါ့
ကိုင်းကုန်းကျောင်းတိုက်ကြီးမှာ နေစဉ်ပေါ့ ကျောင်းတိုက်ကြီးကအလွန်စည်းစနစ်ရှိပါတယ် အဓိကပြောချင်သည့် စည်းကမ်းလေးကိုသာ
ပြောမယ်ဆိုရင် စာသင်သားအာလုံးစိတ်ချမ်းသာဖို့အတွက်ချမှတ်ထားသည့် စည်းကမ်းလေးဖြစ်ပါတယ် မနက်၎ နာရီခွဲမှာ အိပ်ရာထကြရ၍
ဆွမ်းခံထွက်ကြရပါသည် ည၁၁နာရီမှာ သံဃာတော်များအိပ်ချန်ဟု ကျောင်းတိုက်စည်းမျည်းစည်းကမ်းအရချမှတ်ထားပါသည် ထိုအခါမှာ စာနာစိတ်ထားမရှိသူတချို့သည် ထိုစည်းကမ်းမလိုက်နာနိင်ကြပါဘူး ထိုသူများသည်
အိပ်ချိန် ၁၁ နာရီမှာ မအိပ်ကြဘဲ ဆူညံအောင်ပေါက်ရခြောက်ဆယ်စကားတွေပြောနေကြတယ်
သူတစ်ပါးတွေအိပ်နေပါသလားဆိုသည့် ကိုယ့်ခြင်းစာနာတတ်သည့်စိတ်ကလေးမထားနိုင်ကြဘူး လျှက်စစ်မီးပိတ်ချိန်ကိုလည်းထို ၁၁နာ
ရီမှာဘဲ စည်းကမ်းသက်မှတ်ထားတယ် ဒီစည်းကမ်းအရ အားလုံးစာနာထောက်ဆသောစိတ်ကောင်းရှိသူက မီးပိတ်ရင်လည်းဘဲ
မီးပိတ်သည့် သူကိုရန်လုပ်ပါတယ် ဒါတွေက သူ့အကျိုးကိုယ့်အကျိုးမျှမျှတတ စိတ်မထားတတ်သည့် သူတွေကြောင့် စိတ်ကောင်း
ရှိသည့်သူတွေ စိတ်ရောကိုယ်ပါဆင်းရဲဒုက္ခရောက်ကြရပါသည် အဲဒါကြောင့် လောကမှာ စာနာစိတ်ထားနိုင်ကြဖိှု့အရေးကြီးလှပါသည်
စာနာသည်ဆိုသည်မှာ စာရေးသူအမြင်မှာ သူတပါးကိုလည်း မိမိနင့်ထပ်တူစိတ်ထားတတ်ခြင်းကို စာနာတတ်သည်ဟုဆိုလိုပါသည်
မိမိသေမှာ ကြောက်သလို အခြားသူများလည်းကြောက်ကြမှာဘဲလို့ စာနာစိတ်ထားရမယ် မိမိချမ်းသာချင်သလို သူတပါးလည်း
ချမ်းသာချင်မှာဘဲဟု စိတ်ထားနိုင်ခြင်းသည် စာနာစိတ်ထားတတ်သူ စိတ်ကောင်းရှိသူဟုဆိုလိုပါသည် စာနာစိတ်ထားသည်ဆို
သည်မှာ လူအချင်းခြင်းသာ စာနာစိတ်ထားရမည်မဟုတ် သတ္တဝါအားလုံးအပေါ်မှာ မိမိနှင်တသားတည်းထပ်တူထပ်မျှစိတ်ထား
တတ်သူသည် စာနာစိတ်ထားစိတ်ကောင်းရှိသူဟုဆိုလိုပါသည် မိမိအလိုတစ်ခုတည်းသာကြည့်တတ်သော အတ္တသမားမဟုတ်ပါ
မိမိအကျိုးသူတစ်ပါးအကျိုးနှစ်ပါးလုံးကိုကြည့်တတ်သည့် သူသည်သာ စာနာစိတ်ထားစိတ်ကောင်းရှိသူဟု စာရေးသူမြင်ပါသည်
ထို့ကြောင့် စာနာစိတ်ထားတတ်သူဖြစ်အောင်ကြိုးစားနိင်ကြပါစေလို့ ဆန္ဒပြုရင်းဒီစာလေးကို အဆုံးနိဂုံးသက်လိုက်ပါရစေနော်

Tuesday, 17 May 2011

အောင်မြင်သောလူ

လောကမှာ ဘဝ၏ရှုံးနိမ့်သူရှိကြသလို ဘဝ၏အောင်မြင်မှုကိုရရှိသောသူဆိုတာရှိပါသည် ဘယ်လိုသူသည်ဘဝ၏အောင်မြင်မှုကိုရရှိ
ခဲ့ပါသနည်း မေးခဲ့မယ်ဆိုရင် ဘဝမှာ ဆုံးဖြတ်ချက်ချနိုင်သူသည် ဘဝရဲ့အောင်မြင်မှု့ရရှိသည် ဆုံးဖြတ်ချက်မချနိုင်ဘူးဆိုရင် ထိုသူ
သည် မိမိ၏ဘဝကိုအောင်မြင်အောင်မလုပ်ဆောင်နိုင်ပါဘူး ဘာကြောင့်လဲဆိုတော့ ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာမချနိုင်သူသည် ဘဝ
တွေ့ကြုံလာမည် ဘဝ၏အခေက်ခဲပြဿနာပေါင်းများစွာတို့ကို မကျော်ဖြတ်နိုင်ပါဘူး ဥပမာပြောမယ်ဆိုရင် အထင်ရှားဆုံးဖြစ်သည့်
မြတ်စွာဗုဒ္ဓ၏ဘဝဖြစ်စဉ်ကို နည်းနည်းလောက်စဥိးစားကြည့်လိုက်ပါ မြတ်ဗုဒ္ဓသည် ဗုဒ္ဓတည်းဟူသောဘွဲထူးကို မရသေးခင်မှာဘဲ
အလောင်းတော်သုမေဓာရှင်ရသေ့ဘဝမှာပင် ငါသည် လောကသုံးပါးမှာ အမြတ်ဆုံးပုဂ္ဂိုလ်ထူးဖြစ်ရမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါသည်
ထိုကြောင့် မြတ်ဗုဒ္ဓသည် ဘဝ၏ပြဿနာအခေက်ခဲပေါင်းများစွာကို ကျော်ဖြတ်နိင်ခဲ့ပါသည် ဒီလိုကျော်ဖြတ်နိင်ခြင်းသည် ငါသည်
ဘုရားတစ်ဆူဖြစ်ရမည်ဟု ဆုံးချက်ခိုင်ခိုင်မာမာချနိုင်ခဲ့လို့ မိမိဘဝကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါသည်ဟု စာရေးသူမြင်ပါသည် အဲဒါ
ကြောင့် လောကမှာလည်း မိမိ၏ဘဝကိုအောင်အောင်မြင်မြင်တည်ဆောင်ချင်တယ်ဆိုရင်တော့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချနိုင်ဖို့အရေး
ကြီးလှပါသည် ထိုနောက် ဆုံးဖြတ်ချက်မမှားဖို့လည်းအရေးကြီးပါသည် အမှားကြီးဆုံးဖြတ်မှိရင်လဲ တစ်ဘဝသာရှုံးသည်မဟုတ် ဘဝ
ဆက်တိုင်းရှုံးခြင်းကို ရရှိနိုင်ပါသည် ဒါကြောင့်လောကမှာ မိမိဘဝအောင်မြင်ဖို့အတွက် ဆုံးဖြတ်ချက်
အမှားကြီး မဆုံးဖြတ်မှိဖို့ရေးကြီး
ပါသည် ထိုကြောင့်မိမိဘဝအောင်မြင်အောင်ဆုံးဖြတ်ချက်မှန်ကန်စွာနင့် ခိုင်ခိုင်မာမာဆုံးဖြတ်နိင်ပြိး မိမိတို့၏ဘဝကိုအောင်မြင်အောင်
တည်ဆောက်နိုပါစေလို့ ဆန္ဒပြုရင်းဒိစာလေးကို နိဂုံးအဆုံးသက်လိုက်ပါရစေနော်

Friday, 6 May 2011

Tuesday, 3 May 2011

အမြတ်ဆုံးလူသား

လောကမှာ အယုတ်ဆုံးလူသားရှိသလို အမြတ်ဆုံးလူသားဆိုသူလည်းရှိပါသည် ဘယ်လိုလူသားသည် အမြဆုံးလူသားဟုခေါ်နိုင်ပါသ
နည်း လောကမှာအများက မှန်သည့်ဟုခေါ်ဝေါ်သက်မှတ်ထားသည်ကို လက်ခံကျင့်သုံးသည့်သူနှင့် ပညာရှိများက မှန်သည်ဟုသက်
မှတ်ထားသည့် သဘာဝအမှန်သဘောကို လက်ခံကျင့်သုံးနိင်သည့်သူသည် လောကမှာ အမြတ်ဆုံးလူသားဟု စားရေးသူမြင်ပါသည်
ဘာကြောင့်လည်းဆိုတော့ လောကမှာ အများကလက်မခံနိင်လောက်အောင်အမှားများပြုလုပ်သူများသည် အမှန်ကန်သောသဘောကို
မသိကြသောကြောင့်ဖြစ်ပါသည် မှန်ကန်သောသဘောကိုသိတော်လည်းမကျင့်သုံးနိုင်သောကြောင့် အများကသက်မှတ်သည့်သူယုတ်မာ
ဘဝသို့ရောက်ရှိရပါသည် လောကမှာ အများကမှန်သည်ဟု ခေါ်ဝေါ်သက်မှတ်သောကြောင့် မှန်ကန်သည်ကိုလည်း မပါယ်အပ် ဥပမာ
မိဘ ဆရာ မည်သူဟု အများကသက်မှတ်ထားသည် မိဘ ဆရာ မဟုတ်ဟုဆိုသူသည် လူမိုက်သာဖြစ်ပါသည် ဒါကြောင့်လောကမှာ
အများကသက်မှက်ထားသည့်လောကရဲ့အမှန်သဘောကိုလည်း လက်ခံကျင့်သုံးနိုင်အောင်ပြုကျင့်ဖို့အရေးကြီးလှပါသည် လောကသဘာ
ဝသဘောကို နားလည်လာအောင်ကြိုးစားကြဖို့ အရေးကြီးလှပါသည် သဘာဝသဘောကို သဘာဝကျကျနားလည်သဘောပေါက်မယ်
ဆိုရင် လောကမှာ အမှားတွေမလုပ်ဖြစ်တော့ဘူး အမှားတွေလုံးဝမလုပ်တော့ဘူးဆိုရင် ထိုသူသည်လောကမှာ အမြတ်ဆုံးလူသားဖြစ်
သည်ဟုစာရေးသူမြင်ပါသည် ဗုဒ္ဓဟောထားသည့် အဘိဓမ္မာနည်းအရပြောမယ်ဆိုရင် အမောဟ ဆိုသည့်ပညာသည် မှန်သည့် သဘာကိုအမှန်သည်ဟု မြင်ပါသည် အပြစ်ဖြစ်သည်ကိုလည်း အပြစ်ဖြစ်သည်ဟု သိပါသည် ထိုသို့သိသည့်အတွက်ကြောင့် အပြစ်ကို
မလွန်ကြူးတော့ပါ ထိုသို့မလွန်ကြူးသောကြောင့် အပြစ်ကင်းသောသူဟု သိရပါသည် ထိုသို့အဖြစ်ကင်းသောကြောင့် လောကမှာ
အမြတ်ဆုံးလူးသာဟု ဆိုလိုပါသည် အပြစ်မလုပ်တော့ဘူးဆိုရင် အပြစ်မရှိသည့်အလုပ်များကိုသာ ရွေးချယ်ပြီးလုပ်တတ်ပါသည်
အပြစ်မရှိသောအလုပ်သည် ကောင်းသောအကျိုးကိုသာပေးပါသည် ထိုကဲ့သိုသိမြင်ခြင်းသည် အမောဟ ပညာဖြစ်ပါသည်
အမောဟ ဆိုသည့်အမှန်သဘောကိုသိမြင်ခြင်းကြောင့် အလောဘ ဟုဆိုအပ်သော လိုချင်တပ်မက်ခြင်းမရှိတော့ပါ ကြမ်းတမ်းခြင်း
ဒေါသလည်း မဖြစ်တော့ပါ ထိုသူသည် လောကမှာအမြတ်ဆုံးသူဟု စာရေးသူမြင်ပါသည် ထို့ကဲ့သို လောကမှာ အမြတ်ဆုံးလူသား
ဖြစ်အောင် အမှန်သဘောသဘဝများကိုလည်း သိအောင်ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီစာလေးကို နိဂုံးဂကပ်အဆုံးသက်လိုက်
ပါရစေနာ်

အားလုံးကိုကြိုဆိုပါတယ်


ShoutMix chat widget